သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းလုံခြုံရေးအတွက် အမေရိကန်က ဒေါ်လာ (၄၂၅) ဘီလီယံပေးမည်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်

ရုရှားကျူးကျော်မှုခံနေရတဲ့ယူကရိန်းအတွက် လုံခြုံရေးဆိုင်ရာအကူအညီ ဒေါ်လာ ၄၂၅ ဘီလီယံ ပေးမှာ ဖြစ်ကြောင်းအမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကြေညာပါတယ်။

သမ္မတဘိုင်ဒန်ဟာ ဗုဒ္ဓဟူးနေ့က ယူကရိန်း သမ္မတ Volodymyr Zelenskyy နဲ့ ကာကွယ်ရေး အထောက်အကူဆိုင်ရာဆွေးနွေးမှုတွေအပြီး ကြေညာခဲ့တာဖြစ်ပါတယ်။ အခုပေးမယ့် အထောက် အကူထဲမှာ စစ်ဘက်ဆိုင်ရာ လိုအပ်ချက်တွေဖြစ်တဲ့ လေကြောင်းကာကွယ်ရေး စွမ်းဆောင်ရည် တိုးမြှင့်ရေး၊ ဝေဟင်ကနေ မြေပြင်ပစ် လက်နက်နဲ့ခဲယမ်းမီးကျောက်တွေနဲ့ သံချပ်ကာကားတွေ အတွက် ဖြစ်ပါတယ်။

ဒါ့အပြင် လာမယ့်လတွေအတွင်း ရာနဲ့ချီတဲ့ဝေဟင်ပစ်ခတ်မှု ကြားဖြတ်ဖြိုခွင်းတဲ့စက်တွေ၊ ဒါဇင်နဲ့ချီတဲ့ လေကြောင်းကာကွယ်ရေးဆိုင်ရာ မဟာဗျူဟာကျလက်နက်တွေနဲ့ လက်နက်ကြီးတွေအပြင် ရာနဲ့ချီတဲ့တပ်သားပို့ဆောင်ရေးသံချပ်ကာ ကားတွေ၊ မြေပြင်တိုက်ခိုက်ရေးယာဉ်တွေကို ပို့ပေးဖို့ ရှိပါတယ်။ သမ္မတဘိုင်ဒန်ဟာ ယူကရိန်းအတွက် နိုင်ငံစုံအထောက်အကူပေးနေတဲ့ ယူကရိန်း ကာကွယ်ရေးဆိုင်ရာ ဆက်သွယ်မှုအဖွဲ့ရဲ့ အွန်လိုင်းရုပ်သံဆွေးနွေးပွဲကို လာမယ့်လထဲမှာ ကမကထလုပ်ကျင်းပဖို့ စီစဉ်ထားပါတယ်။

ယူကရိန်းသမ္မတ Zelenskyy ကလည်း ယူကရိန်းကို NATO အဖွဲ့ဝင်အဖြစ် ထည့်သွင်းရေးနဲ့ ပတ်သက်ပြီးကြာသပတေးနေ့ ဘရပ်ဆဲလ်မှာကျင်းပမယ့် အနောက်စစ်ရေးမဟာမိတ်တွေရဲ့ ကာကွယ်ရေး ဝန်ကြီးများအစည်းဝေးမှာ တိုက်တွန်းပြောကြားဖို့ စီစဉ်နေပါတယ်။ ဗုဒ္ဓဟူးနေ့ ယူကရိန်းလွှတ်တော်မှာ ပြောကြားရာမှာတော့ ၃၂ လကြာ ရုရှားကျူးကျော်မှုခံနေရတဲ့ ယူကရိန်း အတွက် သူ့ရဲ့ အောင်မြင်ရေး အစီအစဉ်ကို ချပြခဲ့ပါတယ်။

အမေရိကန်ဦးဆောင်တဲ့ NATO စစ်မဟာမိတ်တွေဟာ ရုရှားအကျူးကျော်ခံနေရတဲ့ ယူကရိန်းကို ဒေါ်လာဘီလီယံနဲ့ချီတန်ကြေးရှိတဲ့ လက်နက်ခဲယမ်းတွေ ပေးအပ်နေပေမယ့် တပ်သားစေလွှတ် တာမျိုးတော့ မရှိပါဘူး။

ယူကရိန်းလုံခြုံရေးအတွက် အမေရိကန်က ဒေါ်လာ (၄၂၅) ဘီလီယံပေးမည်
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG