ယူကရိန္းအေပၚ က်ဳးေက်ာ္မႈအတြက္ ႐ုရွားနဲ႔ ပုံမွန္ကုန္သြယ္မႈေတြ အေမရိကန္၊ EU နဲ႔ G-7 ဆုိင္းငံ့
{{Zawgyi/Unicode}}
အေမရိကန္ သမၼတ ဂ်ဳိးဘိုင္ဒန္ က ယူကရိန္းသမၼတ Volodymyr Zelenskyy နဲ႔ ေသာၾကာေန႔က တယ္လီဖံုးဆက္သြယ္ၿပီး ယူကရိန္းကို ဝင္တိုက္တဲ့ ရုရွား အထိနာေအာင္ အေမရိကန္နဲ႔ မဟာမိတ္ေတြ တိုးျမွင့္ အေရးယူေနေၾကာင္း ေျပာၾကားခဲ့တယ္လုိ႔ သမၼတအိမ္ျဖဴက ေျပာပါတယ္။ အေမရိကန္က ယူကရိန္းအတြက္ လံုၿခံဳေရး၊ လူသားစာနာမႈနဲ႔ စီးပြါးေရးအေထာက္အကူေတြ ဘယ္လုိဆက္ၿပီး တိုးျမွင့္ေပးေနတယ္ဆိုတာလည္း သမၼတဘိုင္ဒန္က ေျပာၾကားခဲ့တာပါ။
ေသာၾကာေန႔ အေစာပိုင္းကေတာ့ ယူကရိန္းသမၼတ Zelenskyy က သူတို႔ဟာ ရက္ေပါင္းဘယ္ေလာက္ၾကာေအာင္ ဆက္လက္ခုခံတုိက္ပြဲဝင္ရမယ္ဆုိတာ မေျပာႏို္င္ေပမဲ့ ဆက္လက္ တိုက္ပြဲဝင္သြားမယ္လုိ႔လည္း ေျပာပါတယ္။ ယူကရိန္း စစ္တပ္အေနနဲ႔ မဟာဗ်ဴဟာက်တဲ့ အေျပာင္းအလဲ တခုကုိ ေရာက္ရွိေနၿပီ ျဖစ္ေၾကာင္းလည္း ေျပာဆုိခဲ့ေပမဲ့ တိတိက်က်ေတာ့ ရွင္းမျပပါဘူး။
ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္တာကို တုံ႔ျပန္တဲ့ အေနတဲ့ ရုရွားနဲ႔ ပံုမွန္ကုန္သြယ္မႈကို ဆိုင္းငံံထားမွာ ျဖစ္ေၾကာင္း အေမရိကန္၊ အီးယူဥေရာပသမဂၢနဲ႔ အင္အားႀကီး ၇ ႏိုင္ငံပါတဲ့ G 7 အဖြဲ႔တို႔က ေသာၾကာေန႔မွာ ေၾကညာခဲ့ၾကတာ ျဖစ္ပါတယ္။
အေမရိကန္နဲ႔ မဟာမိတ္ေတြက ရုရွားကို ကုန္သြယ္ရာမွာ အထူးအခြင့္ေရးေပးတဲ့ ႏုိင္ငံအျဖစ္ကေန ရုပ္သိမ္းလိုက္တဲ့အတြက္ ရုရွားကုန္ပစၥည္းေတြ အေပၚ အခြန္ေတြ တုိးျမႇင့္လာမွာ ျဖစ္တာေၾကာင့္ ဒီႏွစ္ထဲမွာ စီးပြားေရးခြ်တ္ၿခံဳက်ႏုိင္တယ္လုိ႔ IMF ႏိုင္ငံတကာ ေငြေၾကး ရံပံုေငြ အဖြဲ႔က ခန္႔မွန္းထားတဲ့ ႐ုရွားႏုိင္ငံ စီးပြားေရးအေပၚ ေနာက္ထပ္ ထိခုိက္မႈေတြလည္း ႀကံဳရႏုိင္ပါတယ္။
.................................................
ယူကရိန်းအပေါ် ကျုးကျော်မှုအတွက် ရုရှားနဲ့ ပုံမှန်ကုန်သွယ်မှုတွေ အမေရိကန်၊ EU နဲ့ G-7 ဆိုင်းငံ့
{{Zawgyi/Unicode}}
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် က ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့ သောကြာနေ့က တယ်လီဖုံးဆက်သွယ်ပြီး ယူကရိန်းကို ဝင်တိုက်တဲ့ ရုရှား အထိနာအောင် အမေရိကန်နဲ့ မဟာမိတ်တွေ တိုးမြှင့် အရေးယူနေကြောင်း ပြောကြားခဲ့တယ်လို့ သမ္မတအိမ်ဖြူက ပြောပါတယ်။ အမေရိကန်က ယူကရိန်းအတွက် လုံခြုံရေး၊ လူသားစာနာမှုနဲ့ စီးပွါးရေးအထောက်အကူတွေ ဘယ်လိုဆက်ပြီး တိုးမြှင့်ပေးနေတယ်ဆိုတာလည်း သမ္မတဘိုင်ဒန်က ပြောကြားခဲ့တာပါ။
သောကြာနေ့ အစောပိုင်းကတော့ ယူကရိန်းသမ္မတ Zelenskyy က သူတို့ဟာ ရက်ပေါင်းဘယ်လောက်ကြာအောင် ဆက်လက်ခုခံတိုက်ပွဲဝင်ရမယ်ဆိုတာ မပြောနိုင်ပေမဲ့ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့လည်း ပြောပါတယ်။ ယူကရိန်း စစ်တပ်အနေနဲ့ မဟာဗျူဟာကျတဲ့ အပြောင်းအလဲ တခုကို ရောက်ရှိနေပြီ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပေမဲ့ တိတိကျကျတော့ ရှင်းမပြပါဘူး။
ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တာကို တုံ့ပြန်တဲ့ အနေတဲ့ ရုရှားနဲ့ ပုံမှန်ကုန်သွယ်မှုကို ဆိုင်းငံံထားမှာ ဖြစ်ကြောင်း အမေရိကန်၊ အီးယူဥရောပသမဂ္ဂနဲ့ အင်အားကြီး ၇ နိုင်ငံပါတဲ့ G 7 အဖွဲ့တို့က သောကြာနေ့မှာ ကြေညာခဲ့ကြတာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ မဟာမိတ်တွေက ရုရှားကို ကုန်သွယ်ရာမှာ အထူးအခွင့်ရေးပေးတဲ့ နိုင်ငံအဖြစ်ကနေ ရုပ်သိမ်းလိုက်တဲ့အတွက် ရုရှားကုန်ပစ္စည်းတွေ အပေါ် အခွန်တွေ တိုးမြှင့်လာမှာ ဖြစ်တာကြောင့် ဒီနှစ်ထဲမှာ စီးပွားရေးချွတ်ခြုံကျနိုင်တယ်လို့ IMF နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့က ခန့်မှန်းထားတဲ့ ရုရှားနိုင်ငံ စီးပွားရေးအပေါ် နောက်ထပ် ထိခိုက်မှုတွေလည်း ကြုံရနိုင်ပါတယ်။