သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ရုရွားတိုက္ခိုက္မႈေၾကာင္႔ သားဖြားေဆးရံုပ်က္စီးသြားေၾကာင္း ယူကရိန္းေျပာၾကား


Russia Ukraine War

ယူကရိန္းႏိုင္ငံ အေရွ႕ေတာင္ပိုင္းက Mariupol ဆိပ္ကမ္းၿမိဳ႕မွာ ႐ုရွားရဲ႕ ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ ဗုဒၶဟူးေန႔က သားဖြားေဆး႐ုံတ႐ုံ ပ်က္စီးသြားၿပီး၊ အေဆာက္အဦး အပ်က္အစီးေတြေအာက္မွာ ကေလးေတြ အပါအ၀င္ ပိတ္မိေနသူေတြ ရွိေၾကာင္း ယူကရိန္းသမၼတ Volodymyr Zelensky ကေျပာလိုက္ပါတယ္။

ရုရွားတိုက္ခိုက္မႈေၾကာင္႔ သားဖြားေဆးရံုပ်က္စီးသြားေၾကာင္း ယူကရိန္းေျပာၾကား

{{Zawgyi/Unicode}}
ယူကရိန္းႏိုင္ငံ အေရွ႕ေတာင္ပိုင္းက Mariupol ဆိပ္ကမ္းၿမိဳ႕မွာ ႐ုရွားရဲ႕ ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ ဗုဒၶဟူးေန႔က သားဖြားေဆး႐ုံတ႐ုံ ပ်က္စီးသြားၿပီး၊ အေဆာက္အဦး အပ်က္အစီးေတြေအာက္မွာ ကေလးေတြ အပါအ၀င္ ပိတ္မိေနသူေတြ ရွိေၾကာင္း ယူကရိန္းသမၼတ Volodymyr Zelensky ကေျပာလိုက္ပါတယ္။ စြပ္စဲြခ်က္နဲ႔ ပတ္သက္လို႔ ႐ုရွားဖက္က လတ္တေလာ တုံ႔ျပန္တာ မရွိေသးသလို၊ ယူကရိန္းကို က်ဳးေက်ာ္မႈမွာ အရပ္သားေတြကို ပစ္မွတ္ထားတာ မရွိေၾကာင္း ျငင္းဆန္ထားတာပါ။ ယူကရိန္းအစိုးရ အဆင့္ျမင့္ တာ၀န္ရွိသူတဦးျဖစ္တဲ့ Kyrylo Tymoshenko ကေတာ့ ေသေက်ထိခိုက္သူ အေရအတြက္ သိႏိုင္ဖို႔ တာ၀န္ရွိသူေတြ ႀကိဳးပမ္းေနေၾကာင္း ေျပာပါတယ္။ သားဖြားေဆး႐ုံ တိုက္ခိုက္ခံရမႈအတြက္ အေမရိကန္သမၼတ အိမ္ျဖဴေတာ္ကလည္း အျပင္းအထန္ ေ၀ဖန္ခဲ့တာပါ။

“အခ်ဳပ္အျခာအာဏာပိုင္ ႏိုင္ငံတခုမွာ အျပစ္မဲ့အရပ္သားေတြအေပၚ ရက္ရက္စက္စက္ စစ္အင္အားသုံးတဲ့ လုပ္ရပ္ကို ေတြ႕ရတာဟာ ထိတ္လန္႔တုန္လႈပ္စရာ ေကာင္းပါတယ္။” လို႔ အိမ္ျဖဴေတာ္ေျပာခြင့္ရ Jen Psaki က ဗုဒၶဟူးေန႔ သတင္းစာ ရွင္းလင္းပဲြမွာ ေျပာဆိုလိုက္တာပါ။

ေဆး႐ုံတိုက္ခိုက္ခံရတဲ့အတြက္ ယူကရိန္းေလပိုင္နက္ကို ေလယာဥ္မပ်ံသန္းရနယ္ေျမအျဖစ္ NATO အဖဲြ႕က သတ္မွတ္ဖို႔ ယူကရိန္းသမၼတရဲ႕ ေတာင္းဆိုခ်က္လည္း ထပ္မံထြက္ေပၚလာခဲ့ပါတယ္။

အေမရိကန္ ကာကြယ္ေရး ၀န္ႀကီးဌာန အႀကီးတန္းတာ၀န္ရွိသူ တေယာက္ကေတာ့ ယူကရိန္းအတြက္ ကာကြယ္ေရး လက္နက္ေတြ ေပးအပ္ဖို႔ ယူကရိန္းအျပင္၊ မဟာမိတ္ေတြ၊ မိတ္ဖက္ေတြနဲ႔ အေမရိကန္က ေဆြးေႏြးေနေၾကာင္း သတင္းေထာက္ေတြကို ေျပာခဲ့ေပမဲ့ ေလေၾကာင္းရန္ကာကြယ္ေရး စြမ္းရည္ျမႇင့္တင္ႏိုင္မယ့္ လက္နက္ေတြေတာ့ မပါပါဘူး။ ဒါေပမဲ့လည္း ယူကရိန္းနဲ႔ အိမ္နီးခ်င္း ပိုလန္ႏိုင္ငံမွာ အေမရိကန္က ေျမျပင္က ေ၀ဟင္ပစ္ Patriot မစ္ဇိုင္းဒုံးေတြ ခ်ထားေၾကာင္း အေမရိကန္စစ္တပ္ ဥေရာပကြပ္ကဲေရးဌာန ေျပာခြင့္ရက ေျပာပါတယ္။

ပုံမွန္အခ်ိန္ ဂ်ာမနီႏိုင္ငံမွာ ခ်ထားတဲ့ မစ္ဇိုင္းဒုံးေတြကို ပိုလန္ႏိုင္ငံရဲ႕ ကမ္းလွမ္းခ်က္အရ ေျပာင္းလဲေနရာခ်ထားတာ ျဖစ္ေၾကာင္း ဗုဒၶဟူးေန႔က ေၾကညာခ်က္မွာ ေျပာဆိုထားတာပါ။ အေမရိကန္နဲ႔ မဟာမိတ္တပ္ဖဲြ႕ေတြ၊ NATO အဖဲြ႕ရဲ႕ နယ္နမိတ္ေတြကို ၿခိမ္းေျခာက္လာမယ့္ အႏၲရာယ္ကို ရင္ဆိုင္ႏိုင္ဖို႔ ကာကြယ္ေရး အစီအမံေတြကို ေဆာင္ရြက္ေနတာလို႔လည္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

..........................................................

ရုရှားတိုက်ခိုက်မှုကြောင့် သားဖွားဆေးရုံပျက်စီးသွားကြောင်း ယူကရိန်းပြောကြား

{{Zawgyi/Unicode}}
ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်းက Mariupol ဆိပ်ကမ်းမြို့မှာ ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဗုဒ္ဓဟူးနေ့က သားဖွားဆေးရုံတရုံ ပျက်စီးသွားပြီး၊ အဆောက်အဦး အပျက်အစီးတွေအောက်မှာ ကလေးတွေ အပါအဝင် ပိတ်မိနေသူတွေ ရှိကြောင်း ယူကရိန်းသမ္မတ Volodymyr Zelensky ကပြောလိုက်ပါတယ်။ စွပ်စွဲချက်နဲ့ ပတ်သက်လို့ ရုရှားဖက်က လတ်တလော တုံ့ပြန်တာ မရှိသေးသလို၊ ယူကရိန်းကို ကျုးကျော်မှုမှာ အရပ်သားတွေကို ပစ်မှတ်ထားတာ မရှိကြောင်း ငြင်းဆန်ထားတာပါ။ ယူကရိန်းအစိုးရ အဆင့်မြင့် တာဝန်ရှိသူတဦးဖြစ်တဲ့ Kyrylo Tymoshenko ကတော့ သေကျေထိခိုက်သူ အရေအတွက် သိနိုင်ဖို့ တာဝန်ရှိသူတွေ ကြိုးပမ်းနေကြောင်း ပြောပါတယ်။ သားဖွားဆေးရုံ တိုက်ခိုက်ခံရမှုအတွက် အမေရိကန်သမ္မတ အိမ်ဖြူတော်ကလည်း အပြင်းအထန် ဝေဖန်ခဲ့တာပါ။

“အချုပ်အခြာအာဏာပိုင် နိုင်ငံတခုမှာ အပြစ်မဲ့အရပ်သားတွေအပေါ် ရက်ရက်စက်စက် စစ်အင်အားသုံးတဲ့ လုပ်ရပ်ကို တွေ့ရတာဟာ ထိတ်လန့်တုန်လှုပ်စရာ ကောင်းပါတယ်။” လို့ အိမ်ဖြူတော်ပြောခွင့်ရ Jen Psaki က ဗုဒ္ဓဟူးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

ဆေးရုံတိုက်ခိုက်ခံရတဲ့အတွက် ယူကရိန်းလေပိုင်နက်ကို လေယာဉ်မပျံသန်းရနယ်မြေအဖြစ် NATO အဖွဲ့က သတ်မှတ်ဖို့ ယူကရိန်းသမ္မတရဲ့ တောင်းဆိုချက်လည်း ထပ်မံထွက်ပေါ်လာခဲ့ပါတယ်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန အကြီးတန်းတာဝန်ရှိသူ တယောက်ကတော့ ယူကရိန်းအတွက် ကာကွယ်ရေး လက်နက်တွေ ပေးအပ်ဖို့ ယူကရိန်းအပြင်၊ မဟာမိတ်တွေ၊ မိတ်ဖက်တွေနဲ့ အမေရိကန်က ဆွေးနွေးနေကြောင်း သတင်းထောက်တွေကို ပြောခဲ့ပေမဲ့ လေကြောင်းရန်ကာကွယ်ရေး စွမ်းရည်မြှင့်တင်နိုင်မယ့် လက်နက်တွေတော့ မပါပါဘူး။ ဒါပေမဲ့လည်း ယူကရိန်းနဲ့ အိမ်နီးချင်း ပိုလန်နိုင်ငံမှာ အမေရိကန်က မြေပြင်က ဝေဟင်ပစ် Patriot မစ်ဇိုင်းဒုံးတွေ ချထားကြောင်း အမေရိကန်စစ်တပ် ဥရောပကွပ်ကဲရေးဌာန ပြောခွင့်ရက ပြောပါတယ်။

ပုံမှန်အချိန် ဂျာမနီနိုင်ငံမှာ ချထားတဲ့ မစ်ဇိုင်းဒုံးတွေကို ပိုလန်နိုင်ငံရဲ့ ကမ်းလှမ်းချက်အရ ပြောင်းလဲနေရာချထားတာ ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာချက်မှာ ပြောဆိုထားတာပါ။ အမေရိကန်နဲ့ မဟာမိတ်တပ်ဖွဲ့တွေ၊ NATO အဖွဲ့ရဲ့ နယ်နမိတ်တွေကို ခြိမ်းခြောက်လာမယ့် အန္တရာယ်ကို ရင်ဆိုင်နိုင်ဖို့ ကာကွယ်ရေး အစီအမံတွေကို ဆောင်ရွက်နေတာလို့လည်း ပြောပါတယ်။

XS
SM
MD
LG