သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခိုလှုံခွင့်တောင်းသူအခွင့်အရေး ဩစတြေးလျချိုးဖောက်


ဩစတြေးလျနိုင်ငံမှာ နိုင်ငံရေးဒုက္ခသည်ခိုလှုံမယ့်သူတွေကို ယာယီထားရှိရာစင်တာတခု (အောက်တိုဘာ ၃၁၊ ၂၀၁၇)
ဩစတြေးလျနိုင်ငံမှာ နိုင်ငံရေးဒုက္ခသည်ခိုလှုံမယ့်သူတွေကို ယာယီထားရှိရာစင်တာတခု (အောက်တိုဘာ ၃၁၊ ၂၀၁၇)

ဩစတြေးလျနိုင်ငံဟာ မြန်မာနိုင်ငံက ဒုက္ခသည်တွေအပါအဝင် ခိုလှုံခွင့် တောင်းခံသူတွေရဲ့ အခွင့်အရေးကို ချိုးဖေါက်နေတယ်ဆိုပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်က ဒီနေ့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ နိုင်ငံပိုင်နယ်အပြင်ဘက် Naura ကျွန်းမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ အပါအဝင် ဒုက္ခသည်တွေကိုထားပြီး ရေလုံလောက်အောင် မပေးတာ၊ ကျန်းမာရေး စောင့်ရှောက်မှု မပေးတာတွေကို ဖွဲ့ဝင် ၁၈ ဦးပါ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်က စစ်ဆေးခဲ့ပါတယ်။

Naura ကျွန်းမှာ မတရားဖမ်းဆီးခံခဲ့ရတဲ့ ဒုက္ခသည် ၂၅ ယောက်ရဲ့ အမှု ၂ ခုကို ကော်မရှင်က စစ်ဆေးဆုံးဖြတ်တာဖြစ်ပါတယ်။ ပထမ တမှုက မြန်မာ၊ အီရတ်၊ အီရန်၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်နဲ့ သီရိလင်္ကာက အုပ်ထိန်းသူမပါတဲ့ အသက်မပြည့်သေးသူ ကလေးငယ် ၂၄ ယောက်ရဲ့ အမှုဖြစ်ပါတယ်။ ဩစတြေးလျအစိုးရကတော့ ကော်မရှင်ရဲ့ အမြင်တွေအပေါ် သုံးသပ်နေပြီး သင့်တော်သလို တုံ့ပြန်မယ်လို့ ပြောကြားထားပါတယ်။

ဒုက္ခသည်တွေအတွက် နိုင်ငံပိုင်နယ်နမိတ်အပြင်ဘက်မှာ စီစစ်ရေးဌာနတွေ ဖွင့်လှစ်နေတဲ့ တခြားနိုင်ငံတွေကိုလည်း အခုအစီရင်ခံစာကနေ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မလုပ်အောင် သတိပေးလိုက်တာလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်က ပြောပါတယ်။ ကိုယ့်နိုင်ငံပိုင်နယ်ထဲမှာ မဟုတ်လို့ဆိုပြီး လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို မသက်ဆိုင်ဘူးလို့ ငြင်းပယ်လို့မရကြောင်း သတိပေးထားပါတယ်။

ခိုလှုံခွင့်တောင်းသူအခွင့်အရေး ဩစတြေးလျချိုးဖောက်
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG