သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျ အပူလှိုင်းအန္တရာယ် မိုးလေဝသဌာန သတိပေး  


Australia Heatwave
Australia Heatwave

ဩစတြေးလျ နိုင်ငံမြောက်ပိုင်းဒေသတွေမှာ ဒီနေ့ တနင်္ဂနွေနေ့အထိ ပြင်းထန်တဲ့အပူလှိုင်း ဖြတ်မယ်လို့ မိုးလေဝသဌာနက စနေနေ့က သတိပေးချက်ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ကစပြီး အပူချိန်က ပြင်းထန်ခဲ့တာပါ။

လာမယ့် အင်္ဂါနေ့အထိလည်း အရှေ့ဘက်ကမ်းရိုးတန်းတလျှောက် အတန်အသင့်ပြင်းထန်တဲ့ အပူလှိုင်းဆက်ရှိနေဦးမယ်လို့ ခန့်မှန်းရပါတယ်။ သြစတြေးလျရဲ့အကြီးဆုံးမြို ဆစ်ဒနီမြို့မှာ အပူချိန်က ၄၀ ဒီဂရီစင်တီဂရိတ် (၁၀၄ ဖာရင်ဟိုက်) ကျော်ရှိနေပြီး ဒေသဆိုင်ရာတာဝန်ရှိသူတွေက အပူရှောင်စခန်းတွေ ဖွင့်ထားရပါတယ်။ တောင်ဝင်ရိုးစွန်းမှာ ရှိတဲ့ ဩစတေးလျတိုက်ဟာ ဒီအချိန်က နွေရာသီဖြစ်ပြီး နွေဦးဝင်ကတည်းက အပူချိန်တွေ မြင့်တက်နေတာလည်း ဖြစ်ပါတယ်။

ဒီဇင်ဘာအစောပိုင်းကတည်းက တက်စမေးနီးယားပြည်နယ်ကလွဲပြီး ကျန် ပြည်နယ်နဲ့ နယ်မြေအားလုံးမှာ အပူလှိုင်းသတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။ သြစတြေးလျမှာ ရာသီဥတုဖောက်ပြန်မှုကြောင့် သဘာဝဘေးအန္တရာယ်တွေတိုးလာမှာကို စိုးရိမ်နေကြပြီး သြစတြေးလျအရှေ့မြောက်ပိုင်းမှာဆိုရင် အခုသီတင်းပတ်ထဲမှာ စံချိန်တင်မိုးရွာသွန်းခဲ့သလို နိုင်ငံရဲ့ တခြားနေရာတချို့မှာတော့ တောမီးတွေလောင်နေပါတယ်။ အပူလှိုင်းဖြတ်တာကိုတော့ သုံးရက်အတွင်း ပုံမှန်မဟုတ်တဲ့ အမြင့်ဆုံးနဲ့ အနိမ့်ဆုံးအပူချိန်တွေ ဖြစ်ပေါ်လာရင် သတ်မှတ်လေ့ရှိတာပါ။

သမုဒ္ဒရာထဲမှာ ရေပူစီးကြောင်းတွေဖြစ်တဲ့ ပြင်းထန်တဲ့ အယ်လ်နီညိုရာသီဥတုပုံစံကြောင့် အပူရှိန်မြင့်တက်လေ့ရှိပြီး ရာသီဥတုပြောင်းလဲလာမှုကြောင့်လည်း အပူလှိုင်းတွေ ပိုပြီ မကြာခဏ ပြင်းပြင်းထန်ထန်ဖြစ်လေ့ရှိတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဩစတြေးလျရဲ့ လက်ဝဲယိမ်းအစိုးရကလည်း ရာသီဥတုပြောင်းလဲမှုကိုတားဆီးနိုင်ဖို့ ၂၀၃၀ ခုနှစ်မှာ ၂၀၀၅ ခုနှစ်က ကာဗွန်ထုတ်လွှတ်မှုအဆင့်ရဲ့ ၄၃% အထိ လျှော့ချဖို့နဲ့ ၂၀၅၀ ခုနှစ်မှာ အသားတင် ကာဗွန်ထုတ်လွှတ်မှု သုညအထိ လျှော့နိုင်ဖို့ ဥပဒေပြုပြဌာန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG