သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၾသစေၾတးလ် ေတာမီး ကမ​ၻာ့သဘာ၀၀န္းက်င္ ထိခုိက္ခဲ့


ၾသစေၾတးလ်ေတာမီး ၿငိႇမ္းသတ္ရန္ ႀကိဳးစားေနသည့္ မီးသတ္သမားတဦး။ (ဇန္နဝါရီ ၈၊ ၂၀၂၀)

(Zawgyi / Unicode)

ၾသစေၾတးလ်ႏုိင္ငံ အေရွ႕ေတာင္ပိုင္းက ျပည္နယ္ ၃ ခုမွာ ၿပီးခဲ့တဲ့ စက္တင္ဘာလကစၿပီး ေလာင္ကၽြမ္းလာခဲ့တဲ့ ေတာမီးေတြေၾကာင့္ သဘာ၀ ေတာ႐ိုင္းတိရစၦာန္ေတြ၊ ေရအရင္းအျမစ္ေတြန႔ဲ ကမၻာႀကီးပူးေႏြးလာေစတဲ့ ကာဗြန္ဒိုင္ေအာက္ဆုိက္ဒ္ဓာတ္ေငြ႔ ထုတ္လႊတ္မႈအေပၚ သက္ေရာက္မႈေတြ အႀကီးအက်ယ္ ျဖစ္ေစခဲ့ပါတယ္။ ၾသစေၾတးလ်မွာ ရင္ဆိုင္ေနၾကရတဲ့ ေတာမီးေတြေၾကာင့္ ဆုံး႐ႈံးနစ္နာမႈေတြ ၀မ္းနည္းေၾကကြဲစရာ ျဖစ္ရပ္ေတြ အေတာမသတ္ႏုိင္ ျဖစ္ေနတာပါ။ ေတာမီးဒဏ္ေၾကာင့္ သဘာ၀ပတ္၀န္းက်င္အေပၚ ေရတို ေရရွည္ သက္ေရာက္မႈေတြ ရွိေနပါတယ္။ အျပည့္အစုံကုိ နန္းေလာင္၀္က စုစည္းတင္ျပထားပါတယ္။

ဆစ္ဒနီတကၠသိုလ္က ပညာရွင္ေတြရဲ႕ အဆိုအရ ၾသစေၾတးလ် အေရွ႕ေတာင္ပုိင္းမွာ လေတြနဲ႔ခီ် ေလာင္ကၽြမ္းေနတဲ့ ေတာမီးေၾကာင့္ ေမြးျမဴေရး တိရစၦာန္ေထာင္ခ်ီ အပါအ၀င္ ေတာ႐ိုင္းတိရစၦာန္ သန္းေထာင္ခ်ီ ေသဆုံးဒဏ္ရာရခဲ့ရတာပါ။ ဒီအေရအတြက္ထဲမွာ ဖားေတြနဲ႔ လင္းနို႔လို သတၱ၀ါေတြ ထည့္တြက္မထားသလို အင္းဆက္ပိုးမႊားေတြနဲ႔ ခ႐ုလို တြားသြားသတၱ၀ါေလးေတြပါ ထည့္တြက္ရင္ေတာ့ မေရမတြက္ႏုိင္ေလာက္ေအာင္ မ်ားႏုိင္တယ္လို႔ သိပၸံပညာစာေစာင္တရပ္မွာ ေဖာ္ျပထားပါတယ္။

တခါ ေတာမီးေတြက ထြက္လာတဲ့ အမႈိက္သ႐ိုက္ေတြ၊ မီးေသြးေတြနဲ႔ ျပာမႈန္ေတြေၾကာင့္ ၾသစေၾတးလ်ရဲ႕ ေရအရင္းအျမစ္ကိုပါ ထိခိုက္မယ့္ အေနအထားမွာ ရွိေနပါတယ္။ ျမစ္ေခ်ာင္းအင္းအုိင္ေတြ၊ တာတမံေတြနဲ႔ ပင္လယ္ကမ္းေျခေတြမွာပါ ေတာမီးအမႈိက္သ႐ိုက္ေတြ မိုးေရနဲ႔အတူ စီး၀င္လာႏုိင္တဲ့အတြက္ ေရအရည္အေသြးေတြကို ပ်က္စီးလာေစႏုိင္ပါတယ္။ ေတာမီးဒဏ္ခံေနရတဲ့ ျပည္သူျပည္သားေတြကို ၾသစေၾတးလ် ၀န္ႀကီးခ်ဳပ္ Scott Morrison က ခုလို အားေပးစကား ေျပာၾကားခဲ့တာပါ။

“ဒီေတာမီးရဲ႕ဒဏ္ကို တႏုိင္ငံလုံး အတုိင္းအတာနဲ႔ ေကာင္ေကာင္း ခံႏုိင္ရည္ရွိေအာင္ ခုခိ်န္ကစၿပီး လုပ္ကိုင္ႏုိင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ က်ေနာ္တုိ႔ရဲ႕ ေနထုိင္ေနတဲ့ သဘာ၀ပတ္၀န္းက်င္က ထိခိုက္မႈေတြနဲ႔ ပတ္သက္ၿပီး သဟဇာတက်ေအာင္ ေနထုိင္ႏုိင္ဖိ႔ုလည္း လုပ္ကုိင္သြားမွာပါ။ ဒါေၾကာင့္ သဘာ၀ပတ္၀န္းက်င္အေရးနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးသြားဖို႔လည္း လမ္းဖြင့္ထားပါတယ္။”

လူဦးေရ ၄ သန္းနီးပါးအတြက္ ေတာင္က်ေရေတြကို သိုေလွာင္ၿပီး ေသာက္သုံးေရ ျဖန္႔ေ၀ေပးေနတဲ့ ဆစ္ဒနီၿမိဳ႕ အျပင္ဘက္က Warragamba ေရကာတာႀကီး အနီးတ၀ိုက္ ဧရိယာ ၈၀ ရာခုိင္ႏႈန္းကေန ၉၀ ရာခုိင္ႏႈန္းမွာလည္း ေတာမီးေလာင္ကၽြမ္းခဲ့တာပါ။ ဒီေရကာတာထဲကို မိုးေရနဲ႔အတူ ေတာမီးက အမိႈက္သ႐ုိက္ေတြ စီး၀င္လာႏုိင္တဲ့အတြက္ အဲဒီကေန အဆိပ္အေတာက္ ျဖစ္ေစတဲ့ cyanobacteria ပိုးမႊားေတြ ေပါက္ပြားလာႏုိင္ပါတယ္။ လက္ရွိအေနအထားအရ လူ႔က်န္းမာေရးနဲ႔ ပတ္သက္လို႔ စိုးရိမ္စရာ မရွိေသးေပမယ့္ အဲဒီပိုးမႊားေတြေၾကာင့္ ေရေတြ ေနာက္က်ိၿပီး ေသာက္သုံးေရ အလုံအေလာက္ ျဖန္႔မေပးႏုိင္တာမ်ိဳး ျဖစ္လာႏုိင္ပါတယ္။ ႏုိင္ငံအေရွ႕ပုိင္းမွာ ေရခန္းေျခာက္ေနတာေၾကာင့္ Warragamba ေရကာတာမွာ ၿပီးခဲ့တဲ့ ၃ ႏွစ္ကစၿပီး ကန္တ၀က္ေလာက္ပဲ ေရေတြ သိုေလွာင္ထားႏုိင္တာပါ။

တခါ ျမစ္ေခ်ာင္းအင္းအုိင္ထဲက ငါးနဲ႔ ေရေနသတၱ၀ါေတြလည္း မိုးေရနဲ႔အတူ စီး၀င္လာမယ့္ စိုက္ပ်ိဳးေရးၿခံထြက္ ပိုးသတ္ေဆးေတြ၊ အမိႈက္သ႐ိုက္ေတြ၊ ျပာေတြနဲ႔ မီးေသြးခဲေတြေၾကာင့္ ေအာက္ဆီဂ်င္ဓာတ္ အလုံအေလာက္မရလို႔ အႏၱရာယ္နဲ႔ ရင္ဆုိင္ရမယ့္ အေနအထားကို ေရာက္ေနတာပါ။ ၾသစေၾတးလ် ဌာေနတိရစၦာန္ မ်ိဳးစိတ္ေပါင္း ၁၅၀ ေက်ာ္ ထိန္းသိမ္းထားတဲ့ Kangaroo ေဘးမဲ့ႀကိဳး၀ိုင္း သစ္ေတာထဲမွာေတာ့ မီးဒဏ္ခံထားရတဲ့ တိရစၦာန္ေလးေတြကို တိရစၦာန္ဆရာ၀န္ေတြက ကုသေပးေနပါတယ္။ တိရစၦာန္ဆရာ၀န္ Brad Ward က ခုလိုေျပာပါတယ္။

“မီးေလာင္ဒဏ္ေတြက အေတာ့္ကို ျပင္းထန္ပါတယ္။ ဒီေတာမီးထဲမွာ ကၽြန္းေပၚက Koala ၀က္၀ံ ၉၀ ရာခုိင္ႏႈန္းေလာက္ထိ ေသဆုံးသြားၿပီလို႔ ယူဆရပါတယ္။ ေတာမီးေတြထဲ ပါသြားတာပါ။”

ပူျပင္းေျခာက္ေသြ႔တဲ့ အေနအထားေၾကာင့္ ေတာမီးေလာင္ကၽြမ္းမႈက သိပ္ျမန္လြန္းတဲ့အတြက္ ေတာ႐ိုင္းတိရစၦာန္ေလးေတြ ေဘးလြတ္ေအာင္ မေျပးႏုိင္ဘဲ ေသဆုံးဒဏ္ရာရခဲ့တာပါ။ ေျမတြင္းမွာပုန္းၿပီး အသက္ေဘးက လြတ္ခဲ့တဲ့ တိရစၦာန္ေလးေတြလည္း ခိုလႈံစရာေနရာနဲ႔ စားစရာ ေသာက္စရာေတြ မရွိေတာ့တဲ့ မီးေလာင္ျပင္မွာ အသက္ရွင္သန္ဖို႔ မလြယ္တဲ့ အေျခအေနကို ေရာက္ေနပါတယ္။

ၾသစေၾတးလ်ႏုိင္ငံဟာ ကမၻာႀကီးပူေႏြးမႈကို ျဖစ္ေစတဲ့ ကာဗြန္ဒုိင္ေအာက္ဆုိက္ဒ္ ဓာတ္ေငြ႔ ထုတ္လႊတ္မႈ မ်ားလွတဲ့ ေက်ာက္မီးေသြးေတြကို ၂၀၁၆ ခုႏွစ္မွာ ျပည္ပကို အမ်ားဆုံး တင္ပို႔ေရာင္းခ်ခဲ့ပါတယ္။ ေက်ာက္မီးေသြးလုပ္ငန္းကို ေထာက္ခံသူ ျဖစ္တဲ့ ၀န္ႀကီးခ်ဳပ္ Morrison က ဥတုရာသီ ေျပာင္းလဲမႈကို ျဖစ္ေစတဲ့ ကာဗြန္ဒိုင္ေအာက္ဆုိက္ဒ္ဓာတ္ေငြ႔ ထုတ္လႊတ္မႈကို သတ္မွတ္ခ်က္အတိုင္း ကမၻာတ၀ွမ္း ေလွ်ာ့ခ်ေရး ျပင္သစ္ႏုိင္ငံ၊ ပါရီၿမိဳ႕ သေဘာတူညီခ်က္အတုိင္း လိုက္နာလုပ္ေဆာင္သြားမယ္လို႔ ေျပာပါတယ္။

“က်ေနာ္တို႔ရဲ႕ သဘာ၀ရင္းျမစ္ေတြက ၾသစေၾတးလ်အတြက္ေတာ့ သိပ္ကို အေရးႀကီးပါတယ္။ ေဒၚလာ ၄၈.၃ ဘီလီယံ တန္ဖိုးရွိတဲ့ ေက်ာက္မီးေသြး လုပ္ငန္းအေပၚ မွီခိုေနရတဲ့ လူမႈအသုိင္းအ၀ုိင္း ႏုိင္ငံအႏွံ႔ ရွိပါတယ္။ ေက်ာက္မီးေသြးထုတ္လုပ္မႈ ေလွ်ာ့ခ်သြားဖို႔ က်ေနာ္တို႔အစိုးရအဖြဲ႔က စီစဥ္ထားပါတယ္။ လူေတြအေပၚ အခြန္တိုးေကာက္တာ၊ လွ်ပ္စစ္ဓာတ္အားခ တိုးေကာက္တာ၊ လူမႈအသုိုင္းအ၀ိုင္းေတြ တခ်ိဳ ႔ကို ေပးထားတဲ့ အေထာက္အပ့့ံေတြ ျဖတ္ပစ္တာမ်ိဳးေတာ့ လုပ္သြားမဟုတ္ပါဘူး။”

ေတာမီးအက်ပ္အတည္းေၾကာင့္ ဥတုရာသီ ေျပာင္းလဲမႈအေပၚ စိုးရိမ္မႈေတြ တိုးလာေနတဲ့ ျပည္သူ ၁၀ ေယာက္မွာ ၇ ေယာက္က ဥတုရာသီေျပာင္းလဲမႈ တားဆီးေရးမွာ အစိုးရက ဦးေဆာင္လုပ္ကိုင္ေစခ်င္တယ္လို႔ Australia Institute က ဇန္န၀ါရီ ၁၄ ရက္ေန႔က ေကာက္ယူတဲ့ လူထုစစ္တမ္းမွာ ေဖာ္ျပပါတယ္။

တခါ ခန္႔မွန္းထားသလို ၾသစေၾတးလ်မွာ မိုးသည္းထန္လာမယ္ ဆုိရင္လည္း အဲဒီမိုးေရေတြေၾကာင့္ မီးေလာင္ျပင္ျဖစ္ေနတဲ့ ေဒသမွာ ေရႀကီးေျမၿပိဳမႈေတြ၊ သစ္ပင္ေတြ က်ိဳးက်တာေတြ ျဖစ္လာႏုိင္တဲ့အျပင္ ေရထုညစ္ညမ္းမႈေတြ ျဖစ္လာႏုိ္င္တာပါ။ လက္ရွိမွာေတာ့ ေတာမီးေတြကေန ထြက္လာတဲ့ မီးခိုးေငြ႔ေတြဟာလည္း ကမၻာ့ေလစီးေၾကာင္းအတုိင္း လုိက္ပါသြားၿပီး ေလထုညစ္ညမ္းမႈေတြ ျဖစ္ေနပါတယ္။ ဒီေတာမီးေတြေၾကာင့္ပဲ ၾသစေၾတးလ်ႏိုင္ငံမွာ လူ ၃၀ နီးပါး ေသဆုံးခဲ့ရသလို လူေနအိမ္ ၂၅၀၀ ေက်ာ္နဲ႔ ေျမဧက သန္းခ်ီ ေလာင္ကၽြမ္္းခဲ့တာ ျဖစ္ပါတယ္။

---------------------------------

(Unicode)

သြစတြေးလျ တောမီး ကမ္ဘာ့သဘာ၀၀န်းကျင် ထိခိုက်ခဲ့

သြစတြေးလျနိုင်ငံ အရှေ့တောင်ပိုင်းက ပြည်နယ် ၃ ခုမှာ ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီး လောင်ကျွမ်းလာခဲ့တဲ့ တောမီးတွေကြောင့် သဘာ၀ တောရိုင်းတိရစ္ဆာန်တွေ၊ ရေအရင်းအမြစ်တွေနဲ့ ကမ္ဘာကြီးပူးနွေးလာစေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှုအပေါ် သက်ရောက်မှုတွေ အကြီးအကျယ် ဖြစ်စေခဲ့ပါတယ်။ သြစတြေးလျမှာ ရင်ဆိုင်နေကြရတဲ့ တောမီးတွေကြောင့် ဆုံးရှုံးနစ်နာမှုတွေ ဝမ်းနည်းကြေကွဲစရာ ဖြစ်ရပ်တွေ အတောမသတ်နိုင် ဖြစ်နေတာပါ။ တောမီးဒဏ်ကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် ရေတို ရေရှည် သက်ရောက်မှုတွေ ရှိနေပါတယ်။ အပြည့်အစုံကို နန်းလောင်ဝ်က စုစည်းတင်ပြထားပါတယ်။

ဆစ်ဒနီတက္ကသိုလ်က ပညာရှင်တွေရဲ့ အဆိုအရ သြစတြေးလျ အရှေ့တောင်ပိုင်းမှာ လတွေနဲ့ချီ လောင်ကျွမ်းနေတဲ့ တောမီးကြောင့် မွေးမြူရေး တိရစ္ဆာန်ထောင်ချီ အပါအဝင် တောရိုင်းတိရစ္ဆာန် သန်းထောင်ချီ သေဆုံးဒဏ်ရာရခဲ့ရတာပါ။ ဒီအရေအတွက်ထဲမှာ ဖားတွေနဲ့ လင်းနို့လို သတ္တဝါတွေ ထည့်တွက်မထားသလို အင်းဆက်ပိုးမွှားတွေနဲ့ ခရုလို တွားသွားသတ္တဝါလေးတွေပါ ထည့်တွက်ရင်တော့ မရေမတွက်နိုင်လောက်အောင် များနိုင်တယ်လို့ သိပ္ပံပညာစာစောင်တရပ်မှာ ဖော်ပြထားပါတယ်။

တခါ တောမီးတွေက ထွက်လာတဲ့ အမှိုက်သရိုက်တွေ၊ မီးသွေးတွေနဲ့ ပြာမှုန်တွေကြောင့် သြစတြေးလျရဲ့ ရေအရင်းအမြစ်ကိုပါ ထိခိုက်မယ့် အနေအထားမှာ ရှိနေပါတယ်။ မြစ်ချောင်းအင်းအိုင်တွေ၊ တာတမံတွေနဲ့ ပင်လယ်ကမ်းခြေတွေမှာပါ တောမီးအမှိုက်သရိုက်တွေ မိုးရေနဲ့အတူ စီးဝင်လာနိုင်တဲ့အတွက် ရေအရည်အသွေးတွေကို ပျက်စီးလာစေနိုင်ပါတယ်။ တောမီးဒဏ်ခံနေရတဲ့ ပြည်သူပြည်သားတွေကို သြစတြေးလျ ဝန်ကြီးချုပ် Scott Morrison က ခုလို အားပေးစကား ပြောကြားခဲ့တာပါ။

“ဒီတောမီးရဲ့ဒဏ်ကို တနိုင်ငံလုံး အတိုင်းအတာနဲ့ကောင်ကောင်း ခံနိုင်ရည်ရှိအောင် ခုချိန်ကစပြီး လုပ်ကိုင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော်တို့ရဲ့ နေထိုင်နေတဲ့ သဘာဝပတ်ဝန်းကျင်က ထိခိုက်မှုတွေနဲ့ ပတ်သက်ပြီး သဟဇာတကျအောင် နေထိုင်နိုင်ဖိ့ုလည်း လုပ်ကိုင်သွားမှာပါ။ ဒါကြောင့် သဘာဝပတ်ဝန်းကျင်အရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားဖို့လည်း လမ်းဖွင့်ထားပါတယ်။”

လူဦးရေ ၄ သန်းနီးပါးအတွက် တောင်ကျရေတွေကို သိုလှောင်ပြီး သောက်သုံးရေ ဖြန့်ဝေပေးနေတဲ့ ဆစ်ဒနီမြို့ အပြင်ဘက်က Warragamba ရေကာတာကြီး အနီးတဝိုက် ဧရိယာ ၈၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းမှာလည်း တောမီးလောင်ကျွမ်းခဲ့တာပါ။ ဒီရေကာတာထဲကို မိုးရေနဲ့အတူ တောမီးက အမှိုက်သရိုက်တွေ စီးဝင်လာနိုင်တဲ့အတွက် အဲဒီကနေ အဆိပ်အတောက် ဖြစ်စေတဲ့ cyanobacteria ပိုးမွှားတွေ ပေါက်ပွားလာနိုင်ပါတယ်။ လက်ရှိအနေအထားအရ လူ့ကျန်းမာရေးနဲ့ ပတ်သက်လို့ စိုးရိမ်စရာ မရှိသေးပေမယ့် အဲဒီပိုးမွှားတွေကြောင့် ရေတွေ နောက်ကျိပြီး သောက်သုံးရေ အလုံအလောက် ဖြန့်မပေးနိုင်တာမျိုး ဖြစ်လာနိုင်ပါတယ်။ နိုင်ငံအရှေ့ပိုင်းမှာ ရေခန်းခြောက်နေတာကြောင့် Warragamba ရေကာတာမှာ ပြီးခဲ့တဲ့ ၃ နှစ်ကစပြီး ကန်တဝက်လောက်ပဲ ရေတွေ သိုလှောင်ထားနိုင်တာပါ။

တခါ မြစ်ချောင်းအင်းအိုင်ထဲက ငါးနဲ့ ရေနေသတ္တဝါတွေလည်း မိုးရေနဲ့အတူ စီးဝင်လာမယ့် စိုက်ပျိုးရေးခြံထွက် ပိုးသတ်ဆေးတွေ၊ အမှိုက်သရိုက်တွေ၊ ပြာတွေနဲ့ မီးသွေးခဲတွေကြောင့် အောက်ဆီဂျင်ဓာတ် အလုံအလောက်မရလို့ အန္တရာယ်နဲ့ ရင်ဆိုင်ရမယ့် အနေအထားကို ရောက်နေတာပါ။ သြစတြေးလျ ဌာနေတိရစ္ဆာန် မျိုးစိတ်ပေါင်း ၁၅၀ ကျော် ထိန်းသိမ်းထားတဲ့ Kangaroo ဘေးမဲ့ကြိုးဝိုင်း သစ်တောထဲမှာတော့ မီးဒဏ်ခံထားရတဲ့ တိရစ္ဆာန်လေးတွေကို တိရစ္ဆာန်ဆရာဝန်တွေက ကုသပေးနေပါတယ်။ တိရစ္ဆာန်ဆရာဝန် Brad Ward က ခုလိုပြောပါတယ်။

“မီးလောင်ဒဏ်တွေက အတော့်ကို ပြင်းထန်ပါတယ်။ ဒီတောမီးထဲမှာ ကျွန်းပေါ်က Koala ဝက်ဝံ ၉၀ ရာခိုင်နှုန်းလောက်ထိ သေဆုံးသွားပြီလို့ ယူဆရပါတယ်။ တောမီးတွေထဲ ပါသွားတာပါ။”

ပူပြင်းခြောက်သွေ့တဲ့ အနေအထားကြောင့် တောမီးလောင်ကျွမ်းမှုက သိပ်မြန်လွန်းတဲ့အတွက် တောရိုင်းတိရစ္ဆာန်လေးတွေ ဘေးလွတ်အောင် မပြေးနိုင်ဘဲ သေဆုံးဒဏ်ရာရခဲ့တာပါ။ မြေတွင်းမှာပုန်းပြီး အသက်ဘေးက လွတ်ခဲ့တဲ့ တိရစ္ဆာန်လေးတွေလည်း ခိုလှုံစရာနေရာနဲ့ စားစရာ သောက်စရာတွေ မရှိတော့တဲ့ မီးလောင်ပြင်မှာ အသက်ရှင်သန်ဖို့ မလွယ်တဲ့ အခြေအနေကို ရောက်နေပါတယ်။

သြစတြေးလျနိုင်ငံဟာ ကမ္ဘာကြီးပူနွေးမှုကို ဖြစ်စေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ဓာတ်ငွေ့ ထုတ်လွှတ်မှု များလှတဲ့ ကျောက်မီးသွေးတွေကို ၂၀၁၆ ခုနှစ်မှာ ပြည်ပကို အများဆုံး တင်ပို့ရောင်းချခဲ့ပါတယ်။ ကျောက်မီးသွေးလုပ်ငန်းကို ထောက်ခံသူ ဖြစ်တဲ့ ဝန်ကြီးချုပ် Morrison က ဥတုရာသီ ပြောင်းလဲမှုကို ဖြစ်စေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို သတ်မှတ်ချက်အတိုင်း ကမ္ဘာတဝှမ်း လျှော့ချရေး ပြင်သစ်နိုင်ငံ၊ ပါရီမြို့ သဘောတူညီချက်အတိုင်း လိုက်နာလုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

“ကျနော်တို့ရဲ့ သဘာဝရင်းမြစ်တွေက သြစတြေးလျအတွက်တော့ သိပ်ကို အရေးကြီးပါတယ်။ ဒေါ်လာ ၄၈.၃ ဘီလီယံ တန်ဖိုးရှိတဲ့ ကျောက်မီးသွေး လုပ်ငန်းအပေါ် မှီခိုနေရတဲ့ လူမှုအသိုင်းအဝိုင်း နိုင်ငံအနှံ့ ရှိပါတယ်။ကျောက်မီးသွေးထုတ်လုပ်မှု လျှော့ချသွားဖို့ ကျနော်တို့အစိုးရအဖွဲ့က စီစဉ်ထားပါတယ်။ လူတွေအပေါ် အခွန်တိုးကောက်တာ၊ လျှပ်စစ်ဓာတ်အားခ တိုးကောက်တာ၊ လူမှုအသိုင်းအဝိုင်းတွေ တချို့ကို ပေးထားတဲ့ အထောက်အပံ့တွေ ဖြတ်ပစ်တာမျိုးတော့ လုပ်သွားမဟုတ်ပါဘူး။”

တောမီးအကျပ်အတည်းကြောင့် ဥတုရာသီ ပြောင်းလဲမှုအပေါ် စိုးရိမ်မှုတွေ တိုးလာနေတဲ့ ပြည်သူ ၁၀ ယောက်မှာ ၇ ယောက်က ဥတုရာသီပြောင်းလဲမှု တားဆီးရေးမှာ အစိုးရက ဦးဆောင်လုပ်ကိုင်စေချင်တယ်လို့ Australia Institute က ဇန်နဝါရီ ၁၄ ရက်နေ့က ကောက်ယူတဲ့ လူထုစစ်တမ်းမှာ ဖော်ပြပါတယ်။

တခါ ခန့်မှန်းထားသလို သြစတြေးလျမှာ မိုးသည်းထန်လာမယ် ဆိုရင်လည်း အဲဒီမိုးရေတွေကြောင့် မီးလောင်ပြင်ဖြစ်နေတဲ့ ဒေသမှာ ရေကြီးမြေပြိုမှုတွေ၊သစ်ပင်တွေ ကျိုးကျတာတွေ ဖြစ်လာနိုင်တဲ့အပြင်ရေထုညစ်ညမ်းမှုတွေ ဖြစ်လာနိုင်တာပါ။ လက်ရှိမှာတော့ တောမီးတွေကနေ ထွက်လာတဲ့ မီးခိုးငွေ့တွေဟာလည်း ကမ္ဘာ့လေစီးကြောင်းအတိုင်း လိုက်ပါသွားပြီး လေထုညစ်ညမ်းမှုတွေ ဖြစ်နေပါတယ်။ ဒီတောမီးတွေကြောင့်ပဲ သြစတြေးလျနိုင်ငံမှာ လူ ၃၀ နီးပါး သေဆုံးခဲ့ရသလို လူနေအိမ် ၂၅၀၀ ကျော်နဲ့ မြေဧက သန်းချီ လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG