သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အတိုက္အခံပါတီႏိုင္ရင္ ေရႊ႕ေျပာင္းခိုလႈံသူေတြ ထပ္ေရာက္လာမယ္လို႔ ဩစေၾတးလ်ဝန္ႀကီးခ်ဳပ္ သတိေပး 


ၾသစေၾတးလ် ဝန္ႀကီးခ်ဳပ္ Prime Minister Scott Morrison 

[[Zawgyi/Unicode]]

ေမလ ၂၁ ရက္ေန႔ က်င္းပမယ့္ ဩစေၾတးလ်ေ႐ြးေကာက္ပြဲမွာ အတိုက္အခံပါတီအႏိုင္ရမယ္ဆိုရင္ ေထာင္ နဲ႔ခ်ီတဲ့ ခိုလႈံခြင့္ရွာေဖြသူေတြဟာ ေလွေတြနဲ႔ ၾသစေၾတးလ်ကို ေရာက္လာဖို႔ ႀကိဳးပမ္းၾကလိမ့္မယ္လို႔ လက္ရွိဝန္ႀကီးခ်ဳပ္က တနလၤာေန႔မွာ သတိေပးလိုက္ပါတယ္။

ၾသစေၾတးလ်ေရပိုင္နက္အတြင္း ႏွစ္စဥ္ ေလွေတြနဲ႔ေရာက္ရွိလာတဲ့ ခိုလႈံခြင့္ရွာေဖြသူအေရအတြက္ဟာ ၂၀၁၃ ခုႏွစ္က ၂၀,၀၀၀ ေက်ာ္ထိ အျမင့္ဆုံးကိုေရာက္ရွိခဲ့တာပါ။ အဲဒီအခ်ိန္ ေရွး႐ိုးစြဲဝါဒီ အစိုးရအဖြဲ႔ ေ႐ြးေကာက္တင္ေျမႇာက္ခံခဲ့ရၿပီးေနာက္ စစ္ဘက္ကဦးေဆာင္တဲ့ မူဝါဒတရပ္နဲ႔ ခိုလႈံဖို႔လာတဲ့ ေလွေတြကို ျပန္လွည့္ေစခဲ့ပါတယ္။

ဒါအျပင္ ေဝးလံတဲ့ ပစိဖိတ္ကြၽန္းစုေတြမွာရွိတဲ့ လူဝင္မႈႀကီးၾကပ္ေရးစခန္းေတြဆီကို ေလွေတြနဲ႔ ဝင္ေရာက္ မႈကိုတားျမစ္တဲ့ သတ္မွတ္ခ်က္ကို ေ႐ြးေကာက္ပြဲမတိုင္ခင္ ႏွစ္လအလိုမွာ လက္ရွိအစိုးရက စတင္ ေဆာင္ ႐ြက္ခဲ့ပါတယ္။ အဲဒီအခ်ိန္ကစၿပီး ေလွေတြစီးၿပီး လာေရာက္ခိုလႈံသူ မရွိသေလာက္ျဖစ္ခဲ့တာပါ။

ဝန္ႀကီးခ်ဳပ္ Scott Morrison က လူေမွာင္ခိုကူးမႈအေပၚ သူ႔ရဲ႕ၫြန္ေပါင္းအစိုးရအဖြဲ႕ ကိုင္တြယ္ေျဖရွင္းရာမွာ ေအာင္ျမင္မႈရခဲ့တာဟာ ၿဗိတိန္ အစိုးရအတြက္လည္း အလားတူပုံစံမ်ိဳးကိုင္တြယ္ဖို႔ အားတက္ေစခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အတိုက္အခံေခါင္းေဆာင္ Anthony Albanese ကေတာ့ သူ႔ရဲ႕ေလဘာပါတီအစိုးရအေနနဲ႔ ခိုလႈံခြင့္ေတာင္းခံသူေတြအတြက္ ယာယီအကာအကြယ္ေပးေရးဗီဇာဆိုတာမ်ိဳးထားတာကို ဖယ္ရွားေျပာင္းလဲမယ္လို႔ ေျပာခဲ့ပါတယ္။ ၾသစေၾတးလ်က ဒုကၡသည္ေတြကို တရားဝင္အကာအကြယ္ေပးမႈမွာ အၿမဲတမ္းအတြက္ ျပန္လည္ေနရာခ်ထားေရးပါဝင္ပါတယ္။

ဒါေပမယ့္ အခု အစိုးရမူဝါဒအရ ေလွနဲ႔ ေရာက္လာသူေတြကို သုံးႏွစ္သက္တမ္းပဲရွိတဲ့ ဗီဇာေပးထားတာပါ။ ဒုကၡသည္ေတြအေနနဲ႔ ေမြးရပ္ေျမကို မျပန္ႏိုင္ဘူးဆိုရင္ ဗီဇာသက္တမ္း တိုးႏိုင္ေပမယ့္ သူတို႔ရဲ႕အနာဂတ္ ဘဝသစ္ေတြ ဖန္တီးဖို႔ မေသခ်ာမေရရာမႈေတြရွိေနတယ္လို႔ ေဝဖန္သူေတြက ေထာက္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

အတိုက်အခံပါတီနိုင်ရင် ရွှေ့ပြောင်းခိုလှုံသူတွေ ထပ်ရောက်လာမယ်လို့ ဩစတြေးလျဝန်ကြီးချုပ် သတိပေး

မေလ ၂၁ ရက်နေ့ ကျင်းပမယ့် ဩစတြေးလျရွေးကောက်ပွဲမှာ အတိုက်အခံပါတီအနိုင်ရမယ်ဆိုရင် ထောင် နဲ့ချီတဲ့ ခိုလှုံခွင့်ရှာဖွေသူတွေဟာ လှေတွေနဲ့ သြစတြေးလျကို ရောက်လာဖို့ ကြိုးပမ်းကြလိမ့်မယ်လို့ လက်ရှိဝန်ကြီးချုပ်က တနင်္လာနေ့မှာ သတိပေးလိုက်ပါတယ်။

သြစတြေးလျရေပိုင်နက်အတွင်း နှစ်စဉ် လှေတွေနဲ့ရောက်ရှိလာတဲ့ ခိုလှုံခွင့်ရှာဖွေသူအရေအတွက်ဟာ ၂၀၁၃ ခုနှစ်က ၂၀,၀၀၀ ကျော်ထိ အမြင့်ဆုံးကိုရောက်ရှိခဲ့တာပါ။ အဲဒီအချိန် ရှေးရိုးစွဲဝါဒီ အစိုးရအဖွဲ့ ရွေးကောက်တင်မြှောက်ခံခဲ့ရပြီးနောက် စစ်ဘက်ကဦးဆောင်တဲ့ မူဝါဒတရပ်နဲ့ ခိုလှုံဖို့လာတဲ့ လှေတွေကို ပြန်လှည့်စေခဲ့ပါတယ်။

ဒါအပြင် ဝေးလံတဲ့ ပစိဖိတ်ကျွန်းစုတွေမှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးစခန်းတွေဆီကို လှေတွေနဲ့ ဝင်ရောက် မှုကိုတားမြစ်တဲ့ သတ်မှတ်ချက်ကို ရွေးကောက်ပွဲမတိုင်ခင် နှစ်လအလိုမှာ လက်ရှိအစိုးရက စတင် ဆောင် ရွက်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး လှေတွေစီးပြီး လာရောက်ခိုလှုံသူ မရှိသလောက်ဖြစ်ခဲ့တာပါ။

ဝန်ကြီးချုပ် Scott Morrison က လူမှောင်ခိုကူးမှုအပေါ် သူ့ရဲ့ညွန်ပေါင်းအစိုးရအဖွဲ့ ကိုင်တွယ်ဖြေရှင်းရာမှာ အောင်မြင်မှုရခဲ့တာဟာ ဗြိတိန် အစိုးရအတွက်လည်း အလားတူပုံစံမျိုးကိုင်တွယ်ဖို့ အားတက်စေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

အတိုက်အခံခေါင်းဆောင် Anthony Albanese ကတော့ သူ့ရဲ့လေဘာပါတီအစိုးရအနေနဲ့ ခိုလှုံခွင့်တောင်းခံသူတွေအတွက် ယာယီအကာအကွယ်ပေးရေးဗီဇာဆိုတာမျိုးထားတာကို ဖယ်ရှားပြောင်းလဲမယ်လို့ ပြောခဲ့ပါတယ်။ သြစတြေးလျက ဒုက္ခသည်တွေကို တရားဝင်အကာအကွယ်ပေးမှုမှာ အမြဲတမ်းအတွက် ပြန်လည်နေရာချထားရေးပါဝင်ပါတယ်။

ဒါပေမယ့် အခု အစိုးရမူဝါဒအရ လှေနဲ့ ရောက်လာသူတွေကို သုံးနှစ်သက်တမ်းပဲရှိတဲ့ ဗီဇာပေးထားတာပါ။ ဒုက္ခသည်တွေအနေနဲ့ မွေးရပ်မြေကို မပြန်နိုင်ဘူးဆိုရင် ဗီဇာသက်တမ်း တိုးနိုင်ပေမယ့် သူတို့ရဲ့အနာဂတ် ဘဝသစ်တွေ ဖန်တီးဖို့ မသေချာမရေရာမှုတွေရှိနေတယ်လို့ ဝေဖန်သူတွေက ထောက်ပြထားပါတယ်။
===============

XS
SM
MD
LG