သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘန္ေကာက္ေလဆိပ္နား စက္႐ုံေပါက္ကဲြမႈ ၁ ဦးေသ၊ အမ်ားအျပား ဒဏ္ရာရ


ဘန္ေကာက္ၿမိဳ႕ျပင္က ပေါက္ကြဲမီးေလာင္ေနတဲ့ စက္႐ုံအနီး မီးၿငိႇမ္းသတ္ဖုိ႔ ႀကိဳးစားေနတဲ့ မီးသတ္တပ္ဖြဲ႔ဝင္မ်ား။ (ဇူလုိင္ ၅၊ ၂၀၂၁)

(Zawgyi / Unicode)

ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ျပင္ ေလဆိပ္နားမွာရွိတဲ့ ေဖာ့နဲ႔ ပလတ္စတစ္ ေကာ္ေစ့ထုတ္တဲ့ စက္႐ုံဝင္းမွာ တနလၤာေန႔က ေပါက္ကြဲမႈေတြ ဆက္တိုက္ျဖစ္ပြားခဲ့တဲ့အတြက္ ေသဆံုးသူ အနည္းဆံုး တဦးရွိၿပီး ဒဏ္ရာရသူက ၆၂ ေယာက္ရွိတယ္လို႔ ထိုင္းအာဏာပိုင္ေတြက ေျပာပါတယ္။

တနလၤာေန႔ မနက္အေစာပိုင္းမွာ ျဖစ္ပြားတဲ့ ဒီေပါက္ကြဲမႈအတြင္း ဒဏ္ရာရသူေတြထဲမွာ မီးသတ္ ၁၂ ေယာက္နဲ႔ ကယ္ဆယ္ကူညီေရး လုပ္သားေတြလည္း ပါဝင္ပါတယ္။ ေပါက္ကြဲမႈေၾကာင့္ လူေနအေဆာက္အဦးေတြအျပင္ ဝန္းက်င္မွာရွိတဲ့ တျခားအေဆာက္အဦးေတြပါ ပ်က္စီးခဲ့ရပါတယ္။

မီးေလာင္ကၽြမ္းေနတဲ့ ဒီဓာတုစက္႐ုံက ထြက္တဲ့ အဆိပ္ေငြ႔ေတြ မ႐ွဴမိေစဖို႔နဲ႔ ေနာက္ဆက္တြဲ ေပါက္ကြဲမႈေတြ ျဖစ္ပြားမွာကို စိုးရိမ္ရတဲ့အတြက္ အနားက ေဆး႐ုံ အပါအဝင္ ဝန္းက်င္ေနေဒသခံေတြ ေဘးလြတ္ရာ အေရးေပၚေရွာင္တိမ္းဖို႔ ကယ္ဆယ္ကူညီေရးအဖြဲ႔ေတြက လုပ္ေဆာင္ေပးခဲ့တာ ျဖစ္ပါတယ္။

“ဒဏ္ရာရသူေတြကို ရွာေဖြဖို႔ ႀကိဳးစားေပမယ့္ မီးေတာက္က သိပ္ႀကီးေနတာေၾကာင့္ ခရီးမေပါက္သလို ေပါက္ကြဲမႈေၾကာင့္ ဒဏ္ရာရသူ အမ်ားအျပားက အကူအညီေတာင္းေနတဲ့အတြက္ လူျဖန္႔ၿပီး အကူအညီ ေပးေနရတယ္။” လို႔ ကယ္ဆယ္ေရး လုပ္သားတဦးက ေျပာသြားတာပါ။

ေပါက္ကြဲမႈေၾကာင့္ လြင့္စင္လာတဲ့ အပိုင္းအစေတြ ထိမိၿပီး မ်က္ႏွာေတြ၊ ေခါင္းေတြမွာ ဒဏ္ရာရခဲ့ၾကတာ ျဖစ္ပါတယ္။

မနက္အေစာပိုင္းေလာက္ကတည္းက စက္႐ုံဝင္းထဲက ဓာတုေဆးရည္ သုိေလွာင္ကန္မွာ ေလာင္ကၽြမ္းတဲ့ မီးေတာက္ႀကီးကို မထိန္းႏိုင္ဘဲ ျဖစ္ေနရာကေန မီးသတ္တပ္ဖြဲ႔က ရဟတ္ယာဥ္ေတြသံုးၿပီး ၿငိႇမ္းသတ္ခဲ့ရတာျဖစ္ၿပီး ေဒသစံေတာ္ခ်ိန္ ေန႔လယ္ ၃ နာရီေလာက္မွာေတာ့ ၿငိမ္းသြားခဲ့ပါတယ္။

စက္႐ုံမွာ အခုလို ေပါက္ကြဲမီးေလာင္ရတဲ့ အေၾကာင္းရင္းကိုေတာ့ ေသေသခ်ာခ်ာ မသိရေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

ဘန်ကောက်လေဆိပ်နား စက်ရုံပေါက်ကွဲမှု ၁ ဦးသေ၊ အများအပြား ဒဏ်ရာရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ပြင် လေဆိပ်နားမှာရှိတဲ့ ဖော့နဲ့ ပလတ်စတစ် ကော်စေ့ထုတ်တဲ့ စက်ရုံဝင်းမှာ တနင်္လာနေ့က ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တဲ့အတွက် သေဆုံးသူ အနည်းဆုံး တဦးရှိပြီး ဒဏ်ရာရသူက ၆၂ ယောက်ရှိတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

တနင်္လာနေ့ မနက်အစောပိုင်းမှာ ဖြစ်ပွားတဲ့ ဒီပေါက်ကွဲမှုအတွင်း ဒဏ်ရာရသူတွေထဲမှာ မီးသတ် ၁၂ ယောက်နဲ့ ကယ်ဆယ်ကူညီရေး လုပ်သားတွေလည်း ပါဝင်ပါတယ်။ ပေါက်ကွဲမှုကြောင့် လူနေအဆောက်အဦးတွေအပြင် ဝန်းကျင်မှာရှိတဲ့ တခြားအဆောက်အဦးတွေပါ ပျက်စီးခဲ့ရပါတယ်။

မီးလောင်ကျွမ်းနေတဲ့ ဒီဓာတုစက်ရုံက ထွက်တဲ့ အဆိပ်ငွေ့တွေ မရှူမိစေဖို့နဲ့ နောက်ဆက်တွဲ ပေါက်ကွဲမှုတွေ ဖြစ်ပွားမှာကို စိုးရိမ်ရတဲ့အတွက် အနားက ဆေးရုံ အပါအဝင် ဝန်းကျင်နေဒေသခံတွေ ဘေးလွတ်ရာ အရေးပေါ်ရှောင်တိမ်းဖို့ ကယ်ဆယ်ကူညီရေးအဖွဲ့တွေက လုပ်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

“ဒဏ်ရာရသူတွေကို ရှာဖွေဖို့ ကြိုးစားပေမယ့် မီးတောက်က သိပ်ကြီးနေတာကြောင့် ခရီးမပေါက်သလို ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူ အများအပြားက အကူအညီတောင်းနေတဲ့အတွက် လူဖြန့်ပြီး အကူအညီ ပေးနေရတယ်။” လို့ ကယ်ဆယ်ရေး လုပ်သားတဦးက ပြောသွားတာပါ။

ပေါက်ကွဲမှုကြောင့် လွင့်စင်လာတဲ့ အပိုင်းအစတွေ ထိမိပြီး မျက်နှာတွေ၊ ခေါင်းတွေမှာ ဒဏ်ရာရခဲ့ကြတာ ဖြစ်ပါတယ်။

မနက်အစောပိုင်းလောက်ကတည်းက စက်ရုံဝင်းထဲက ဓာတုဆေးရည် သိုလှောင်ကန်မှာ လောင်ကျွမ်းတဲ့ မီးတောက်ကြီးကို မထိန်းနိုင်ဘဲ ဖြစ်နေရာကနေ မီးသတ်တပ်ဖွဲ့က ရဟတ်ယာဉ်တွေသုံးပြီး ငြှိမ်းသတ်ခဲ့ရတာဖြစ်ပြီး ဒေသစံတော်ချိန် နေ့လယ် ၃ နာရီလောက်မှာတော့ ငြိမ်းသွားခဲ့ပါတယ်။

စက်ရုံမှာ အခုလို ပေါက်ကွဲမီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ သေသေချာချာ မသိရသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG