သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစွန်းရောက်မသင်္ကာသူ ၂၅၀၀ ကျော် ဘင်္ဂလားဒေ့ရှ်ဖမ်းဆီး


ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူနည်းစုတွေနဲ့ ဘာသာရေးအစွဲကင်းတဲ့ တက်ကြွလှုပ်ရှားသူတွေ ဆက်တိုက် အသတ်ခံရမှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် နိုင်ငံတဝှမ်း နှိမ်နင်းမှု တစိတ်တပိုင်းအနေနဲ့ စနေနေ့က ဂျီဟဒ်ဝါဒီ အစွန်းရောက်သမားအဖြစ် သံသယရှိသူ ၃၇ ဦးကို ဖမ်းဆီးလိုက်တယ်လို့ အာဏာပိုင်တွေက ပြောဆိုပါတယ်။

မူဆလင်ဦးရေ အများစုဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတဝှမ်း စစ်သွေးကြွနှိမ်နင်းတဲ့ အစီအစဉ်တွေကို သောကြာနေ့က စတင်ခဲ့ပြီးနောက် ဖမ်းဆီးထိန်းသိမ်း ခဲ့တဲ့ မသင်္ကာသူ အစွန်းရောက် ၂၅၀၀ ကျော်အထိ ရှိသွားပြီလို့လည်း ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက ဆိုပါတယ်။

ဒါ့အပြင် သေနတ် ၁ လက်၊ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ခဲယမ်းမီးကျောက်တွေကိုလည်း အာဏာပိုင်တွေက သိမ်းဆည်းမိခဲ့ကြောင်း အဆင့်မြင့် ရဲအရာရှိတဦးက ပြောဆိုခဲ့တာပါ။

လူသတ်တရားခံ တဦးချင်းကို မိအောင် ဖမ်းဆီးသွားမှာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာစီနာ က ကတိပေးထားတဲ့ အချိန်မှာပဲ ရဲတွေဘက်က နှိမ်နင်းမှုတွေ လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။

မကြာသေးခင်လတွေအတွင်း - အစွန်းရောက်အုပ်စုတွေရဲ့ သတ်ဖြတ်မှုတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာ မြို့တော်မှာသာမက နိုင်ငံမြောက်ပိုင်းနဲ့ ကမ်းရိုးတန်းတောင်ဘက်ပိုင်းတွေက ဝေးလံတဲ့ အရပ်ဒေသတွေအထိ ဖြစ်ပွားခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG