သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် ထိပ်တန်းရဲအရာရှိ ဇနီး သတ်ခံရ


Bangladesh မြေပုံ
Bangladesh မြေပုံ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒီနေ့တနင်္ဂနွေနေ့မှာပဲ အကြမ်းဖက်မူတိုက်ဖျက်ရေး ဆိုင်ရာ အဆင့်မြင့် ရဲအရာရှိကြီး တယောက်ရဲ့ ဇနီးကို အစ္စလာမ်စစ်သွေးကြွလို့ သံသယရှိသူတွေက သတ်ဖြတ်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆိပ်ကမ်းမြို့ ဖြစ်တဲ့ စစ်တကောင်းမြို့မှာ တနင်္ဂနွေနေ့ မနက်အစောပိုင်းက သားဖြစ်သူကို ကျောင်းကား စီးဖို့ မှတ်တိုင်ကို လိုက်ပို့ခဲ့ပြီးတဲ့နောက် Mahmuda Akter ကို မော်တော်ဆိုင်ကယ်စီးလာတဲ့ လူ ၃ ယောက်က နောက်ကျောကို ဓါးနဲ့ထိုးပြီး သေနတ်နဲ့ ပါပစ်ပြီး လုပ်ကြံသတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

Mahmuda Akter ဟာ ဒါကာမြို့တော်ရဲတပ်ဖွဲ့ မှာ ရဲမှူးကြီး အဖြစ်မကြာသေးခင်ကမှ ရာထူး တိုးခဲ့တဲ့ Babul Akter ရဲ့ ဇနီးဖြစ်ပြီး Babul Akter ဟာ ဘင်္ဂလားဒေ့ရှ်မှာဖြစ်ခဲ့တဲ့ တက်ကြွလှုပ်ရှားသူ တွေ၊ စာရေးဆရာ ဘလော့ဂါတွေကို ပစ်မှတ်ထား ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့မှုတွေကို ဦးဆောင် စုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ ပြီးတဲ့ နောက်မှာ Babul Akter ကို ရာထူးတိုးမြင့်ပေးခဲ့တာ ဖြစ်ပါတယ်။

အစ္စလာမ် အစွန်းရောက်အဖွဲ့ နဲ့ Al-Qaeda အဖွဲ့တွေက တိုက်ခိုက်မှုတချို့ကို သူတို့ လက်ချက်ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပေမဲ့ Bangalesh နိုင်ငံမှာ ပြည်ပအကြမ်းဖက်အုပ်စုတွေ အကြမ်းဖက်မှု ကျူးလွန်ဖို့ စီစဉ်နေတာမျိုး မရှိဘူးလို့ အတင်းအကြပ် ငြင်းဆန် နေဆဲ ဖြစ်ပါတယ်။ ဒီအချက်ကို လက်မခံတဲ့ အပြင် ဒေသခံ စစ်သွေးကြွတွေနဲ့ အတိုက်အခံနိုင်ငံရေး အဖွဲ့တွေကိုပဲ တာဝန်ရှိသူတွေက အပြစ်တင် ပြောဆိုနေတာဖြစ်ပါတယ်။

ဒါ့အပြင် အစလမ်စစ်သွေးကြွ ရဲအရာရှိ ၆ယောက် ပါ ဒီသတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်နေတယ်လို့ နာမည် ဓါတ်ပုံ တွေထုတ်ပြန်ပြီး ရဲတပ်ဖွဲက ကြေညာထားတာဖြစ်ပါတယ်။ အဲဒီလူတွေဟာ ပိတ်ပင်ထားတဲ့ သဘောထားတင်းမာသူ အစ္စလာမ်ဘာသာဝင်တွေပါတဲ့ Ansarullah Bangla လို့ခေါ်တဲ့ ABT အဖွဲ့ဝင်တွေဖြစ်တယ်လို့ လည်း ရဲတပ်ဖွဲ့က ကြေညာထားပြီး သတင်းပေးနိုင်သူရှိရင် ဆုငွေအမေရိကန်ဒေါ်လာ ၂ သောင်း ၃ ထောင်ပေးမယ်လို့ ကြေညာထားပါတယ်။

ဘင်္ဂလားဒေ့ရှ် ထိပ်တန်းရဲအရာရှိ ဇနီး သတ်ခံရ
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG