သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် ဟိန္ဒူဘုရားကျောင်း လုပ်သား အသတ်ခံရ


ဘင်္ဂလားဒေ့ရှ် ရဲလုံခြုံရေးများ။
ဘင်္ဂလားဒေ့ရှ် ရဲလုံခြုံရေးများ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဟိန္ဒူဘုရားကျောင်းက အလုပ်သမားတဦး ဒီကနေ့ မနက်စောစော လမ်းလျှောက်နေချိန် ဓားနဲ့အသေ ခုတ်သတ်ခံခဲ့ရပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံတဝှမ်းက ဘာသာရေးလူနည်းစုတွေ ဆိုးဆိုးရွားရွား တိုက်ခိုက်ခံ နေရတဲ့အထဲ ဒါနောက်ဆုံး ဖြစ်ရပ်ပါ။

အသက် ၆၂ နှစ်အရွယ် Nityaranjan Pande ဟာ အနောက်မြောက်ပိုင်း Pabna ခရိုင်မှာ လမ်းလျှောက်ထွက်နေချိန် ဘယ်သူဘယ်ဝါ မသိရတဲ့ သူတွေက တိုက်ခိုက် လာပြီး နေရာမှာတင်ပဲ ပွဲချင်းပြီး အသတ်ခံခဲ့ရတာပါ။ အခုတိုက်ခိုက်မှုကို ဘယ်သူကမှ သူတို့လက်ချက်လို့ မပြောပေမဲ့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ကတော့ အလားတူ တိုက်ခိုက်မှုမျိုးတွေကို အစ္စလာမ်မစ် စစ်သွေးကြွတွေကပဲ လုပ်ဆောင်လေ့ရှိတဲ့ အကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ သုံးနှစ်အတွင်း ဒီလိုအလားတူ တိုက်ခိုက်ခံရပြီး သေဆုံးသူ ၄၀ ကျော်ရှိပြီး ပြီးခဲ့တဲ့လ အနည်းငယ်အတွင်း မှာတော့ တိုက်ခိုက်မှုတွေ ပိုဆိုးလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းကပဲ ဟိန္ဒူဘုန်းကြီးတပါး ဘုရားကျောင်းအသွား လမ်းမှာ တိုက်ခိုက်ခံခဲ့ရတာပါ။

အရင်က တိုက်ခိုက်ခံခဲ့ရသူတွေထဲမှာတော့ လိင်တူစုံမက်သူအရေး လှုပ်ရှားသူတွေ၊ လွတ်လပ်တဲ့ အတွေးအမြင်ရှိတဲ့ ပညာရှင်တွေ၊ ဘာသာရေးဂိုဏ်းဂဏ္ဍစွဲကင်းတဲ့ ဘလော့ဂါတွေ ပါဝင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ဘာသာရေးအစွဲ ကင်းတဲ့ နိုင်ငံတခု ဖြစ်ပေမဲ့ နိုင်ငံလူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က မူစလင်တွေ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG