သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရေတပ်ပစ်ခတ်လို့ ဘင်္ဂလားဒေရှ့် ၁ ဦးသေဆုံး


ရခိုင်ပြည်နယ် မောင်းတောမြို့နယ်ဘက်ခြမ်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာတွေ့ရတဲ့ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တဦး (ဩဂုတ် ၂၄၊ ၂၀၁၈)
ရခိုင်ပြည်နယ် မောင်းတောမြို့နယ်ဘက်ခြမ်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာတွေ့ရတဲ့ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တဦး (ဩဂုတ် ၂၄၊ ၂၀၁၈)

မြန်မာရေပိုင်နက်ထဲ လမ်းမှား ရောက်သွားခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းစက်လှေတွေကို မြန်မာရေတပ်က ပစ်ခတ် ဖမ်းဆီးလို့ လူတဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဖမ်းဆီးခံခဲ့ရတယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ပြောပါတယ်။ အိမ်နီးချင်း နှစ်နိုင်ငံ ရေနယ်နိမိတ် ပိုင်းခြားထားတဲ့ နတ်မြစ်ဝက စိန့်မာတင်ကျွန်းအနီး ဗုဒ္ဓဟူးနေ့က ငါးဖမ်းနေကြတဲ့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းလှေ ၆ စီးဟာ ပင်လယ်ရေစီးသန်နေတဲ့အချိန် မထင်မှတ်ဘဲ မြန်မာရေပိုင်နက်ထဲ ရောက်သွားခဲ့တာမှာ မြန်မာရေတပ်က တိုက်ခိုက်လို့ အသက် ၆၀ အရွယ် အမျိုးသားတဦး သေဆုံးပြီး နောက်ထပ် ၅၇ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ပြောပါတယ်။

မြန်မာဘက်ကအခုလိုလုပ်ရပ်ကို သံတမန်ရေးအရ ကန့်ကွက်ထားပြီး အခုလို မလိုလားအပ်တဲ့ လုပ်ရပ်မျိုးတွေ နောက်ထပ် မဖြစ်အောင် ရှောင်ရှားနိုင်မယ့် နည်းလမ်းတွေကိုလည်း ချက်ချင်း အရေးယူ ဆောင်ရွက်ဖို့ မြန်မာကို တိုက်တွန်းခဲ့တဲ့ အကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်တွေရဲ့ ကြားဝင်မှုကြောင့် ဖမ်းဆီးထားတဲ့ ငါးဖမ်းသမားတွေကိုတော့ မြန်မာဘက်က ပြန်လွှတ်ပေးခဲ့တယ်လို့လည်း ကြေညာချက်က ဖော်ပြပါတယ်။

အခုဖြစ်ရပ်နဲ့ပတ်သက်လို့ မြန်မာ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ဖော် ပြောဆိုတာတော့ မရှိသေးပါဘူး။ အိမ်နီးချင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား တဘက်နဲ့တဘက် နယ်ကျွန် ဝင်ရောက်မှုတွေ၊ နယ်စပ် ပြဿနာတွေနဲ့ တင်းမာမှုတွေ ကတော့ အရင်ကတည်းက ရေရှည် ရှိလာတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကြောင့် နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ အများစုပါတဲ့ ဒုက္ခသည် သိန်းနဲ့ချီကို ဘင်္ဂလားဒေ့ရှ်က လက်ခံထားတာလည်း ဖြစ်ပါတယ်။

Forum

XS
SM
MD
LG