သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကြၽန္းေျပာင္းေရးအစီအစဥ္ ႐ိုဟင္ဂ်ာအခ်ိဳ႕ လက္ခံ


ဘဂၤလားေဒ့ရွ္ ေကာ့ဇ္ဘဇားရွိ Nayapara ဒုကၡသည္စခန္းသို႔ ေရာက္ရွိလာသည့္ ျမန္မာႏွင့္ တ႐ုတ္ႏုိင္ငံ တာဝန္ရွိသူမ်ားအား ၾကည့္႐ႈေနသည့္ ႐ုိဟင္ဂ်ာဒုကၡသည္မ်ား။ (ၾသဂုတ္ ၂၂၊ ၂၀၁၉)

ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ေရာက္ေနၾကတဲ့ သိန္းဂဏန္းရွိတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြထဲက ေထာင္ဂဏန္းေလာက္ဟာ သူတို႔ကို ေရႊ႕ေျပာင္းေပးဖို႔ သေဘာတူ လက္ခံထားတယ္လို႔ ဘဂၤလားေဒ့ရွ္ အာဏာပိုင္ေတြက ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္ အာဏာပိုင္ေတြ စီစဥ္ေနတဲ့ ဘဂၤလားပင္လယ္ေအာ္ထဲက ကြၽန္းကို ေျပာင္းေရႊ႕ေပးဖို႔ သေဘာတူထားၾကတာ ျဖစ္တယ္လို႔ ေျပာပါတယ္။ အဲဒီေနရာဟာ မိုးတြင္းဆိုရင္ ေရလႊမ္းမိုးခံရတဲ့ေနရာ ျဖစ္တယ္ဆိုၿပီး ဒုကၡသည္ေတြေရာ ကူညီေရးအဖြဲ႔ေတြကပါ စိုးရိမ္တႀကီး ကန႔္ကြက္ေနၾကတာပါ။

လူဦးေရ တသန္းဝန္းက်င္ရွိေနတဲ့ ဒုကၡသည္စခန္းတြင္းမွာ ေနထိုင္ေရး ခက္ခဲတာေတြေၾကာင့္ ဒုကၡသည္ တသိန္းေလာက္ကို အဲဒီေနရာကိုပို႔ဖို႔ ဘဂၤလားေဒ့ရွ္ အာဏာပိုင္ေတြ လိုလားေနတာပါ။

အဲဒီကြၽန္းကို ေျပာင္းေရႊ႕ဖို႔ ဒုကၡသည္ ၆ ေထာင္ ၇ ေထာင္ေလာက္ လိုလားလက္ခံတယ္လို႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဒုကၡသည္မ်ားဆိုင္ရာ မင္းႀကီး Mahbub Alam က AFP သတင္းဌာကို ေျပာပါတယ္။ ဘယ္ေတာ့ေျပာင္းမလဲဆိုတာ အတိအက် သူမေျပာေပမယ္လို႔ အဲဒီလုပ္ငန္းမွာ ပတ္သက္ပါဝင္ေနတဲ့ ေရတပ္အရာရွိတဦးကေတာ့ လာမယ့္ ဒီဇင္ဘာေလာက္မွာ အစီအစဥ္စၿပီး တရက္ကို လူ ၅၀၀ ေလာက္စီ ေရႊ႕ေျပာင္းသြားမယ္လို႔ ေျပာပါတယ္။

ဒုကၡသည္စခန္းတြင္းရွိ ႐ိုဟင္ဂ်ာဒုကၡသည္ေတြကို ဗြီအိုေအက ေမးၾကည့္ရာမွာေတာ့ စခန္းတာဝန္ခံေတြကတဆင့္ အဲဒီကြၽန္းကို သြားလိုတဲ့သူေတြကို စာရင္းေကာက္ခံေနတယ္လို႔ သိရပါတယ္။

တခ်ိဳ႕ စာရင္းေပးထားၿပီး စခန္းေခါင္းေဆာင္ေတြနဲ႔ သြားခ်င္သူေတြကို အဲဒီေနရာကို ႀကိဳတင္ သြားေလ့လာႏုိင္ေအာင္လည္း တာဝန္ရွိသူေတြက စီစဥ္ေပးေနတယ္လို႔ ကူတုပေလာင္စခန္းက ဦးေမာင္ေမာင္က ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္ကမ္းေျခကေန တနာရီခရီးေလာက္သြားရတဲ့ အဲဒီကြၽန္းကို ႐ိုဟင္ဂ်ာဒုကၡသည္ေတြကို ေရႊ႕ဖို႔ ဘဂၤလားေဒ့ရွ္ အစိုးရက ၿပီးခဲ့တဲ့ႏွစ္ကတည္းက စီစဥ္ေနတာပါ။ လြန္ခဲ့တဲ့ ႏွစ္ ၂၀ ေလာက္ကမွ ပင္လယ္ထဲေပၚလာတဲ့ အဲဒီကြၽန္းဟာ ေနဖို႔မသင့္ေတာ္ဘူးလို႔ ကူညီေရးအဖြဲ႔ေတြက ေထာက္ျပေနတယ္။

၂၀၁၇ ခုႏွစ္က ျမန္မာႏိုင္ငံ ရခိုင္ေျမာက္ပိုင္း အၾကမ္းဖက္မႈေတြ ျဖစ္ၿပီးေနာက္ ဒုကၡသည္အမ်ားအျပား အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ထြက္ေျပးခဲ့ရတာပါ။ ဒီလူေတြကို ႐ိုဟင္ဂ်ာလို႔ သုံးႏႈန္းတာ ျမန္မာအစိုးရက လက္မခံေပမယ့္လို႔ သူတို႔ကို ေနရပ္ျပန္ေခၚဖို႔ စီစဥ္ထားပါတယ္။

------------------------------------

(Unicode)

ကျွန်းပြောင်းရေးအစီအစဉ် ရိုဟင်ဂျာအချို့ လက်ခံ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေကြတဲ့ သိန်းဂဏန်းရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက ထောင်ဂဏန်းလောက်ဟာ သူတို့ကို ရွှေ့ပြောင်းပေးဖို့ သဘောတူ လက်ခံထားတယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ စီစဉ်နေတဲ့ ဘင်္ဂလားပင်လယ်အော်ထဲက ကျွန်းကို ပြောင်းရွှေ့ပေးဖို့ သဘောတူထားကြတာ ဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီနေရာဟာ မိုးတွင်းဆိုရင် ရေလွှမ်းမိုးခံရတဲ့နေရာ ဖြစ်တယ်ဆိုပြီး ဒုက္ခသည်တွေရော ကူညီရေးအဖွဲ့တွေကပါ စိုးရိမ်တကြီး ကန့်ကွက်နေကြတာပါ။

လူဦးရေ တသန်းဝန်းကျင်ရှိနေတဲ့ ဒုက္ခသည်စခန်းတွင်းမှာ နေထိုင်ရေး ခက်ခဲတာတွေကြောင့် ဒုက္ခသည် တသိန်းလောက်ကို အဲဒီနေရာကိုပို့ဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ လိုလားနေတာပါ။

အဲဒီကျွန်းကို ပြောင်းရွှေ့ဖို့ ဒုက္ခသည် ၆ ထောင် ၇ ထောင်လောက် လိုလားလက်ခံတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်များဆိုင်ရာ မင်းကြီး Mahbub Alam က AFP သတင်းဌာကို ပြောပါတယ်။ ဘယ်တော့ပြောင်းမလဲဆိုတာ အတိအကျ သူမပြောပေမယ်လို့ အဲဒီလုပ်ငန်းမှာ ပတ်သက်ပါဝင်နေတဲ့ ရေတပ်အရာရှိတဦးကတော့ လာမယ့် ဒီဇင်ဘာလောက်မှာ အစီအစဉ်စပြီး တရက်ကို လူ ၅၀၀ လောက်စီ ရွှေ့ပြောင်းသွားမယ်လို့ ပြောပါတယ်။

ဒုက္ခသည်စခန်းတွင်းရှိ ရိုဟင်ဂျာဒုက္ခသည်တွေကို ဗွီအိုအေက မေးကြည့်ရာမှာတော့ စခန်းတာဝန်ခံတွေကတဆင့် အဲဒီကျွန်းကို သွားလိုတဲ့သူတွေကို စာရင်းကောက်ခံနေတယ်လို့ သိရပါတယ်။

တချို့ စာရင်းပေးထားပြီး စခန်းခေါင်းဆောင်တွေနဲ့ သွားချင်သူတွေကို အဲဒီနေရာကို ကြိုတင် သွားလေ့လာနိုင်အောင်လည်း တာဝန်ရှိသူတွေက စီစဉ်ပေးနေတယ်လို့ ကူတုပလောင်စခန်းက ဦးမောင်မောင်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ကမ်းခြေကနေ တနာရီခရီးလောက်သွားရတဲ့ အဲဒီကျွန်းကို ရိုဟင်ဂျာဒုက္ခသည်တွေကို ရွှေ့ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ပြီးခဲ့တဲ့နှစ်ကတည်းက စီစဉ်နေတာပါ။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကမှ ပင်လယ်ထဲပေါ်လာတဲ့ အဲဒီကျွန်းဟာ နေဖို့မသင့်တော်ဘူးလို့ ကူညီရေးအဖွဲ့တွေက ထောက်ပြနေတယ်။

၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်း အကြမ်းဖက်မှုတွေ ဖြစ်ပြီးနောက် ဒုက္ခသည်အများအပြား အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတာပါ။ ဒီလူတွေကို ရိုဟင်ဂျာလို့ သုံးနှုန်းတာ မြန်မာအစိုးရက လက်မခံပေမယ့်လို့ သူတို့ကို နေရပ်ပြန်ခေါ်ဖို့ စီစဉ်ထားပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG