သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတချို့ မြန်မာနိုင်ငံ ပြန်ပို့ရေး ဘင်္ဂလားဒေ့ရှ် လိုလား


ဘင်္ဂလားဒေရှ့် နိုင်ငံ Cox's Bazar ဒေသအတွင်း နေထိုင်ကြသော ရိုဟင်ဂျာများ
ဘင်္ဂလားဒေရှ့် နိုင်ငံ Cox's Bazar ဒေသအတွင်း နေထိုင်ကြသော ရိုဟင်ဂျာများ

မြန်မာနိုင်ငံတွင်းကနေ ထွက်ပြေးလာပြီး ဘင်္ဂလားဒေရှ့် နိုင်ငံတွင်းမှာ တရားမဝင် နေထိုင်နေကြတဲ့ သောင်းနဲ့ချီတဲ့ ရိုဟင်ဂျာ မွတ်စလင် တွေကို မြန်မာနိုင်ငံ ဘက်က ပြန်လည်ခေါ်ယူဖို့ အတွက် ဘင်္ဂလားဒေရှ့် အာဏာပိုင်တွေက တောင်းဆိုပါတယ်။

ဒီမွတ်စလင် ရိုဟင်ဂျာတွေက မြန်မာနိုင်ငံတွင်းက နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့် ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးလာကြတာလို့လည်း ဘင်္ဂလားဒေရှ့် အာဏာပိုင်တို့က ပြောပါတယ်။

ဘင်္ဂလားဒေရှ့်ဘက်ကို ရောက်နေတဲ့ မြန်မာနိုင်ငံဘက်က လူတွေ အဖြစ် စိစစ်ပြီးသား လူ ၂၀၀၀ လောက်ကို ပြန်ခေါ်မယ်ဆိုတဲ့ ဘင်္ဂလားဒေရှ့်နဲ့ မြန်မာနိုင်ငံကြား သဘောတူညီချက်က အရင် အစိုးရတွေ လက်ထက်ကတည်းက ရှိခဲ့တယ်လို့ မြန်မာသမ္မတရုံး ဝန်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေးက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

ဒါပေမယ့် ဒီလူတွေ ရှိနေသေးလားဆိုတာကိုတော့ ပြန်ပြီး စိစစ်ရဦးမှာ ဖြစ်တယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။ ဒီလ ၁၀ ရက်နေ့ နောက်ပိုင်းမှာ မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံ ဆွေးနွေးဖို့လည်း စီစဉ်ထားပါတယ်။

ဒါပေမယ့် ဘင်္ဂလားဒေရှ့် နိုင်ငံတွင်းက ရိုဟင်ဂျာတွေကတော့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို ပြန်လိုစိတ်မရှိဘူးလို့ ပြောဆိုပြီး ရိုဟင်ဂျာတွေကို စာနာထောက်ထားတဲ့ နိုင်ငံတွေက သူတို့ကို ခေါ်ယူဖို့ ဒုက္ခသည် လူမှု အဖွဲ့အစည်း ခေါင်းဆောင်တွေက ပန်ကြားကြပါတယ်။

မြန်မာနိုင်ငံတွင်းက အခြေအနေတွေဟာ အထူးသဖြင့် အခု သတင်းပတ်တွေ အတွင်း ဘယ်လိုမှ နေထိုင်လို့ မရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ဘင်္ဂလားဒေရှ့် နိုင်ငံတွင်းက ရိုဟင်ဂျာ လူမှု အဖွဲ့အစည်း ခေါင်းဆောင် ဖြစ်တဲ့ ကိုကိုလင်းက ဗွီအိုအေကို ပြောဆိုပြီး ရိုဟင်ဂျာတွေကို လက်မခံတဲ့ မြန်မာနိုင်ငံကို အပြန်ချင်ကြဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ် မောင်တော ဒေသတွင်းက မွတ်စလင် လူမှု အသိုင်းအဝိုင်းက သူတို့ကိုယ်သူတို့ ရိုဟင်ဂျာတွေလို့ သတ်မှတ်ကြပေမယ့် မြန်မာ အစိုးရ အဆက်ဆက်ကတော့ ရိုဟင်ဂျာ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG