သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Barcelona တိုက်ခိုက်မှု သံသယရှိသူကို ပိတ်ဆို့ရှာဖွေ


ပြီးခဲ့တဲ့ ကြာသပတေးနေ့က စပိန်နိုင်ငံ ဘာစီလိုနာမြို့က လူအုပ်ထဲကို ကားနဲ့ဝင်တိုက်သွားတဲ့ ကားမောင်းသူကို ဖမ်းဆီးနိုင်ဖို့အတွက် စပိန်အာဏာပိုင်တွေက လိုက်လံရှာဖွေနေပြီး၊ တနင်္ဂနွေနေ့ကတော့ စပိန်နိုင်ငံအရှေ့မြောက်ပိုင်းက Ripoll မြို့နဲ့ Manlleu မြို့တွေ့မှာ ရှာဖွေခဲ့ကြပါတယ်။

စပိန်ရဲတပ်ဖွဲ့က လမ်းတွေမှာ အတားအဆီးတွေချပြီး၊ အသက် ၂၂ နှစ်အရွယ် မော်ရိုကိုနိုင်ငံသား Younes Abbouyaaquoub ကို ဖမ်းမိဖို့အတွက် ကြိုးပမ်းနေကြပါတယ်။ ကြာသပတေးနေ့က တိုက်ခိုက်မှုကြောင့် ၁၃ ယောက်သေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရသွားခဲ့ပြီး၊ အဲဒီတိုက်ခိုက်မှုနောက်ကွယ်မှာ အဘူရာကွတ်က ရှိနေတယ်လို့ ရဲတပ်ဖွဲ့က သံသယဖြစ်နေတာပါ။

ဘာစီလိုနာမြို့မှာ တိုက်ခိုက်မှုဖြစ်ပွားပြီး နာရီပိုင်းအကြာမှာပဲ၊ Cambrils အပန်းဖြေမြို့မှာလည်း ကားတစင်းကလူအုပ်ထဲကို ဝင်တိုက်တာကြောင့်၊ ၁ ယောက်သေဆုံးပြီး ၆ ယောက် ဒဏ်ရာရသွားပါတယ်။ အဲဒီတိုက်ခိုက်မှုကိုလုပ်တဲ့သူတွေ ကားထဲကနေ ထွက်ပြေးတဲ့အချိန်မှာတော့ ရဲကပစ်ခတ်ဖမ်းဆီးခဲ့လို့ မသင်္ကာသူ ၅ ဦးသေဆုံးသွားခဲ့ပါတယ်။

အဘူရာကွတ်အပြင်၊ နောက်ထပ် သံသယရှိတဲ့လူ ၂ ယောက်ကိုလည်း ရဲက လိုက်လံရှာဖွေနေပြီး အဲဒီထဲက တစ်ယောက်ကတော့ Abdelbaki Es Satty ဆိုတဲ့ ဘာသာရေးဆရာတစ်ယောက်ပါဝင်ပါတယ်။ Es Satty ဟာ ဒီတိုက်ခိုက်မှုကိုလုပ်တဲ့သူတွေထဲက တချို့တွေကို အစွန်းရောက်တွေဖြစ်လာအောင် လုပ်ခဲ့တယ်လို့ အာဏာပိုင်တွေက ယူဆနေကြပါတယ်။

Barcelona တိုက်ခိုက်မှု သံသယရှိသူကို ပိတ်ဆို့ရှာဖွေ
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG