သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိမ်ဖြူတော်မှာ သမ္မတ ဘိုင်ဒန် နှုတ်ဆက်မိန့်ခွန်းပြော


အမေရိကန် သမ္မတ Joe Biden မိန့်ခွန်း ပြောကြားနေစဉ် (ဇန်နဝါရီ ၁၅၊ ၂၀၂၅)
အမေရိကန် သမ္မတ Joe Biden မိန့်ခွန်း ပြောကြားနေစဉ် (ဇန်နဝါရီ ၁၅၊ ၂၀၂၅)

အမေရိကန် သမ္မတ Joe Biden က သူ့ရဲ့ သမ္မတ သက်တမ်းကုန်ဆုံးဖို့ ၅ ရက်အလိုနဲ့ ရွေးကောက်ခံ သမ္မတ Donald Trump ကျမ်းသစ္စာကျိန်ဆိုဖို့ ၅ ရက်အလို ဗုဒ္ဓဟူးနေ့မှာ အမေရိကန် သမ္မတ အိမ်ဖြူတော် သမ္မတ ရုံးခန်းမှာ နှုတ်ဆက် မိန့်ခွန်း ပြောကြားပါတယ်။

ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ ထုတ်ပြန်တဲ့ စာထဲမှာတော့ Covid 19 ကပ်ဘေးရောဂါဒဏ် ကာလ၊ နောက် သူ အနိုင်ရခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် သမ္မတ ရွေးကောက်ပွဲ ရလဒ်ကို ပြောင်းလဲနိုင်ရေး ကြိုးပမ်းတဲ့ Donald Trump ထောက်ခံသူ လူအုပ်က အမေရိကန် လွှတ်တော်ကို ဝင်ရောက်စီနင်း တိုက်ခိုက်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ တိုက်ခိုက်မှုတွေ နောက်ပိုင်း သူ့အစိုးရ စတင်ခဲ့တာတွေကို သမ္မတ Biden က ထင်ဟပ် ပြောဆိုထားပါတယ်။

လွန်ခဲ့တဲ့ ၄ နှစ်က ဖြစ်နိုင်ခြေတွေရော အန္တရာယ်တွေပါ ရှိတဲ့ ဆောင်းတွင်းမှာ ကျနော်တို့ အားလုံး ရှိခဲ့ကြတယ်လို့ သမ္မတ Biden က စာထဲမှာ ပြောဆိုထားပါတယ်။ ဒါပေမဲ့ အမေရိကန်တွေ ဖြစ်တဲ့ ကျနော်တို့ အားလုံး အတူတကွ ရဲရဲရင့်ရင် ဖြတ်သန်းခဲ့ကြတယ်။ ကျနော်တို့ ပိုပြီး သန်မာ အားကောင်း၊ ကြွယ်၀ တိုးတက်ပြီး ပိုပြီး လုံခြုံမှု ရှိရှိနဲ့ ပေါ်ထွက်လာခဲ့ပါတယ်လို့ သမ္မတ Biden က ပြောပါတယ်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ အပြီးမှာ တရားမဝင် အာဏာ ဆက်လက် ကိုင်စွဲထားဖို့ ကြိုးစားမှုနဲ့ Trump ကို စွဲချက်တင်ခဲ့သူ အထူးစုံစမ်းစစ်ဆေးရေးမှူး Jack Smith က သူ့ရဲ့ အပြီးသတ် အစီရင်ခံချက်ကို ထုတ်ပြန်ပြီးနောက်နေ့မှာပဲ သမ္မတ Biden က နှုတ်ဆက် မိန့်ခွန်း ပြောကြားတာ ဖြစ်ပါတယ်။

အိမ်ဖြူတော်မှာ သမ္မတ ဘိုင်ဒန် နှုတ်ဆက်မိန့်ခွန်းပြော
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG