သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"အရပ်သားအကာအကွယ်ပေးမှုပေါ်တည်ပြီး အစ္စရေးစစ် ကူညီမည်" ကန်သမ္မတ


သမ္မတအိမ်ဖြူတော်ဝန်းအတွင်း တယ်လီဖုန်းပြောနေတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကိုတွေ့ရစဉ် (မေ ၁၊ ၂၀၂၃)
သမ္မတအိမ်ဖြူတော်ဝန်းအတွင်း တယ်လီဖုန်းပြောနေတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကိုတွေ့ရစဉ် (မေ ၁၊ ၂၀၂၃)

အစ္စရေးကိုအမေရိကန်ရဲ့ဆက်လက်ပံ့ပိုးမှုဟာ အခုအစ္စရေးရဲ့ ဟာမတ်စ်တို့ဆင်နွှဲနေတဲ့စစ်ပွဲမှာ ပါလက်စတိုင်းအရပ်သားတွေနဲ့ ဂါဇာဒေသခံတွေ အတွက် အစားအသောက်ရအောင် လုပ်ပေးနေတဲ့ လူသားစာနာမှုကူညီနေသူတွေကို အကာကွယ်ပေးဖို့ အစ္စရေးဘက်က ဘယ်လို လုပ်ပေးမယ် ဆိုတဲ့ အပေါ် မူတည်နေတယ်လို့ အမေရိကန် သမ္မတဂျိုးဘိုင်ဒန်က အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu ကို ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

ဂါဇာမှာ နိုင်ငံတကာကူညီရေး လုပ်သား ၇ ဦး အစ္စရေးတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတာနဲ့ပတ်သက်ပြီး သမ္မတဘိုင်ဒန်က ဒီလို လူသားစာနာမှု ကူညီသူတွေကို ပစ်ခတ်တာနဲ့ အဲဒီကလူသားစာနာမှု အခြေနေတွေဟာ လက်ခံနိုင်စရာမရှိကြောင်း အစ္စရေး ဝန်ကြီးချုပ်ကို ဖုံးနဲ့ဆက်သွယ် ပြောကြားခဲ့တယ်လို့ သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။

ဒါ့အပြင် ၆ လထဲ ဝင်လာပြီ ဖြစ်တဲ့ ဂါဇာစစ်ပွဲအမြန်ဆုံး အပစ်ရပ်ပြီး အရပ်သားတွေ အကာကွယ်ပေးရေး အတွက် ခြေလှမ်းသစ်တွေစတင်ဖို့ တောင်းဆိုခဲ့တယ် လို့လည်းပြောပါတယ်။ ခေါင်းဆောင် ၂ ဦးရဲ့ နာရီဝက်ကြာဖုံးဆက်သွယ်မှုအတွင်း သမ္မတဘိုင်ဒန်က လူသားစာနုာမှု အကူညီပေးသူတွေ ဘေးကင်းဖို့၊ အရပ်သားတွေ ထိခိုက်မှုမရှိစေဖို့၊ စာနာမှုအကူညီတွေရဖို့ ဘာတွေလုပ်ဆောင်မယ်ဆိုတာကို တိကျပြီး ပြတ်သားခိုင်မာတဲ့ ကြေညာချက်ထုတ်ပြန်ပေးဖို့ လိုအပ်နေကြောင်းပြောပါတယ်။

ဒါ့အပြင် အစ္စရေးဘက် ဒါတွေကို ချက်ချင်းလုပ်မလုပ် ဆန်းစစ်ပြီးမှ အမေရိကန်က အစ္စရေးဆိုင်ရာ သူ့မူဝါဒကို ဆုံးဖြတ်မှာ ဖြစ်ကြောင်းလည်း သမ္မတအိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မှာရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကလည်း တကယ်လို့ အစ္စရေးဘက်က အပြောင်းအလဲတွေ မတွေ့ရရင် အမေရိကန်ရဲ့ မူဝါဒကို ပြောင်းရမယ်လို့ ပြောကြားခဲ့တာပါ။ အခု အမေရိကန်ရဲ့ တောင်းဆိုချက်နဲ့ပတ်သက်ပြီး အစ္စရေးဘက် တုန့်ပြန်ချက် ထုတ်ပြန်တာ မရှိသေးပါဘူး။

"အရပ်သားအကာအကွယ်ပေးမှုပေါ်တည်ပြီး အစ္စရေးစစ် ကူညီမည်" ကန်သမ္မတ
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG