သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဘိုင်ဒင် နိုင်ငံတော်အခြေပြမိန့်ခွန်း နောက်သက်တမ်းအတွက် ရည်ရွယ်ပြောကြားဖွယ်ရှိ


အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် အိမ်ဖြူတော်မှာ မိန့်ခွန်းပြောနေစဉ် (ဖေဖော်ဝါရီ ၈၊ ၂၀၂၄)
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် အိမ်ဖြူတော်မှာ မိန့်ခွန်းပြောနေစဉ် (ဖေဖော်ဝါရီ ၈၊ ၂၀၂၄)

အမေရိကန်နိုင်ငံရဲ့အခြေအနေအကြောင်း လွှတ်တော်ကို ပြောကြားမယ့် သမ္မတရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းကို ဒီနေ့ကြာသပတေးနေ့ညမှာ ပြောကြားမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲ ပြန်ဝင်ဖို့ရှိနေချိန်မှာ သမ္မတအနေနဲ့ သူ့အစိုးရလက်ထက် အောင်မြင်မှုတွေကို လွှတ်တော် ၂ ရပ်ရှေ့မှာ မိန့်ခွန်းပြောကြားတဲ့အခါ အဓိကထား ပြောကြားမယ်လို့ မျှော်လင့်ရပါတယ်။

သိသိသာသာ သဘောထားကွဲနေတဲ့ လွှတ်တော်တွင်း စည်းလုံးမှုရှိစေအောင် Fentanyl ဆေးဝါးတွေကို မူးယစ်ဆေးလို သုံးစွဲနေကြတဲ့ပြဿနာတိုက်ဖျက်ရေး၊ စစ်ပြန် စစ်မှုထမ်းဟောင်းတွေကို ကူညီပံ့ပိုးရေးလို ပြည်တွင်းရေးရာ ဥပဒေကြမ်းတွေကို ပူးပေါင်းအတည်ပြုကြဖို့ ထပ်မံတိုက်တွန်းမယ်လို့ မျှော်လင့်ရပါတယ်။ တိုင်းပြည်ရဲ့ အခြေခံ အဆောက်အအုံ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ဆေးဝါး စရိတ်၊ ကျောင်းသားတွေ ပညာသင်စရိတ်၊ ချေးငွေ၊ သန္ဓေသားဖျက်ချခွင့်နဲ့ သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေး စတဲ့ အကြောင်းအရာတွေကိုလည်း သမ္မတ Biden ရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ပြောကြားမယ်လို့ ခန့်မှန်းရပါတယ်။

သမ္မတသက်တမ်း ဒုတိယအကြိမ်ဝင်ပြိုင်မယ့် သမ္မတ Biden အနေနဲ့ ဒုတိယသက်တမ်းကျရင် ဘာတွေထပ်ပြီး အောင်မြင်အောင် ကြိုးစားသွားမယ်ဆိုတာကို အသားပေးပြောလိမ့်မယ်လို့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။ သမ္မတပြောတဲ့ မိန့်ခွန်းကို ပြန်လည်တုံ့ပြန်တဲ့ မိန့်ခွန်းကို Alabama ပြည်နယ် အထက်လွှတ်တော်အမတ် Katie Britt ကပြောကြားမှာဖြစ်ပါတယ်။ နိုင်ငံတော် အခြေပြမိန့်ခွန်းနဲ့ ပတ်သက်လို့ ကြိုတင်သုံးသပ်ချက်နဲ့ ဆက်သွယ်မေးမြန်းချက်တွေ နောက်ပိုင်းမှာ ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG