သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Biden ရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်း


အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားနေစဉ် (မတ် ၇၊ ၂၀၂၄)
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားနေစဉ် (မတ် ၇၊ ၂၀၂၄)

အမေရိကန်လွှတ်တော်မှာ သမ္မတ Joe Biden ကြာသပတေးညက ပြောကြားခဲ့တဲ့ နိုင်ငံတော်အခြေပြ မိန့်ခွန်းထဲမှာ ပြည်တွင်းရေးရာကိစ္စတွေကို အသားပေးပြောခဲ့သလို အရေးပါတဲ့ နိုင်ငံတကာကိစ္စတချို့ကိုလည်း ထည့်သွင်းပြောသွားခဲ့ပါတယ်။ ဂါဇာစစ်ပွဲနဲ့ပတ်သက်လို့ ယာယီအပစ်အခတ်ရပ်အောင် မနားမနေ ကြိုးစာနေတယ်လို့ ပြောခဲ့သလို ပါလက်စတိုင်းပြည်သူတွေအတွက် လူသားချင်းစာနာတဲ့အကူအညီတွေ ပေးနိုင်အောင်ခွင့်ပြုပေးပါလို့ အစ္စရေးအစိုးရကိုလည်း တိုက်တွန်းခဲ့ပါတယ်။

လူသားချင်းစာနာတဲ့ အကူအညီပေးတဲ့ကိစ္စကို ဒုတိယဦးစားပေးနေရာမှာထားတာ ဒါမှမဟုတ် အပေးအယူအတွက် အသုံးချတာမျိုး လုပ်လို့ မရဘူးလို့ အစ္စရေးခေါင်းဆောင်တွေကို သူ့အနေနဲ့ ပြောချင်ပါတယ်လို့ သမ္မတ Biden ကပြောလိုက်တာဖြစ်ပါတယ်။ အပြစ်မဲ့ပြည်သူတွေကို အကာအကွယ်ပေးဖို့နဲ့ လူ့အသက်တွေ ကာကွယ်ဖို့က အဓိကဦးစားပေးဖြစ်ကြောင်းနဲ့ အစ္စရေး၊ ပါလက်စတိုင်း၂ နိုင်ငံပူးတွဲတည်ရှိမှုကသာ ဒီပြဿနာရဲ့ အဓိက အဖြေဖြစ်တယ်လို့လည်း သမ္မတရဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်းထဲမှာ ပြောကြားသွားခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်လို့လည်း ယူကရိန်းကို အမေရိကန်က နောက်ထပ် စစ်ရေးအကူအညီတွေပေးနိုင်အောင် သူ့ အစိုးရအဆိုးပြုထားတဲ့ အသုံးစရိတ်ကို လွှတ်တော်က အတည်ပြုပေးဖို့လည်း Republican လွှတ်တော်အမတ်တွေကို သမ္မတက တိုက်တွန်းပြောကြားခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုတွင်းမှာရော ကမ္ဘာတဝန်းမှာပါ ဒီမိုကရေစီ စနစ်ကို ကာကွယ်ဖို့အရေးကြီးတယ်ဆိုတာကိုလည်း သမ္မတက အလေးပေးပြောကြားသွားပါတယ်။ သူ့အရင် သမ္မတဟောင်း Donald Trump ကို နာမည်မတပ်ပေမဲ့ Republican သမ္မတဟောင်းဟာ အမေရိကန်ဒီမိုကရေစီအတွက် အန္တရာယ်ရှိသူအဖြစ် ဖော်ပြပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံနဲ့ ပတ်သက်တဲ့ မူဝါဒတွေကိုလည်း ထည့်သွင်းပြောကြားသွားတာမှလည်း တရုတ်နိုင်ငံဟာ စီးပွားရေးမှာ မမျှမတလုပ်နေတယ်လို့ စွပ်စွဲခဲ့သလို သူ့အစိုးရလက်ထက်မှာ တရုတ်နဲ့ပတ်သက်ရင် အရင် သမ္မတ Trump လက်ထက်ကထက် ပြတ်ပြတ်သားသားလုပ်ခဲ့တယ်လို့ သမ္မတ Biden က ပြောကြားသွားပါတယ်။

သမ္မတ Biden ရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်း
please wait

No media source currently available

0:00 0:01:41 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG