သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Biden နဲ့ သမ္မတဟောင်း Trump တို့ ၂ ကြိမ် စကားစစ်ထိုးမည်


သမ္မတ Trump လက်ထက် ဒီမိုကရက်ပါတီသမ္မတလောင်း Joe Biden တို့ စကားစစ်ထိုးနေစဉ် (စက်တင်ဘာ ၂၉၊ ၂၀၂၀)
သမ္မတ Trump လက်ထက် ဒီမိုကရက်ပါတီသမ္မတလောင်း Joe Biden တို့ စကားစစ်ထိုးနေစဉ် (စက်တင်ဘာ ၂၉၊ ၂၀၂၀)

နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန်သမ္မတ ရွေးကာက်ပွဲမှာ ယှဉ်ပြိုင်ကြမယ့် လက်ရှိသမ္မတ Joe Biden နဲ့ ပြိုင်ဘက် သမ္မတဟောင်း Donald Trump တို့ ၂ ဦး လာမယ့် ဇွန်လ ၂၇ ရက်နဲ့ စက်တင်ဘာ ၁၀ ရက်နေ့တွေမှာ နှစ်ကြိမ် စကားစစ်ထိုးပွဲ ကျင်းပဖို့ သဘောတူလိုက်ပါတယ်။

ပထမဆုံး မျက်နှာချင်းဆိုင် စကားစစ်ထိုးပွဲကို Atlanta ပြည်နယ် စတူဒီယိုမှာ ကျင်းပဖို့ သဘောတူလိုက်ပြီး ပရိတ်သတ်တော့ပါမှာ မဟုတ်တဲ့အကြောင်း ဆွေးနွေးပွဲကို ကြီးကြပ်စီစဉ်ပေးမဲ့ CNN သတင်းဌာနက ပြောပါတယ်။ ဒုတိယ စကားစစ်ထိုးပွဲကိုတော့ ABC ရုပ်သံက ကြီးကြပ်ကျင်းပမှာ ဖြစ်ပါတယ်။

စကားစစ်ထိုးပွဲ ကျင်းပမယ်ဆိုတာကို သမ္မတ Biden ရော Donald Trump ဘက်ကပါ နှစ်ဘက်စလုံးက မနေ့က ကြေညာပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ Joe Biden ကို ရှုံးနိမ့်ခဲ့တဲ့ Donald Trump က သူ ဒုတိယသက်တမ်း အုပ်ချုပ်ခွင့် မရအောင် ရွေးကောက်ပွဲမှာ မသမာမှုတွေနဲ့ လိမ်ညာခံခဲ့ရတယ်ဆိုပြီး စွပ်စွဲပြောဆိုနေပါတယ်။

၂၀၂၄ ရွေးကောက်ပွဲ မတိုင်ခင် စကားစစ်ထိုးပွဲတွေ ကျင်းပဖို့ သီတင်းပတ်အတော်ကြာကတည်းက သူ့ဘက်က တောင်းဆိုနေပြီး ဒီမိုကရက်တစ်ပါတီက သမ္မတ Joe Biden က မကြာသေးခင်ကမှ သဘောတူခဲ့ပါတယ်။ ဇွန်လမှာ ပထမဆုံးကျင်းပမယ့် စကားစစ်ထိုးပွဲကို CNN သတင်းဌာနက ကြီးကြပ်ကျင်းပမှာဖြစ်ပြီး ဝါရင့် သတင်းသမားတွေဖြစ်တဲ့ Jake Tapper နဲ့ Dana Bash တို့က စကားစစ်ထိုးပွဲမှာ ကြားဝင် ကမကထလုပ် မေးခွန်းတွေ မေးမြန်းမှာဖြစ်ပါတယ်။

စကားစစ်ထိုးပွဲ​၂ ခုစလုံးမှာ စကားပြောနေတဲ့သူရဲ့ မိုက်ကရိုဖုန်းကိုသာ ဖွင့်ထားပေးမှာဖြစ်ပြီး တဘက်လူက ပြောနေတဲ့အချိန်မှာ နောက်တယောက်ရဲ့ မိုက်ကရိုဖုန်းကို ပိတ်ထားမှာ ဖြစ်ပါတယ်။​

သမ္မတ Biden နဲ့ သမ္မတဟောင်း Trump တို့ ၂ ကြိမ် စကားစစ်ထိုးမည်
please wait

No media source currently available

0:00 0:00:53 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG