သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတ အန်ဂိုလာနိုင်ငံဆိုက်ရောက်

အမေရိကန်သမ္မတ Joe Biden (ဝဲ) နဲ့ အန်ဂိုလာ သမ္မတ Joao Lourenco (ယာ) တို့ကို အတူတွေ့ရစဉ် (ဒီဇင်ဘာ ၃၊ ၂၀၂၄)
အမေရိကန်သမ္မတ Joe Biden (ဝဲ) နဲ့ အန်ဂိုလာ သမ္မတ Joao Lourenco (ယာ) တို့ကို အတူတွေ့ရစဉ် (ဒီဇင်ဘာ ၃၊ ၂၀၂၄)

အမေရိကန် သမ္မတ Joe Biden ဟာ သူ့သမ္မတ သက်တမ်း အတွင်း ပထမဆုံးနဲ့ နောက်ဆုံး အကြိမ် အာဖရိက ခရီးစဉ် အဖြစ် အန်ဂိုလာနိုင်ငံကို အင်္ဂါနေ့မှာ ဆိုက်ရောက်တာမှာ အန်ဂိုလာ သမ္မတ အိမ်တော်မှာ နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြပါတယ်။ အန်ဂိုလာသမ္မတအိမ်တော်မှာ သမ္မတ Biden ကို ကော်ဇောနီခင်း ကြိုဆိုခဲ့ပြီး စစ်တပ် တီးဝိုင်းက နိုင်ငံတော် သီချင်းတွေကို တီးမှုတ်ခဲ့ကြပြီး သေနတ် ၂၁ ချက် ပစ်ဖောက် ဂုဏ်ပြုသလို အန်ဂိုလာ သမ္မတ Joao Lourenco နဲ့ အတူ တပ်ဖွဲ့တွေကိုလည်း စစ်ဆေးခဲ့ကြပါတယ်။

အန်ဂိုလာကို လာရောက်တဲ့ ပထမဆုံး အမေရိကန် သမ္မတ ဖြစ်ရတဲ့ အတွက် အထူးဂုဏ်ယူကြောင်း၊ ဒီအတိုင်းအတာအထိ မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုကို အတူတကွ ဆောင်ရွက်နိုင်ခဲ့တာတွေ အတွက်လည်း အထူး ဂုဏ်ယူကြောင်း သမ္မတ Biden က အန်ဂိုလာ သမ္မတ Lourenco ကို ပြောပါတယ်။ ရှေ့မှာ လုပ်စရာတွေ အများကြီး ရှိသလို လုပ်နိုင်တာတွေလည်း အများကြီး ရှိတယ်လို့ သမ္မတ Biden က ပြောပါတယ်။

အန်ဂိုလာ နိုင်ငံဟာ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်မှု ပြယုဂ် အဖြစ် သမ္မတ Biden က ရှုမြင်ကြောင်း အမေရိကန် သမ္မတ အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ကောင်စီရဲ့ အာဖရိက ရေးရာ အကြီးတန်း ညွှန်ကြားရေးမှူး Frances Browm က ဗွီအိုအေကို ပြောပါတယ်။ အမေရိကန် ပြည်ထောင်စုက အင်မတန်မှာ အရေးကြီးတဲ့ ကိစ္စရပ် တချို့ကို အန်ဂိုလာနဲ့ အတူ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့လည်း သူက ဗွီအိုအေကို သီးသန့် ပြောကြားပါတယ်။

ပထမ တခုကတော့ ဒီမိုကရက်တစ် ကွန်ဂို သမ္မတ နိုင်ငံ အရှေ့ပိုင်းမှာ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကို တိုးမြှင့်ရေး ဖြစ်ပြီး နောက်ထပ် တခုကတော့ ဒေသတွင်းမှာ စီးပွားရေး ဖွံ့ဖြိုးမှု အခွင့်အလမ်းတွေ အတွက် ဖြစ်ကြောင်း၊ တတိယ တချက်ကတော့ နည်းပညာနဲ့ သိပ္ပံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ကန်သမ္မတ အန်ဂိုလာနိုင်ငံဆိုက်ရောက်
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG