သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

  သမ္မတ Biden နောက်ထပ် လွတ်ငြိမ်းချမ်းသာခွင့်တွေ ကြေညာဖို့ရှိ


အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (ရှေ့) နဲ့ သားဖြစ်သူ ဟန့်တာဘိုင်ဒန် (နောက်) တို့ မက်စာဆာချူးဆက်ပြည်နယ်၊ နန်တူချတ်မြို့ စာအုပ်ဆိုင်တဆိုင်ကအထွက်။ (နိုဝင်ဘာ ၂၉၊ ၂၀၂၄)
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (ရှေ့) နဲ့ သားဖြစ်သူ ဟန့်တာဘိုင်ဒန် (နောက်) တို့ မက်စာဆာချူးဆက်ပြည်နယ်၊ နန်တူချတ်မြို့ စာအုပ်ဆိုင်တဆိုင်ကအထွက်။ (နိုဝင်ဘာ ၂၉၊ ၂၀၂၄)

အမေရိကန်သမ္မတ Joe Biden က သားဖြစ်သူ Hunter Biden ကို လွတ်ငြိမ်းခွင့်ပြုလိုက်ပြီး နောက် တရက်မှာပဲ သမ္မတတာဝန်သက်တမ်း မကုန်မီ နောက်ထပ်လွတ်ငြိမ်းခွင့်နဲ့ သက်ညှာခွင့်တွေ ကြေညာဖို့ရှိကြောင်း အိမ်ဖြူတော်က ပြောလိုက်ပါတယ်။ လွတ်ငြိမ်းသက်ညှာခွင့်ပေးမယ့် အစီအစဉ်ကို သမ္မတဘိုင်ဒန် အလေးအနက် စဉ်းစားနေတယ်လို့လည်းအိမ်ဖြူတော် ပြောခွင့်ရ Karine Jean-Pierre က မနေ့ကပဲ သတင်းထောက်တွေကို ပြောလိုက်တာပါ။

ကြေညာမယ့် အချိန်အတိအကျ မပြောနိုင်ပေမဲ့ သမ္မတသက်တမ်း အဆုံးမသတ်မီ နောက်ထပ် ထုတ်ပြန်ဖို့ ရှိတယ်လို့လည်း ပြောဆိုခဲ့တာပါ။ သမ္မတဘိုင်ဒန်ရဲ့သားဖြစ်သူ Hunter ကတော့ လက်နက်မှုနဲ့ အခွန်ရှောင်မှု၊ ဖက်ဒရယ်အဆင့်ရာဇဝတ်မှုတွေအတွက် ဒီလထဲမှာ စီရင်ချက် ချမှတ်ခံရမှာဖြစ်ပြီး ထောင်ဒဏ်နှစ်နဲ့ချီ ကျခံရလိမ့်မယ်လို့လည်း ခန့်မှန်းရပါတယ်။

အသက် ၅၄ နှစ်အရွယ် သားဖြစ်သူ Hunter ဟာ ရှေ့နေတယောက်ဖြစ်ပြီး ကိုကင်းမူးယစ်ဆေးစွဲဖူးသူ အဖြစ် ပြဿနာတွေကြုံခဲ့ဖူးသူတဦးလည်းဖြစ်ပါတယ်။ အရင်က သားဖြစ်သူကို သမ္မတအမိန့်နဲ့ လွတ်ငြိမ်းခွင့် ပေးမှာမဟုတ်ကြောင်း ပြောဆိုထားပေမဲ့ နိုင်ငံရေးအရ အရေးယူခံရတာဆိုပြီး သမ္မတဘိုင်ဒန်က လွတ်ငြိမ်းခွင့်ကြေညာရာမှာ ပြောဆိုခဲ့ပါတယ်။

သမ္မတ Biden နောက်ထပ် လွတ်ငြိမ်းချမ်းသာခွင့်တွေ ကြေညာဖို့ရှိ
please wait

No media source currently available

0:00 0:00:59 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG