သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြစ်ဒဏ်ကျခံရမယ့် သားဖြစ်သူကို သမ္မတဘိုင်ဒင် လွတ်ငြိမ်းချမ်းသာခွင့်ပြု 


အမေရိကန်ပြည်ထောင်စု မန်ဆာချူးဆက်ပြည်နယ် Nantucket မြို့ စာအုပ်ဆိုင်တဆိုင်ရှေ့ အတူတွေ့ရတဲ့ အမေရိကန် သမ္မတ Joe Biden (ဝဲ) နဲ့ သားဖြစ်သူ Hunter Biden (ယာ) (နိုဝင်ဘာ ၂၉၊ ၂၀၂၄)
အမေရိကန်ပြည်ထောင်စု မန်ဆာချူးဆက်ပြည်နယ် Nantucket မြို့ စာအုပ်ဆိုင်တဆိုင်ရှေ့ အတူတွေ့ရတဲ့ အမေရိကန် သမ္မတ Joe Biden (ဝဲ) နဲ့ သားဖြစ်သူ Hunter Biden (ယာ) (နိုဝင်ဘာ ၂၉၊ ၂၀၂၄)

ဖက်ဒရယ်အဆင့် ရာဇဝတ်မှုတွေအတွက် ထောင်ဒဏ်ချမှတ်ခံရနိုင်ခြေရှိနေတဲ့ သားဖြစ်သူ Hunter Biden ကို သမ္မတ Joe Biden က တနင်္ဂနွေနေ့က လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။ အရင်တုန်းက အာဏာကို မိသားစုအကျိုးအတွက် အသုံးချမှာ မဟုတ်ဘူးဆိုပြီး ဒီမိုကရက် သမ္မတ Biden က ပြောဆိုဖူးတာပါ။ Delaware နဲ့ California ပြည်နယ် က အမှု ၂ မှုအတွက် ပြစ်ဒဏ်က လွတ်ငြိမ်းခွင့်ပေးမှာ မဟုတ်သလို ပြောင်းလဲပစ်မှာ မဟုတ်ဘူးဆိုပြီးတော့လည်း ပြောဆိုထားတာပါ။

Hunter Biden ဟာ အစိုးရကို အခွန်ပေးဖို့ ပျက်ကွက်မှု၊ တရားမဝင် သေနတ်ကိုင်ဆောင်မှု နဲ့ ပတ်သက်လို့ အပြစ်ရှိကြောင်း ထွက်ဆိုအပြီး တရားသူကြီးတွေက အမှုနဲ့ ပတ်သက်လို့ စီရင်ချက် ချဖို့ ရှိနေချိန်လည်းဖြစ် နောက်လမှာ Donald Trump သမ္မတတာဝန် စတင်ထမ်းဆောင်ဖို့ အချိန် နီးကပ်လာချိန်မှာ သမ္မတ Joe Biden က သူ့သားကို ပြစ်ဒဏ်က လွတ်ငြိမ်းခွင့်ပေးလိုက်တာဖြစ်ပါတယ်။ သမ္မတ Biden ၂၀၂၀ သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရပြီး တလအကြာ ဒီဇင်ဘာလအတွင်း Hunter Biden ကို အခုပြစ်မှုတွေနဲ့ ပတ်သက်လို့ စတင်စုံစမ်း စစ်ဆေးခဲ့တာပါ။ အဲဒီရွေးကောက်ပွဲမှာ Biden အနိုင်ရတာကို ဆန့်ကျင်တဲ့ ကွန်ဂရက်စ် လွှတ်တော်အမတ်တွေက သူ့အပေါ် မကျေမနပ်ဖြစ်ပြီး မိသားစုဝင်တွေကို ခုလို အမှုစွဲဆိုတာဖြစ်သလို Hunter Biden ဟာ သူ့သားဖြစ်နေတာကြောင့် ခုလို ပစ်မှတ်ထား ဆောင်ရွက်ရွက်တာခံရတာသာဖြစ်ကြောင်း သမ္မတ Biden က ပြောဆိုပါတယ်။

Hunter Biden အပေါ် စွဲဆိုထားတဲ့ အခွန်ပေးဆောင်ဖို့ ပျက်ကွက်မှုကြောင့်၊ ထောင်ဒဏ် ၁၇ နှစ် အထိ ကျခံရနိုင်သလို တရားမဝင် လက်နက်ကိုင်ဆောင်မှုအတွက် ထောင်ဒဏ် ၂၅ နှစ်အထိ ကျခံရနိုင်တာပါ။ သမ္မတလည်း ဖြစ် ဖခင်တယောက်လည်းဖြစ်တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ အမေရိကန်လူထုအနေနဲ့ နားလည်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း Biden က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG