သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Hunter Biden ကို သေနတ်မှုစွဲချက်သုံးခုလုံး အပြစ်ရှိကြောင်း ဂျူရီအဖွဲ့ဆုံးဖြတ်


သေနတ်နဲ့ဆိုင်တဲ့ပြစ်မှုတွေကို ရင်ဆိုင်ဖို့ တရားရုံးကိုလာရောက်တဲ့ သမ္မတဘိုင်ဒန်ရဲ့သား Hunter Biden (လယ်) မိခင် သမ္မတကတော် ဂျေးလ်ဘိုင်ဒန် (ဝဲ) နဲ့ ဇနီး မယ်လီဆာကိုဟဲန် ဘိုင်ဒန် (ယာ) (ဇွန် ၁၁၊ ၂၀၂၄)
သေနတ်နဲ့ဆိုင်တဲ့ပြစ်မှုတွေကို ရင်ဆိုင်ဖို့ တရားရုံးကိုလာရောက်တဲ့ သမ္မတဘိုင်ဒန်ရဲ့သား Hunter Biden (လယ်) မိခင် သမ္မတကတော် ဂျေးလ်ဘိုင်ဒန် (ဝဲ) နဲ့ ဇနီး မယ်လီဆာကိုဟဲန် ဘိုင်ဒန် (ယာ) (ဇွန် ၁၁၊ ၂၀၂၄)

အမေရိကန်သမ္မတဘိုင်ဒန်ရဲ့သား မစ္စတာ ဟန်တာဘိုင်ဒန်ဟာ ပြစ်မှုကြီး ၃ မှု နဲ့ အပြစ်ရှိတယ်လို့ ဖက်ဒရယ်တရားရုံးဂျူရီအဖွဲ့က အင်္ဂါနေ့က ဆုံးဖြတ်လိုက်ကြပါတယ်။ သမ္မတဘိုင်ဒန်ကတော့ တရားစီရင်ရေးဖြစ်စဥ်ကိုလေးစားမယ်လို့ ပြောပါတယ်။

အမေရိကန်သမ္မတတာဝန်ထမ်းဆောင်စဥ်အတွင်း သားသမီးတယောက်ကို ရာဇဝတ်ကြောင်းအရအပြစ်ရှိကြောင်း တရားရုံးကဆုံးဖြတ်တာ ဒါဟာ အမေရိကန် သမိုင်းမှာ ပထမဆုံးလည်းဖြစ်ပါတယ်။

သမ္မတဘိုင်ဒန်ရဲ့ပြည်နယ်၊ ဒယ်လာဝဲယား ဖက်ဒရယ်တရားရုံးက ခုလိုဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ "ဒီအမှုကထွက်ပေါ်လာတဲ့ ရလဒ်ကို လက်ခံပါတယ်။ ဟန်တာ ဘိုင်ဒင်က အယူခံဝင်ဖို့စဥ်းစားနေတဲ့အတိုင်း တရားစီရင်ရေးဖြစ်စဥ်ကို ဆက်လက် လေးစားနေပါမယ်"လို့ သမ္မတဘိုင်ဒန်က ပြောပါတယ်။ မစ္စတာ ဟန်တာဘိုင်ဒန်က သေနတ်ဝယ်ယူတဲ့အခါ ဖြည့်ရတဲ့ပုံစံမှာ သူဟာ မူးယစ်ဆေးဝါး သုံးစွဲသူတယောက် မဟုတ်ကြောင်း ဖြည့်ခဲ့ပေမဲ့ အဲဒီအချိန်မှာ သူဟာ ကိုကိန်းသုံးစွဲနေတာကြောင့် လိမ်လည်ခဲ့တယ်လို့ အစိုးရရှေ့နေက စွဲဆို အမှုဖွင့်ခဲ့တာပါ။

သေနတ်ကို ၁၁ ရက်ကြာ တရားမဝင် ကိုင်ဆောင်ခဲ့တဲ့အမှုနဲ့လည်း သူ့ကို စွဲဆိုခဲ့ပါတယ်။ မစ္စတာ ဟန်တာဘိုင်ဒန်ဟာ အခွန်ငွေ ဒေါ်လာ ၁.၄ သန်းပေးဖို့ ပျက်ကွက်မှုနဲ့လည်း စက်တင်ဘာလရောက်တဲ့အခါ ကာလီဖိုးနီးယားပြည်နယ်မှာ နောက်တမှု ရင်ဆိုင်ရဦးမှာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG