သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ ယူကရိန်းသမ္မတတို့ တွေ့ဆုံ


အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ယူကရိန်းသမ္မတ Volodymyr Zelensky တို့ ပြင်သစ်နိုင်ငံမှာ တွေ့ဆုံ (ဇွန် ၇၊၂၀၂၄)
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ယူကရိန်းသမ္မတ Volodymyr Zelensky တို့ ပြင်သစ်နိုင်ငံမှာ တွေ့ဆုံ (ဇွန် ၇၊၂၀၂၄)

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ယူကရိန်းသမ္မတ Volodymyr Zelensky ဒီကနေ့ ပြင်သစ်နိုင်ငံမှာ တွေ့ဆုံပြီး အမေရိကန် က ယူကရိန်းအတွက် နောက်ထပ်အကူအညီ ဒေါ်လာ ၂၂၅ သန်း ပေးသွားမယ့်အကြောင်း သမ္မတ ဘိုင်ဒန်က ကြေညာခဲ့ပါတယ်။ ပြင်သစ်နိုင်ငံ နော်မန်ဒီမှာ D-Day နေ့ အနှစ် ၈၀ ပြည့်အခမ်းအနားတွေ မနေ့က တက်ရောက်ခဲ့ကြတဲ့ ခေါင်းဆောင် ၂ ယောက် ဒီနေ့ ပါရီမြို့တော်မှာ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

ယူကရိန်းအတွက် နောက်ထပ် ဒေါ်လာ ၂၂၅ သန်း ကူညီဖို့ ဒီနေ့ပဲ ကျနော် လက်မှတ်ထိုးလိုက်ပါတယ်။ လျှပ်စစ် ဓါတ်အားပေးလိုင်းတွေ ပြန်လည် ပြုပြင် တည်ဆောက်ရာမှာ ကူညီသွားမှာဖြစ်ပါတယ်လို့ သမ္မတ ဘိုင်ဒန်က ဒီကနေ့ ယူကရိန်း သမ္မတနဲ့ သီးခြား တွေ့ဆုံချိန် ပြောသွားတာပါ။ ယူကရိန်းကို စစ်ရေးအရ ထောက်ပံ့နိုင်ဖို့ အမေရိကန်လွှတ်တော်မှာ လွှတ်တော်အမတ်တချို့ကြောင့် အတည်မပြုနိုင်ဘဲ ကြန့်ကြာခဲ့တဲ့အပေါ်လည်း သမ္မတ ဘိုင်ဒန်က ယူကရိန်းသမ္မတကို တောင်းပန်ခဲ့ပါတယ်။

သူမတူတဲ့ နည်းလမ်းတွေနဲ့ ရုရှားကို ကြံ့ကြံ့ခံ ဆက် တွန်းလှန် တိုက်ခိုက်နေတဲ့ ယူကရိန်းကို အမေရိကန်က လစ်လျူရှုထားမှာ မဟုတ်ကြောင်းနဲ့ အကူအညီတွေ ဆက်ပေးသွားမယ်လို့လည်း သမ္မတ ဘိုင်ဒန်က ပြောကြားခဲ့ပါတယ်။

သမ္မတ Zelensky ကလည်း အမေရိကန်ရဲ့ ထောက်ခံမှုကို ကျေးဇူးတင်ကြောင်းပြောခဲ့ပြီး ယူကရိန်းနိုင်ငံနဲ့ ဆက်လက်ပြီး ရပ်တည် ပံ့ပိုးပေးဖို့ မျှော်လင့်တယ်လို့ ပြောကြားခဲ့ပါတယ်။ သမ္မတ နှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ယူကရိန်းသမ္မတ Zelenskyy အမေရိကန်ပြည်ထောင်စုကို လာရောက်ချိန်မှာ နောက်ဆုံး တွေ့ခဲ့တာဖြစ်ပြီး၊ အခု ပြင်သစ်မှာ နောက်တကြိမ် ပြန်ဆုံကြတာပါ။ ရှေ့သီတင်းပတ် အီတလီမှာကျင်းပမယ့် G7 စီးပွားရေးအင်အားကြီးနိုင်ငံတွေရဲ့ ထိပ်သီး အစည်းအဝေးမှာလည်း သမ္မတ နှစ်ဦး ထပ်မံ တွေ့ဆုံကြဦးမှာပါ။

အမေရိကန်နဲ့ ယူကရိန်းသမ္မတတို့ တွေ့ဆုံ
please wait

No media source currently available

0:00 0:01:26 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG