သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းသမ္မတ ပြင်သစ်လွှတ်တော်မှာ မိန့်ခွန်းပြော


ပြင်သစ်လွှတ်တော်မှာ မိန့်ခွန်းပြောနေတဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy (ဇွန် ၇၊ ၂၀၂၄)
ပြင်သစ်လွှတ်တော်မှာ မိန့်ခွန်းပြောနေတဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy (ဇွန် ၇၊ ၂၀၂၄)

ရုရှားကျူးကျော်မှုနဲ့ ရင်ဆိုင်နေရတဲ့ ယူကရိန်းအတွက် တရားမျှတတဲ့ ငြိမ်းချမ်းရေး ရရှိအောင် အနောက်နိုင်ငံတွေက အကူအညီတွေ တိုးမြှင့်ပေးကြဖို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ဒီကနေ့ ပြင်သစ်လွှတ်တော်မှာ တိုက်တွန်း ပြောကြားသွားပါတယ်။ ယူကရိန်းအတွက် တိုက်ခိုက်ရေးလေယာဉ်တွေ အမြန်ဆုံးပို့ပေးမယ်လို့ ပြင်သစ်သမ္မတ Emmanuel Macron ကကြာသပတေးနေ့က ကြေညာထားချိန်မှာ၊ ဒီလို မဟာမိတ်တွေရဲ့ စုပေါင်းအင်အားနဲ့ ရုရုားကို အနိုင်ရမယ် ဆိုတာ အခိုင်အမာ ယုံကြည်တယ်လို့လည်း ယူကရိန်းသမ္မတ Zelenskyy က ပြောကြားခဲ့ပါတယ်။

"ယူကရိန်း လေယာဥ်မှူးတွေရဲ့ ထိန်းချုပ်မှုနဲ့ ပြင်သစ်တိုက်လေယာဥ်တွေ… သိပ် ကောင်းတဲ့ ဒီတိုက်လေယာဥ်တွေကို သုံးပြီး ဥရောပရဲ့ ခိုင်မာအားကောင်းမှုကို သက်သေပြ သွားပါမယ်။ ဥရောပကို ခြိမ်းခြောက်ဝံ့တဲ့ အင်မတန် ဆိုးယုတ်သူထက် ပိုသာတယ်ဆိုတာ ပြသွားပါမယ်။ ကျနော်တို့ရဲ့ စည်းလုံးညီညွတ်မှုအား၊ မဟာမိတ်တွေရဲ့ စွမ်းအားနဲ့ တူညီတဲ့ အတွေးအခေါ် စုပေါင်းအားကို လွန်ခဲ့တဲ့အနှစ် ၈၀ က ပြသနိုင်ခဲ့သလို အခုတကြိမ်မှာလည်း ကောင်းကောင်း သက်သေပြနိုင်မှာပါ" လို့ ဒီကနေ့ ပြင်သစ်လွှတ်တော်မှာ ပြောကြားတဲ့ မိန့်ခွန်းထဲ ယူကရိန်းသမ္မတ က ပြောဆိုသွားတာပါ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၊ ဒုတိယကမ္ဘာစစ်ကာလက ပြင်သစ်နိုင်ငံ နော်မန်ဒီကမ်းခြေမှာ အနောက်မဟာမိတ်နိုင်ငံတွေ စုပေါင်းပြီး နာဇီဂျာမနီတွေရဲ့ ကျူးကျော်မှုကို စတင် စစ်ဆင် တိုက်ခိုက်တဲ့ D-Day ကမ်းတက်တိုက်ပွဲ နှစ်ပတ်လည်နေ့ အခမ်းအနားကို ယူကရိန်းသမ္မတ Zelenskyy ကြာသပတေးနေ့က တက်ရောက်ခဲ့ပါတယ်။

ရုရှားသမ္မတ ပူတင်ဟာ တချိန်က နာဇီဂျာမနီခေါင်းဆောင် ဟစ်တလာ လိုပဲ ရန်လို ကျူးကျော်နေတာလို့ လည်း သူက နှိုင်းယှဥ် ပြောသွားပါတယ်။ ယူကရိန်းသမ္မတ Zelenskyy ဟာ ဒီကနေ့မှာ ပြင်သစ်သမ္မတနဲ့ရော၊ အမေရိကန်သမ္မတ ဘိုင်ဒန်နဲ့ပါ တွေ့ဆုံပါတယ်။

ယူကရိန်းသမ္မတ ပြင်သစ်လွှတ်တော်မှာ မိန့်ခွန်းပြော
please wait

No media source currently available

0:00 0:01:26 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG