သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းငြိမ်းချမ်းရေးညီလာခံ ကန်ဒုသမ္မတ တက်မည်

ဆွစ်ဇာလန်နိုင်ငံမှာကျင်းပမယ့် ယူကရိန်းငြိမ်းချမ်းရေးညီလာခံတက်မယ့် အမေရိကန်ဒုတိယသမ္မတ Kamala Harris
ဆွစ်ဇာလန်နိုင်ငံမှာကျင်းပမယ့် ယူကရိန်းငြိမ်းချမ်းရေးညီလာခံတက်မယ့် အမေရိကန်ဒုတိယသမ္မတ Kamala Harris

ဆွစ်ဇာလန်နိုင်ငံမှာကျင်းပမယ့် ယူကရိန်းငြိမ်းချမ်းရေးညီလာခံကို အမေရိကန်ဒုသမ္မတ Kamala Harris နဲ့ အိမ်ဖြူတော်အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan တို့တက်ရောက်မယ်လို့ အိမ်ဖြူတော်က တနင်္လာနေ့မှာ ကြေညာပါတယ်။

နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာ၊ နယ်မြေစိုးမိုးရေးနဲ့ ကုလသမဂ္ဂရဲ့ အခြေခံမူတွေကိုမူတည်ပြီး ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးရအောင် ကြိုးပမ်းနေတဲ့ ယူကရိန်းရဲ့အားထုတ်မှုအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ အခိုင်အမာထောက်ခံမှုကိုပြသတဲ့အနေနဲ့ ဒုသမ္မတ Harris ဆွစ်ဇာလန်ကိုသွားရောက်မှာဖြစ်တယ်လို့ ဒုသမ္မတရုံးကပြောပါတယ်။ ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုနဲ့ရင်ဆိုင်နေရတဲ့ ယူကရိန်းပြည်သူတွေကို အားပေးကြောင်း ဒုသမ္မတ Harris က ထပ်လောင်းကတိပြုပါလိမ့်မယ်လို့လည်း ကြေညာချက်မှာပြောထားပါတယ်။

ယူကရိန်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဘယ်လိုဆွေးနွေးမှုမျိုးမှာမဆို ရုရှားနိုင်ငံပါဝင်သင့်တယ်လို့ ရုရှားတို့က ထပ်တလဲလဲပြောဆိုနေပေမဲ့ ခုကျင်းပမယ့် ငြိမ်းချမ်းရေးညီလာခံမှာ ရုရှားကို ဖိတ်မထားသေးပါဘူး။ ဆွစ်ဇာလန်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ငြိမ်းချမ်းရေးညီလာခံမှာ ဖိလစ်ပိုင်နိုင်ငံတက်ရောက်မှာဖြစ်ပြီး ခုလိုအားပေးထောက်ခံမှုအတွက် ကျေးဇူးတင်ကြောင်း ယူကရိန်းသမ္မတ Volodymyr Zelenskyy က တနင်္လာနေ့မှာ ပြောပါတယ်။

ဂျွန် ၁၅-၁၆ နှစ်ရက်တာကျင်းပမယ့် ငြိမ်းချမ်းရေးညီလာခံ အနှောင့်အယှက်ဖြစ်အောင် ကြိုးပမ်းနေတဲ့ရုရှားကို ကူညီနေတဲ့တရုတ်နိုင်ငံက ဆွစ်ဇာလန်ညီလာခံကို အခြားနိုင်ငံတွေမတက်ရောက်ကြဖို့ ဖိအားပေးနေတယ်လို့ သမ္မတ Zelenskyy က စင်္ကာပူလုံခြုံရေးညီလာခံမှာ တနင်္ဂနွေနေ့က ပြောဆိုခဲ့ပါတယ်။

ယူကရိန်းငြိမ်းချမ်းရေးညီလာခံ ကန်ဒုသမ္မတတက်ရောက်မည်
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG