သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းငြိမ်းချမ်းရေး သံတမန်နည်းလမ်းနဲ့ဆက်ကြိုးပမ်းဖို့ ဂျာမနီတိုက်တွန်း


ဂျာမနီဝန်ကြီးချုပ် Olaf Scholz
ဂျာမနီဝန်ကြီးချုပ် Olaf Scholz

ဆော်ဒီအရေဗျနိုင်ငံက ဦးဆောင်ကျင်းပတဲ့ ယူကရိန်းငြိမ်းချမ်းရေး ထိပ်သီး ဆွေးနွေးပွဲကို ဂျာမနီဝန်ကြီးချုပ် Olaf Scholz က တနင်္ဂနွေနေ့က ကြိုဆိုလိုက်ပြီး သံတမန်ရေးနည်းလမ်းနဲ့ ပိုမိုအားထုတ်ဖို့လည်း တောင်းဆိုလိုက်ပါတယ်။

တရုတ်၊ ဂျာမနီ၊ အိန္ဒိယနဲ့ အမေရိကန်ပြည်ထောင်စုတို့အပါအဝင် တိုင်းပြည်ပေါင်း ၄၀ က ပြီးခဲ့တဲ့ ရက်သတ္တပတ်အကုန်မှာ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ ဒီ အစည်းအဝေးမှာ ရုရှားကိုတော့မဖိတ်ကြားခဲ့ပါဘူး။

“မှားယွင်းတဲ့လမ်းကိုလိုက်ခဲ့မိတာကို ရုရှားက အသိအမှတ်ပြုလာပြီး တပ်တွေကို ရုပ်သိမ်း၊ ငြိမ်းချမ်းရေးဖြစ်ပေါ်လာနိုင်ဖို့ ဒီဆွေးနွေးပွဲတွေက ဖိအားပေးနိုင်လို့ပါ။” လို့ ဂျာမန် ZDF ရုပ်သံကို သူက ပြောပါတယ်။ ဇွန်လတုန်းကလည်း ဒိန်းမတ်နိုင်ငံ ကိုပင်‌ဟေဂင်မြို့မှာ ငြိမ်းချမ်းရေးရရှိနိုင်မယ့်လမ်းနဲ့ပတ်သက်လို့ နိုင်ငံတကာက ဆွေးနွေးပွဲတရပ် ကျင်းပခဲ့ပါသေးတယ်။

နိုင်ငံခြားရေးဆိုင်ရာ အကြံပေးအဆင့်ပုဂ္ဂိုလ်တွေတက်ရောက်ခဲ့တဲ့ ဆော်ဒီနဲ့ ဒိန်းမတ် အစည်းအဝေးတွေက အလွန့်ကို အထူးအရေးကြီးတဲ့ဆွေးနွေးပွဲတွေ ဖြစ်တယ်လို့ ရှို့လ်ဇ်က ပြောပါတယ်။

ဆော်ဒီအစည်းအဝေးပွဲမှာ ယူကရိန်းက သူ့ရဲ့ အချက် ၁၀ ချက်ပါ ငြိမ်းချမ်းရေး အဆိုပြုချက်ကို ထောက်ခံမှုရရှိဖို့ ကြိုးစားခဲ့ပါတယ်။ ဒီအချက်တွေထဲမှာ ယူကရိန်းပိုင်နက်နယ်မြေတွေထဲက ရုရှားတပ်တွေဆုတ်ခွါသွားရေး ပါဝင်ပါတယ်။ ဆော်ဒီအစည်းအဝေးကို ကျေနပ်ကြောင်း ယူကရိန်းကပြောပါတယ်။ ယူကရိန်း ကလက်နက်ချမှသာ ငြိမ်းချမ်းရေးကဖြစ်နိုင်မယ်လို့ ရုရှားက ဒီအတောအတွင်းမှာပဲ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG