သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီယားလောင်စာ သုံးစွဲမှု ဂျာမနီ ရပ်ဆိုင်း 


ဂျာမနီနျူကလီးယားသုံးဓာတ်အားပေးစက်ရုံ
ဂျာမနီနျူကလီးယားသုံးဓာတ်အားပေးစက်ရုံ


{{Zawgyi/Unicode}}

ဂျာမနီနိုင်ငံမှာ နောက်ဆုံးကျန်ရှိနေတဲ့ နျူကလီးယားသုံး ဓာတ်အားပေးစက်ရုံ ၃ ရုံကို စနေနေ့မှာ ပိတ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ ဇီဝရုပ်ကျွင်းလောင်စာအသုံးပြုမှုလျော့ချရေးနဲ့ ရုရှားယူကရိန်းစစ်ပွဲတွေကြောင့် စွမ်းအင်ဆိုင်ရာအကြပ်အ တည်းတွေရှိနေတဲ့ကြားထဲကပဲ ဂျာမနီနိုင်ငံဟာ သူ့ရဲ့ နျူကလီးယားလောင်စာ အသုံးပြုမှုကိုအဆုံးသတ်လိုက်တာဖြစ်ပါတယ်။

နျူကလီးယားသုံးဓာတ်အားပေးစက်ရုံတွေကို စနေနေ့ ည ၁၀ နာရီမှာ ရပ်တန့်လိုက်မှာဖြစ်ပြီး ဒီစက်ရုံတွေကနေ ဂျာမနီလိုအပ်ချက်ရဲ့ ၆ ရာခိုင်နှုန်းကိုသာ ဖြည့်ဆည်းပေးနေတာဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်တုန်းက နျူကလီးယား လောင်စာကနေ လျှပ်စစ်ဓာတ် ၃၁ ရာခိုင်နှုန်းနီးပါးလောက် ထုတ်ယူခဲ့ပါတယ်။

နောက်မကြာမီမှာပဲ ဒီစက်ရုံတွေကိုဖျက်လိုက်မှာပါလို့ စီးပွားရေးဝန်ကြီး Robert Habeck ကပြောဆိုခဲ့ပါတယ်။ အစိုးရက နေနဲ့စွမ်းအင်ပြဿနာကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။ ရုရှားကလောင်စာတင်ပို့မှုတွေရပ်ဆိုင်းတဲ့အတွက် ကြားလိုအပ်ချက်ကိုဖြည့်ဆည်းဖို့ ပြည်ပကနေ ဓာတ်ငွေ့အရည်တွေကိုတင်သွင်းမှာဖြစ်ပြီး အဲဒိအတွက် လုပ်အပ်တာတွေကိုဆောက်လုပ်ထားတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ဂျာမနီဟာ ပြန်လည်ဖြည့်စွမ်းမြဲသဘာဝစွမ်းအင်တွေကို ပြောင်းလဲအသုံးပြုမှာဖြစ်ပြီး လာမယ့်နှစ်တွေအတွင်း တရက်ကို လျှပ်စစ်ဓာတ်ထုတ်တဲ့လေရဟတ် ၄ ခုကနေ ၅ ခု အပြီးတည်ဆောက်ဖို့ ဝန်ကြီးချုပ် Olaf Scholz က တိုက်တွန်းထားပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့နှစ်ထဲတုန်းကတော့ ၅၅၁ ခုပဲတည်ဆောက်နိုင်ခဲ့ပါတယ်။ နျူကလီးယားလောင်စာအသုံးပြုမှုကို ဆန့်ကျင်တဲ့ Green Party ကတော့ လာမယ့် ၂၀၃၀ ခုနှစ်မှာ ဂျာမနီရဲ့စွမ်းအင်ကို ပြန်ပြည့်မြဲ သဘာဝစွမ်းအင်ကနေထုတ်လုပ်ဖို့ မူဝါချမှတ်ထားပါတယ်။

ဥရောပနဲ့အချို့နိုင်ငံတွေမှာ အခုမှ နျူကလီးယားလောင်စာသုံး ဓာတ်အားပေးစက်ရုံတွေတည်ဆောက်ဖို့ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်နေချိန်မှာ ဂျာမနီက သူ့ရဲ့နျူကလီးယားလောင်စာခေတ်ကို အဆုံးသတ်လိုက်တာဖြစ်ပါတယ်။ ဂျာမနီဟာ နျူကလီးယားစွမ်းအင်အသုံးပြုမှုကိုရပ်ဆိုင်းဖို့ ၂၀၀၂ ခုနှစ်ကတည်းက စတင်ခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

===========

{{Unicode}}








XS
SM
MD
LG