သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကို ဂျာမနီ  Leopard တင့်ကားတွေပို့


 လီယိုပတ် တိုက်ပွဲဝင်တင့်ကားတစီး။  

{{Zawgyi/Unicode}}

ဂျာမနီကယူကရိန်းကို ပေးမယ်လို့ကတိပြုထားတဲ့ Leopard တိုက်ပွဲဝင်တင့်ကားတွေပေးအပ်ခဲ့ကြောင်း ဂျာမန်ဝန်ကြီးချုပ် Olaf Scholz က တနင်္လာနေ့မှာ ပြောပါတယ်။

Leopard တင့်ကား ၁၈ စီး ပေးပို့ခဲ့ပြီး နောက်ဆုံးအသုတ်ကို အရင်အပတ်ကပဲ ယူကရိန်းနယ်စပ်မှာ လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

Rotterdam မှာပြုလုပ်တဲ့ နယ်သာလန်ဝန်ကြီးချုပ် Mark Rutte နဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ အခုလိုကြေညာခဲ့တာဖြစ်ပြီး ယူကရိန်းက တောင်းဆိုနေတဲ့ အဓိကလိုအပ်ချက် စစ်ရေးအကူအညီကို ပေးလိုက်တာ ဖြစ်ပါတယ်။

ဒါ့ပြင် Marder အမျိုးအစား ခြေလျင်တိုက်ခိုက်ရေးယာဉ် အစီးရေ ၄၀ လောက်လည်း ယူကရိန်းကိုပေးပို့ခဲ့ပြီး လုံခြုံရေးကြောင့် ပို့ဆောင်ရေးလမ်းကြောင်းကို လျှို့ဝှက်ထားခဲ့တယ်လို့ ဂျာမန်သတင်းဌာန Spiegel က ဖော်ပြပါတယ်။

ယူကရိန်းတပ်ဖွဲ့ဝင်တွေဟာ ဂျာမန်စစ်တပ်အခြေစိုက်စခန်းတွေမှာ Leopard တင့်ကား နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ 2A6s တွေကို လေ့ကျင့်သင်ကြားခဲ့ပါတယ်။ ဂျာမန်ဥပဒေအရ တင့်ကားတွေကို အခြားနိုင်ငံကိုပေးပို့ဖို့က အစိုးရခွင့်ပြုချက်လိုအပ်ပြီး စစ်ဘက်သုံး ကမ္ဘာ့အဆင့်မြင့်တင့်ကားတွေပေးပို့ဖို့ကို ဇန်နဝါရီလနှောင်းပိုင်းမှာ စတင်ခွင့်ပြုပေးခဲ့ပါတယ်။

ယူကရိန်းကို ဂျာမနီ Leopard တင့်ကားတွေပို့
please wait

No media source currently available

0:00 0:00:55 0:00
တိုက်ရိုက် လင့်ခ်

==========

{{Unicode}}







XS
SM
MD
LG