သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းသမ္မတ ဖိလစ်ပိုင်နိုင်ငံ ရုတ်တရက်သွားရောက်


ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့ ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr. တို့တွေ့ဆုံနေစဉ် (ဇွန် ၃၊ ၂၀၂၄)
ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့ ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr. တို့တွေ့ဆုံနေစဉ် (ဇွန် ၃၊ ၂၀၂၄)

ဆွစ်ဇာလန်နိုင်ငံက စီစဉ်တဲ့ ယူကရိန်း ငြိမ်းချမ်းရေး နိုင်ငံတကာ ထိပ်သီးစည်းဝေးပွဲကို တက်ကြဖို့ စည်းရုံးရေးဆင်းတဲ့အနေနဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy ဟာ ဖိလစ်ပိုင်နိုင်ငံကို ဒီကနေ့ ဇွန်လ ၃ ရက်နေ့မှာ ရောက်ရှိနေပါတယ်။ ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr. နဲ့ မတွေ့ဆုံခင် သမ္မတ Zelenskyy ကို ဖိလစ်ပိုင်အစိုးရက ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့ပါတယ်။

“အခုလို ဖိတ်ကြားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ယူကရိန်းရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ထောက်ခံပေးနေတဲ့ ဖိလစ်ပိုင်နိုင်ငံကို လာရောက်ခွင့်ရတဲ့အတွက် ကျေးဇူး အထူးတင်ပါတယ်။ ရုရှားရဲ့ ကျူးကျော်စစ်နဲ့ပတ်သက်လို့ ကုလသမဂ္ဂမှာ ထောက်ခံပေးတဲ့အတွက်လည်း ကျေးဇူး အထူးတင်ရှိပါတယ်” - လို့ သမ္မတ Zelenskyy က ဖိလစ်ပိုင်သမ္မတကို ပြောကြားခဲ့ပါတယ်။

သမ္မတ Zelenskyy ဟာ စင်္ကာပူနိုင်ငံမှာကျင်းပတဲ့ အာရှပစိဖိတ်ဒေသ လုံခြုံရေးဆိုင်ရာ Shangri-La Dialogue ဆွေးနွေးပွဲတက်အပြီး ဖိလစ်ပိုင်နိုင်ငံကို ကြိုတင် ကြေညာထားခြင်းမရှိဘဲ လုံခြုံရေး အစောင့်အကျပ်တွေ ထူထပ်စွာနဲ့ တနင်္ဂနွေနေ့နှောင်းပိုင်းက မနီလာမြို့ကို ရုတ်တရက် ရောက်ရှိလာတာပါ။

အာရှပစိဖိတ်ဒေသ လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲ ပြင်ပမှာ ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr. နဲ့ သီးခြား တွေ့ဆုံဖို့ စီစဉ်ထားခဲ့ပေမယ့် မတွေ့ဖြစ်ခဲ့တာကြောင့် သမ္မတ Ferdinand Marcos Jr. ဆွစ်ဇာလန် စည်းဝေးပွဲကိုတက်ဖို့ လူကိုယ်တိုင် လာရောက် ဖိတ်ကြားတာလို့ ဖိလစ်ပိုင် အရာရှိတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီ အေပီ သတင်းမှာ ရေးပါတယ်။ တရုတ်လို သီးခြားလွတ်လပ်တဲ့နိုင်ငံကြီးတခုက ဆွစ်ဇာလန်မှာကျင်းပမယ့် ထိပ်သီးစည်းဝေးပွဲပျက်ပြားအောင် ရုရှားရဲ့ လိုလားချက်အတိုင်း လိုက်လုပ်နေတာကိုတွေ့ရတာဟာ စိတ်မကောင်းစရာဘဲလို့ စင်္ကာပူမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတ Zelenskyy က ဝေဖန် ပြောကြားခဲ့ပါတယ်။

ယူကရိန်းသမ္မတ ဖိလစ်ပိုင်နိုင်ငံ ရုတ်တရက်သွားရောက်
please wait

No media source currently available

0:00 0:01:27 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG