သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်ရှိ အမေရိကန်စစ်သင်္ချိုင်းကို သမ္မတ Biden သွားရောက်ဂါရဝပြု


အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြင်သစ်နိုင်ငံမှာ ပထမကမ္ဘာစစ်က အမေရိကန်ကျဆုံးစစ်သည်တွေရဲ့ စစ်သင်္ချိုင်းရှိရာ Aisne-Marne ကိုသွားရောက်ပြီး ပန်းခွေချ ဂါရဝပြု။ (ဇွန် ၉၊ ၂၀၂၄)
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြင်သစ်နိုင်ငံမှာ ပထမကမ္ဘာစစ်က အမေရိကန်ကျဆုံးစစ်သည်တွေရဲ့ စစ်သင်္ချိုင်းရှိရာ Aisne-Marne ကိုသွားရောက်ပြီး ပန်းခွေချ ဂါရဝပြု။ (ဇွန် ၉၊ ၂၀၂၄)

အမေရိကန်သမ္မတ Joe Biden ဟာ ပြင်သစ်နိုင်ငံချစ်ကြည်ရေးခရီးစဉ်အဆုံးသတ်ပြီး အမေရိကန်ပြည်ထောင်စုကို တနင်္ဂနွေနေ့က ပြန်လည်ထွက်ခွာလာပါပြီ။ ပြင်သစ်ကနေ မထွက်ခွာခင်လေးမှာတော့ ပြင်သစ်မှာရှိတဲ့ Aisne-Marne အမေရိကန်စစ်သင်္ချိုင်းကို သွားရောက် ဂါရဝပြုပါတယ်။

သူ့အရင် သမ္မတ Donal Trump တုန်းကတော့ သူ့ပြင်သစ်ခရီးစဉ်အတွင်း အဲဒီကို မသွားရောက်ပါဘူး။ ပဲရစ်မြို့ပြင် တနာရီလောက်သွားရတဲ့ အဲဒီ အမေရိကန်စစ်သင်္ချိုင်းမှာတော့ ပထမကမ္ဘာစစ်အတွင်းက တိုက်ပွဲကျခဲ့တဲ့ အမေရိကန်စစ်သည် နှစ်ထောင်နှစ်ရာ (၂,၂၀၀) ကျော်ကို အမှတ်တရထားတဲ့ ကျောက်တိုင်တွေရှေ့ အောက်မေ့ဖွယ်အထိမ်းအမှတ်နေရာမှာ သမ္မတဘိုင်ဒန်က ပန်းခွေချ ဂုဏ်ပြုခဲ့ပါတယ်။

အမေရိကန်စစ်သင်္ချိုင်းကိုသွားရောက်တဲ့ ဒီခရီးစဉ်ဟာ ကမ္ဘာမှာ အမေရိကန်ပြည်ထောင်စုရဲ့အခန်းကဏ္ဍကို ထင်ဟပ်စေတယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။ မဟာမိတ်တွေနဲ့အတူ ဆက်ရှိနေဖို့၊ မဟာမိတ်တွေကိုတိုးမြှင့်သွားဖို့ NATO အဖွဲ့ကို ဆက်ပြီး အားကောင်းခိုင်မာစေဖို့ အရေးကြီးတယ်လို့ သမ္မတ Joe Biden က ပြောခဲ့ပါတယ်။

သမ္မတ Biden ဟာ ဒုတိယကမ္ဘာစစ်အတွင်း ဥရောပကို လွတ်မြောက်စေခဲ့တဲ့ D-Day နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် အခု ပြင်သစ်ခရီးစဉ်လာရောက်တာဖြစ်သလို အမေရိကန်နဲ့ ပြင်သစ်ကြား မဟာမိတ်ဖြစ်မှု အထိမ်းအမှတ်ကိုလည်း ပြသခဲ့ပါတယ်။


ပြင်သစ်ရှိ အမေရိကန်စစ်သင်္ချိုင်းကို သမ္မတ Biden သွားရောက်ဂါရဝပြု
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG