သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်ကိုပစ်မှတ်ထား အရေးယူရေး အထက်လွှတ်တော်အမတ်တွေ အဆိုပြု


မြန်မာပြည်ဘက်မှ ဘင်္ဂလားနိုင်ငံဘက်ကို တိမ်းရှောင်လာတဲ့ ရိုဟင်ဂျာမူဆလင်များ။ (အောက်တိုဘာ ၁၂-၂၀၁၇)
မြန်မာပြည်ဘက်မှ ဘင်္ဂလားနိုင်ငံဘက်ကို တိမ်းရှောင်လာတဲ့ ရိုဟင်ဂျာမူဆလင်များ။ (အောက်တိုဘာ ၁၂-၂၀၁၇)

ရိုဟင်ဂျာတွေအပေါ် ကျုးလွန်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေအတွက် ပစ်မှတ်ထား အရေးယူဒဏ်ခတ်ဖို့ အမေရိကန် အထက်လွှတ်တော်က ဥပဒေကြမ်းတခုကို အဆိုပြုလိုက်ပါတယ်။ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်နေတယ်လို့ စွပ်စွဲထားတဲ့ မြန်မာစစ်တပ်အပေါ် ပစ်မှတ်ထား အရေးယူမယ့် ဥပဒေကြမ်းကိုတော့ ရီပတ်ဘလစ်ကန် ပါတီက John McCain ဒီမိုကရက်တစ်ပါတီက Ben Cardin တို့ အပါအဝင် အမေရိကန် အထက်လွှတ်တော်က ထင်ရှားတဲ့ အမတ်တွေ ပူးတွဲ အဆိုပြုခဲ့ကြတာပါ။

ဥပဒေကြမ်းမှာတော့ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ရာမှာ တာဝန်ရှိတဲ့ စစ်ဘက်ဆိုင်ရာ အဆင့်မြင့် ပုဂ္ဂိုလ်တွေအပေါ် ပိတ်ဆို့ဒဏ်ခတ်တာ၊ ခရီးသွားလာခွင့် ကန့်သတ်တာတွေ ပါဝင်မှာဖြစ်ကြောင်းလည်း မနေ့တုန်းက ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့တာပါ။ အကြမ်းဖက်မှုတွေ ရပ်တန့်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက အတည်ပြုနိုင်တဲ့ အချိန်အထိ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးတွေကို တားမြစ်ထားဖို့လည်း ထည့်သွင်းထားပါတယ်။

ဥပဒေကြမ်းကို ပူးတွဲ အဆိုပြုခဲ့သူ တဦးဖြစ်တဲ့ John McCain ကတော့ ရိုဟင်ဂျာတွေအပေါ် ပြုမူဆက်ဆံနေတာတွေကို အမေရိကန်နဲ့ နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ ပြင်းပြင်းထန်ထန် တုန့်ပြန်ဖို့ လိုအပ်ကြောင်း ကြေညာချက်မှာ ပြောဆိုခဲ့တာပါ။

လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် နောက်ဆက်တွဲ အကျိုးဆက်တွေ ခံစားရမယ် ဆိုတာကို မြန်မာအာဏာပိုင်တွေ သိနိုင်အောင် အမေရိကန်သမ္မတက လုပ်နိုင်မယ့် ဥပဒေကြမ်း ဖြစ်ကြောင်းလည်း အထက်လွှတ်တော်အမတ် Ben Cardin က ပြောဆိုခဲ့ပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ လုံခြုံရေးကင်းစခန်း ၃၀ လောက်ကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက်အုပ်စုကို မြန်မာစစ်တပ်က လိုက်လံ ချေမှုန်းရာက နောက်ဆက်တွဲအဖြစ် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသူပေါင်းဟာ ၆ သိန်းကျော်အထိ ရှိနေပြီလို့လည်း ကုလသမဂ္ဂက ခန့်မှန်းထားတာပါ။

မြန်မာစစ်တပ်ကတော့ စစ်ဆင်ရေးတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်မှုတွေ ရှိ-မရှိ စုံစမ်းစစ်ဆေးနေကြောင်းနဲ့ တွေ့ရှိချက်တွေကို သတင်းထုတ်ပြန်မှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

မြန်မာစစ်တပ်ကိုပစ်မှတ်ထား အရေးယူရေး အထက်လွှတ်တော်အမတ်တွေ အဆိုပြု
please wait

No media source currently available

0:00 0:01:28 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG