သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ လက်ဘနွန်ဝန်ကြီးချုပ် တွေ့ဆုံ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken နဲ့ လက်ဘနွန် ဝန်ကြီးချုပ် Najib Mikati တို့တွေ့ဆုံနေစဉ် (အောက်တိုဘာ ၂၅၊ ၂၀၂၄)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken နဲ့ လက်ဘနွန် ဝန်ကြီးချုပ် Najib Mikati တို့တွေ့ဆုံနေစဉ် (အောက်တိုဘာ ၂၅၊ ၂၀၂၄)

လက်ဘနွန်နိုင်ငံထဲကို အစ္စရေးက လေကြောင်းကနေ ဆက်လက် တိုက်ခိုက်နေချိန်မှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဒီနေ့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ လက်ဘနွန်ဝန်ကြီးချုပ်နဲ့တွေ့ဆုံပါတယ်။ လက်ဘနွန်နိုင်ငံအတွင်းက ဟစ်ဇ်ဘိုလာ အကြမ်းဖက်အဖွဲ့ကို နှိမ်နှင်းပေးဖို့ လက်ဘနွန်အစိုးရကို အမေရိကန်ပြည်ထောင်စုက ဖိအားပေးနေတာပါ။

အရှေ့အလယ်ပိုင်း ဒေသ ခရီးစဉ်က ပြန်လာတဲ့ ဝန်ကြီး Blinken နဲ့ ပါရီမှာ ကျင်းပတဲ့ လက်ဘနွန်ညီလာခံကို တက်ရောက်ပြီး ရောက်လာတဲ့ လက်ဘနွန် ဝန်ကြီးချုပ် Najib Mikati တို့ လန်ဒန်မှာ တွေ့ဆုံကြတာပါ။ ဟစ်ဇ်ဘိုလာအဖွဲ့ကိုပစ်မှတ်ထားပြီး လက်ဘနွန်မှာ အစ္စရေးက ဗုံးကြဲတိုက်ခိုက်နေတာတွေ ချက်ခြင်းရပ်ဆိုင်းဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောမသွားပေမဲ့ ပဋိပက္ခကို သံတမန်ရေးအရ အမြန်ဆုံး ညှိနိုင်းအဖြေရှာဖို့ကိုတော့ တောင်းဆို သွားပါတယ်။ ဂါဇာနဲ့ လက်ဘနွန်မှာဖြစ်နေတဲ့ပဋိပက္ခတွေ အဆုံးသတ်စေဖို့ကြိုးစားတဲ့အနေနဲ့ ရက်ပိုင်းအတွင်း ညှိနှိုင်းရေးမှူးတွေ တွေ့ဆုံ ဆွေးဖို့ရှိတယ်လို့ ဝန်ကြီး Blinken က မနေ့က ပြောဆိုထားပါတယ်။

ဒါ့အပြင်အမေရိကန်က ပါလက်စတိုင်းပြည်သူတွေအတွက် နောက်ထပ် ဒေါ်လာ ၁၃၅ သန်း အကူအညီပေးမှာဖြစ်ကြောင်းလည်း မနေ့က ကြေညာခဲ့ပါတယ်။ ဒီအတောအတွင်း လက်ဘနွန်နိုင်ငံ တောင်ပိုင်း Hasbaya မြို့မှာ အစ္စရေးက ဒီနေ့ မနက်စောစော ဗုံးကြဲတိုက်ခိုက်တဲ့အချိန် သတင်းသမားတွေနဲ့ တခြားသူတွေ တည်းခိုနေတဲ့ နေရာကို ထိမှန်ခဲ့တာကြောင့် သတင်းသမား အနည်းဆုံး ၃ ယောက်သေဆုံးသွားတယ်လို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနနဲ့ ဒေသခံ သတင်းတွေက ဖေါ်ပြပါတယ်။ သေဆုံးတဲ့ သတင်းသမားတွေထဲမှာ အီရန် လိုလားတဲ့ Al-Mayadeen သတင်းဌာနနဲ့ Hezbollah ရဲ့ Al-Manar သတင်းဌာနက ကင်မရာသမားတွေ ပါဝင်ပါတယ်။

ကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ လက်ဘနွန်ဝန်ကြီးချုပ် တွေ့ဆုံ
please wait

No media source currently available

0:00 0:00:49 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG