သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump ကိုဝေဖန်ထားတဲ့ Fear စာအုပ် အရောင်းရဆုံး စာရင်းဝင်


စာရေးဆရာ Woodward ရေးသားတဲ့ Fear စာအုပ်
စာရေးဆရာ Woodward ရေးသားတဲ့ Fear စာအုပ်

အမေရိကန်သမ္မတနဲ့အိမ်ဖြူတော်အကြောင်းရေးသားထားတဲ့ Fear ဆိုတဲ့စာအုပ်ဟာ အမေရိကန်မှာ အရောင်းရဆုံး စာအုပ်အသစ်တအုပ်ဖြစ်နေပြီး ဒီစာအုပ်ဟာ သူ့ကိုစော်ကားပုတ်ခတ်ထားတဲ့စာအုပ်လို့ သမ္မတ Donald Trump က အပြင်း အထန်ကန့်ကွက်နေပါတယ်။

စာရေးဆရာ Woodward ရေးသားတဲ့ ဒီစာအုပ်ဟာ ရယ်စရာပျက်လုံးတခုပါပဲလို့ သမ္မတ ထရမ့်ကဆိုပါတယ်။ Fear စာအုပ်ဟာ သမ္မတထရမ့်ရဲ့ အိမ်ဖြူတော်သက်တမ်းလပေါင်း၂၀ အတွင်း ကသောင်းကနင်း ဖြစ်နေတာတွေကို စုံစမ်းလေ့လာပြီးရေးသားထားတဲ့စာအုပ်ဖြစ်ပါတယ်။ အခုဒီစာအုပ်ဟာ ဒီကနေ့ထွက်လာမှာဖြစ်ပြီး Amazon အွန်လိုင်းဈေးကွက်မှာတော့ နံပတ်တစ် အရောင်းရဆုံးစာအုပ်ဖြစ်နေပါတယ်။

စာရေးသူ Woodward ဟာ အမေရိကန်သတင်းစာလောကမှာ အရှိန်အဝါကြီးမားတဲ့ သတင်းစာတစောင်ဖြစ်တဲ့ ဝါရှင်တန်ပို့စ်သတင်းစာမှာ သတင်းသမားအဖြစ်ရော၊ တည်းဖြတ်သူအဖြစ်နဲ့ပါ နှစ်အတော်ကြာအောင်လုပ်ဆောင်ခဲ့ဖူးသူတဦးဖြစ်ပါတယ်။ အခုသူ့ရဲ့ စာအုပ် အသစ်ထဲမှာ အမည်မဖေါ်လိုတဲ့သတင်းရပ်ကွက်တွေနဲ့ အတည်ပြုချက်မပေးနိုင်တဲ့သူတွေကို ကိုးကားပြီးဖေါ်ပြထားတယ်၊ Woodward ဟာ လူလိမ်တဦးလို့လည်း သမ္မတ Trump ကပြောပါတယ်။ လုံးဝအဆင်အခြင်မရှိရေးသားထားတဲ့စာအုပ် တအုပ်ပဲလို့လည်း အိမ်ဖြူတော် ပြောခွင့်ရအမျိုးသမီး ဆာရာဆန်ဒါးစ်ကတုံ့ပြန်ပါတယ်။

Trump ကိုဝေဖန်ထားတဲ့ Fear စာအုပ် အရောင်းရဆုံး စာရင်းဝင်
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG