သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ် တိုက်ပွဲ ထိုင်း မြန်မာနယ်စပ်ကုန်သွယ်ရေးကို မထိခိုက်


မဲဆောက် မြဝတီမြို့ မှာရှိတဲ့ ထိုင်း-မြန်မာ နယ်စပ်ဂိတ်
မဲဆောက် မြဝတီမြို့ မှာရှိတဲ့ ထိုင်း-မြန်မာ နယ်စပ်ဂိတ်

မြန်မာနယ်စပ်မှာ လက်နက်ကိုင်ပဋိပက္ခနဲ့ မတည်ငြိမ်မှုတွေ ရှိခဲ့ပေမဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း ထိုင်း မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ ဘတ်ငွေ ၁၁ ဒသမ ၄ ဘီလျံ အထိ ရှိပြီး အရင်ကနဲ့ စာရင် ၆ ဒသမ ၅ ရာခိုင်နှုန်း တိုးခဲ့တဲ့အကြောင်း ထိုင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နိုင်ငံခြားကုန်သွယ်ရေးဌာနဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် Arada Fuengthong ပြောဆိုတာကို ဒီနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးပါတယ်။

မဲဆောက်တဘက်ကမ်း မြဝတီမြို့ဘက်မှာ လက်နက်ကိုင် တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့လပိုင်းတွေအတွင်း ကုန်သွယ်ရေးလမ်းတွေ ပြတ်တောက်ခဲ့ပေမဲ့ တခြား လမ်းကြောင်းတွေဖြစ်တဲ့ ရနောင်း၊ မယ်ဆိုင်နဲ့ ဆန်ခလဘူရီကနေ ထိုင်းနိုင်ငံက ကုန်တွေ တင်ပို့နိုင်ခဲ့တဲ့အကြောင်း Mrs Arada က ပြောပါတယ်။ ထိုင်းနိုင်ငံကထွက်တဲ့ သန့်စင်ပြီးသား ဒီဇယ်၊ ဓါတ်ဆီ၊ ဖျော်ရည်တွေ၊ ကြမ်းခင်း ကြွေပြားတွေကို မြန်မာနိုင်ငံကို အဓိက တင်ပို့နိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။

၂၀၀၄ ခုနှစ် နိုဝင်ဘာလအထိ ၁၁ လအတွင်း ထိုင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ကုန်သွယ်မှု ပမာဏ ထိုင်းဘတ်ငွေ ၁ ဒသမ ၆၆ တြီလျံအထိ ၆ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ တလထဲမှာတင် အိမ်နီးချင်းနိုင်ငံတွေနဲ့ ထိုင်းနိုင်ငံအကြား နယ်စပ်ကုန်သွယ်မှု ပမာဏ ဘတ်ငွေ ၈၂ ဒသမ ၄ ဘီလျံအထိ တိုးလာခဲ့ပြီး နှစ်စဉ် ၄ ဒသမ ၆ ရာခိုင်နှုန်း တိုးလာခဲ့တာပါ။

နယ်စပ်ကုန်သွယ်ရေးမှာ မလေးရှားနိုင်ငံက အများဆုံးဖြစ်ပြီး လာအို၊ မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက နောက်က အစဉ်လိုက် အများဆုံး ဖြစ်တဲ့အကြောင်းလည်း ထိုင်း ကူန်းသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

Forum

XS
SM
MD
LG