သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအစိုးရတွင်း မြန်မာ့ရေးရာ အထူးအဖွဲ့အစည်းအဝေး ကျင်းပဖို့ ပြင်ဆင်


ထိုင်းနိုင်ခြားရေးဝန်ကြီးသစ် Maris Sangiampongsa
ထိုင်းနိုင်ခြားရေးဝန်ကြီးသစ် Maris Sangiampongsa

မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မဟာဗျူဟာရေးဆွဲရေး၊ စောင့်ကြည့်ရေးနဲ့ အစိုးရအဖွဲ့တွေကြား ဆက်သွယ်ညှိနှိုင်းရေး ထိုင်းအစိုးရ အထူးအဖွဲ့ ပထမအကြိမ်အစည်းအဝေးကို လာမယ့် ဇန္နဝါရီလ ၁၃ ရက်နေ့ ကျင်းပမယ့်အကြောင်း အစိုးရသတင်းရပ်ကွက်ကို ကိုးကားပြီး ထိုင်း PBS သတင်းမှာ ဖေါ်ပြပါတယ်။

မြန်မာ့ရေးရာအထူးအဖွဲ့ကို ထိုင်း နိုင်ငံခြားရေးဝန်ကြီး Maris Sagiampongsa က ကြီးကြပ်ပြီး ပြည်ထဲရေး ဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ အမျိုးသားလုံခြုံရေးကောင်စီနဲ့ နိုင်ငံခြားရေးဌာန ထိပ်တန်းအရာရှိတွေ ပူးပေါင်း ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

အရင်က မြန်မာ့ရေးရာ အထူးအဖွဲ့ကို ကြီးကြပ်ခဲ့တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း Parnpree Bahiddha-Nukara ပြီးခဲ့တဲ့နှစ်မေလ နုတ်ထွက်သွားကတည်းက အဖွဲ့ကို ဖျက်သိမ်းခဲ့သလို အစည်းအဝေးတွေလည်း ကျင်းပနိုင်ခဲ့ခြင်း မရှိပါဘူး။ အခု အသစ်ဖွဲ့စည်းလိုက်တဲ့ အထူးအဖွဲ့ဟာ မြန်မာနိုင်ငံရဲ့ အခြေအနေကို စောင့်ကြည့်ပြီး ပဋိပက္ခအပေါ် ရေရှည် ရေတို သက်ရောက်နိုင်ခြေကို သုံးသပ်ဖို့ ဖြစ်သလို ပြီးပြည့်စုံတဲ့ မဟာဗျူဟာ ရေးဆွဲနိုင်ရေး ညှိနှိုင်းဖို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ လူသားချင်း စာနာမှု အကူအညီပေးရေးလုပ်ငန်းတွေ အဆက်မပြတ် ဆက်လက် ထောက်ပံ့နိုင်ရေး ကိစ္စတွေလည်း ပါဝင်တယ်လို့ ထိုင်းအစိုးရအရာရှိတွေက ပြောထားပါတယ်။

ဒီဇင်ဘာလအတွင်း မြန်မာ့အိမ်နီးချင်းနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေပါဝင်တဲ့ အလွတ်သဘော ဆွေးနွေးပွဲ ကျင်းပခဲ့ပြီး အခု ဇန္နဝါရီလလယ်မှာ အစိုးရအတွင်း မြန်မာ့အရေးအထူးအဖွဲ့ အစည်းအဝေး ကျင်းပတာပါ။

ထိုင်းအစိုးရတွင်း မြန်မာ့ရေးရာ အထူးအဖွဲ့အစည်းအဝေး ကျင်းပဖို့ ပြင်ဆင်
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG