သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေဌာနေပြန်ရေး ဒေါ်စုနဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဆွေးနွေး


ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

ရိုဟင်ဂျာတွေ ဌာနေပြန်နိုင်ရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ နေပြည်တော်မှာ ဆွေးနွေးကြပါတယ်။

မြန်မာနိုင်ငံဘက်က နေရပ်စွန့်ခွာသွားသူတွေကို ပြန်လည် လက်ခံရေး ပြင်ဆင်ထားမှု၊ ရခိုင်ပြည်နယ်တွင်း နောက်ဆုံး အခြေအနေတွေကို ဆွေးနွေးခဲ့ကြတာပါ။ ရိုဟင်ဂျာတွေ ဘေးကင်းလုံခြုံမှု ရှိရှိနဲ့ မြန်မာနိုင်ငံကို ပြန်နိုင်ရေး အတွက် ဗြိတိန်နိုင်ငံက ဆောင်ရွက်နေပါကြောင်း မနေ့ စနေနေ့က ဘင်္ဂလားဒေရှ့်နိုင်ငံ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေကို သွားရောက်ပြီးနောက်မှာ ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးက ပြောဆိုခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်မှာလည်း ရိုက်တာ သတင်းထောက် နှစ်ဦး ဖမ်းဆီးခံထားရတဲ့ ကိစ္စ ပြောမယ်လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။

နေပြည်တော်မှာ နိုင်ငံတော် အတိုင်ပင်ခံ၊ နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး နောက်မှာတော့ ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးက ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်တွင်း ပြီးခဲ့နှစ်က အကြမ်းဖက်မှုတွေနောက်ပိုင်း ဘင်္ဂလားဒေရှ့်ဘက်ကို ရိုဟင်ဂျာ သိန်းနဲ့ချီ ထွက်ပြေးခဲ့ကြတာ ဖြစ်ပြီး ဒီလူတွေကို ပြန်လည် စိစစ်လက်ခံဖို့ မြန်မာနဲ့ ဘင်္ဂလားဒေရှ့်တို့ နှစ်နိုင်ငံ သဘောတူခဲ့ကြတာပါ။ ဒါပေမယ့် ပြန်လည် စတင် လက်ခံမယ့် ဇန်န၀ါရီလ နှောင်းပိုင်းမှာတော့ ဘင်္ဂလားဒေရှ့်ဘက်က အဆင့်သင့် မဖြစ်သေးတဲ့ အတွက်ဆိုပြီး ရိုဟင်ဂျာတွေ ဌာနေပြန်ရေးကို ဆိုင်းငံ့ထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG