သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုလံပစ် ကို တိုက်ခိုက်ဖို့ မသင်္ကာသူ ၁၀ ဦး Brazil ဖမ်းဆီး


ဘရာဇီးလ်ရဲလုံခြုံရေးဝန်ထမ်းများ။
ဘရာဇီးလ်ရဲလုံခြုံရေးဝန်ထမ်းများ။

ဘရာဇီးလ်နိုင်ငံ Rio de Janeiro မှာ နောက်လကျရင် ကျင်းပမယ့် အိုလံပစ် အားကစားပွဲတွေမှာ တိုက်ခိုက်မှုတွေလုပ်ဖို့ စီစဉ်ထားတယ်လို့ မသင်္ကာရတဲ့ လူ ၁၀ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ နောက်ထပ် ၂ ယောက်ကို လည်း ခေါ်ယူမေးမြန်းခဲ့ပါတယ်။

တရားရေးဝန်ကြီး Alexandre de Moraes ကတော့ - ဒီအဖွဲ့ဟာ အတွေ့အကြုံ လုံးဝမရှိတဲ့ အုပ်စုဖြစ်ပြီး စနစ်တကျ ဖွဲ့စည်းမထားတဲ့ အုပ်စုအဖြစ် ကြာသပတေးနေ့က ပြောဆိုခဲ့တာပါ။ သူတို့ရဲ့ အဖွဲ့ဝင်တချို့ကလည်း IS စစ်သွေးကြွအဖွဲ့ကို သစ္စာခံကြောင်း ကြေညာထားကြပေမဲ့ - တိုက်ရိုက်ဆက်သွယ်မှု ဘာတခုမှမရှိခဲ့ဘူးလို့လည်း တရားရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

အဖွဲ့ဝင်အားလုံးဟာ ဘရာဇီးလ်နိုင်ငံသားတွေဖြစ်ကြပြီး - WhatsApp နဲ့ Telegram တို့လို အင်တာနက်အွန်လိုင်းကနေ ဆက်သွယ် ဖွဲ့စည်းထားတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဖမ်းဆီးမှုတွေနဲ့ စီးနင်းမှုတွေကိုတော့ နိုင်ငံတဝှမ်းမှာ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့တပတ်က ပြင်သစ်နိုင်ငံ Nice မြို့မှာ ထရပ်ကားနဲ့ ဝင်တိုက်တဲ့ အကြမ်းဖက်မှုဖြစ်ခဲ့ပြီးနောက်ပိုင်း သြဂုတ်လ ၅ ရက်နေ့မှာ စတင်မယ့် အိုလံပစ်ပွဲတွေအတွက် လုံခြုံရေးကို တိုးမြှင့်ထားခဲ့တယ်လို့ ဘရာဇီးလ် တာဝန်ရှိသူတွေက ပြောဆိုခဲ့ပါတယ်။

အိုလံပစ် ကို တိုက်ခိုက်ဖို့ မသင်္ကာသူ ၁၀ ဦး Brazil ဖမ်းဆီး
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG