သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရငွေကြေးတွေ ကြိုးကိုင်ချယ်လှယ်ခဲ့ခြင်း မရှိကြောင်း ဘရာဇီးသမ္မတဟောင်းပြော


သမ္မတဟောင်း Dilma Rousseff
သမ္မတဟောင်း Dilma Rousseff

Brazil နိုင်ငံမှာ ရာထူးကယာယီဖယ်ရှားခံထားရတဲ့ သမ္မတဟောင်း Dilma Rousseff ကို ရာထူးကနေအပြီးဖယ်ရှားသင့်မသင့် အထက်လွှတ်တော်မှာ ပြုလုပ်တဲ့ စစ်ဆေးမှုအတွင်း Ms. Rousseff က အစိုးရဘဏ္ဍာငွေတွေကို အလွဲသုံးစားလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆန်ခဲ့ပါတယ်။

“သက်သေအထောက်အထားတွေအရ သူအနေနဲ့ ဘာပြစ်မှုမှ ကျုးလွန်ခြင်းမရှိခဲ့ဘူးဆိုတာ ပြနေပါတယ်။ သူလုပ်ခဲ့တာက လူမှုအသိုင်းအဝိုင်းရဲ့ အကျိုးစီးပွားအတွက်သာဖြစ်ပြီး အစိုးရဘဏ္ဍာငွေတွေလဲ ထိခိုက်မှု မရှိခဲ့ဘူး၊ သူ မတရားစွပ်စွဲခံရတာဖြစ်တယ်”လို့ တနင်္လာနေ့က စစ်ဆေးကြားနာပွဲမှာ Ms. Rousseff ကပြောကြားခဲ့တာပါ။

သူ့ကို ရာထူးကနေ ဖယ်ရှားပြီး တရားစွဲနိုင်ဖို့ လုပ်နေတာဟာ အာဏာသိမ်းတာဖြစ်တယ်ဆိုတာကိုလည်း စစ်ဆေးကြားနာပွဲမှာ အကြိမ်ကြိမ် ပြောခဲ့ပါတယ်။ မတရားမှုတွေကို သူကြုံတွေ့နေရတယ်လို့ အထက်လွှတ်တော်အမတ်တွေရဲ့ မေးမြန်းမှုတွေကို ဖြေကြားစဉ်မှာ ရာထူးကနေ ဖယ်ရှားခံထားရတဲ့ သမ္မတဟောင်းက ဆိုပါတယ်။

အစိုးရဘတ်ဂျက်လိုငွေပြမှုကို မဖော်ပြချင်တဲ့အတွက် တရားမဝင် အစိုးရချေးငွေတွေယူခဲ့တယ်လို့ Dilma Rousseff စွပ်စွဲခံထားရပါတယ်။ ဘရာဇီးနိုင်ငံရဲ့ ပထမဆုံး အမျိုးသမ္မတဖြစ်တဲ့ Rousseff ကသူ့ဖက်က ဘာအမှားမှ မလုပ်ခဲ့ဘဲ အတိုက်အခံတွေက သူ့ကိုရာထူးကနေ ဖယ်ရှားဖို့ ကြိုးစားမှုဖြစ်သလို နိုင်ငံရဲ့ ဒီမိုကရေစီစနစ်ကို လျှော့တွက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ သူက ထပ်ပြီးပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG