သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မပီျပင္ေသးတဲ့ ျမန္မာ့ေရွ႕ေရး


ျမန္မာစစ္ေဘးေရွာင္ ကေလးငယ္မ်ား - IDP Children။ ဓါတ္ပံု - မိုင္ညီဝင္းေမာင္

ျမန္မာႏိုင္ငံရဲ႕ လက္ရွိပဋိပကၡနဲ႔ ပတ္သက္လို႔ ေရွ႕အလားအလာ ဘယ္လို ျဖစ္ႏိုင္တယ္ဆိုတာကို ခန႔္မွန္းသုံးသပ္မႈေတြ အမ်ားအျပား ရွိေနပါတယ္။ HRW လူ႔အခြင့္အအေရးအဖြဲ႔ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာအႀကံေပး David Mathieson ကေတာ့ ဘယ္ဘက္ကႏိုင္မယ္၊ ဘယ္ဘက္ကရႈံးမယ္လို႔ ေျပာရင္ အေဆာတလ်င္ ဆံုးျဖတ္ရာက်မယ္၊ ျပည္ပကအကူအညီနဲ႔ ေအာင္ပြဲရမယ္လို႔ ေမွ်ာ္လင့္ရင္ လမ္းမွားလိုက္ရာက်မယ္လို႔ ဆိုပါတယ္။ ျမန္မာ့အေရးကို ကာလတာရွည္ ေစာင့္ၾကည့္ေလ့လာေနတဲ့ David Mathieson နဲ႔ ဦးေက်ာ္ဇံသာ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ ဒီေန႔ ျမန္မာႏိုင္ငံမွာ ျဖစ္လာေနတဲ့ အတိုက္အခံအင္အားစုေတြ၊ တြန္းလွန္ခုခံေနတဲ့ အင္အားစုေတြက အေရးသာလာတယ္။ နယ္ေျမေတြ ပိုမိုသိမ္းပိုက္လာေနတယ္ စသည္ျဖင့္ အမ်ဳိးမ်ဳိးေျပာေနၾကပါတယ္။ ဆုိေတာ့ David ဟာ ျမန္မာႏုိင္ငံအေရးကို အနီးကပ္ေစာင့္ၾကည့္လာေနတဲ့ လူတေယာက္အေနနဲ႔ ဒီသံုးသပ္ခ်က္ေတြကို သေဘာတူပါသလား။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ဘယ္လိုေျပာလိုပါသလဲ။

ေျဖ ။ ။ ဒီလိုသံုးသပ္ခ်က္တခ်ဳိ ႔က ဘာေၾကာင့္ ဒီလိုေျပာၾကသလဲဆုိတာကို အရင္စမ္းစစ္ၾကည့္ဖို႔ လိုမယ္လို႔ ထင္ပါတယ္။ လြတ္လပ္ေရးရခ်ိန္ကစလို႔ မႀကံဳဘူးေအာင္ မ်ားျပားတဲ့ ခုခံတိုက္ခိုက္မႈကို ျမန္မာစစ္တပ္ရင္ဆိုင္ေနရတယ္ဆိုတာ သံသယရိွစရာ မလိုပါဘူး။ စစ္မ်က္ႏွာအမ်ားအျပား၊ အုပ္စုအမ်ားအျပား၊ တခ်ဳိ ႔လည္း ၿပီခဲ့တဲ့တႏွစ္အတြင္း ေပၚေပါက္လာတာ၊ တခ်ဳိ ႔လည္း ႏွစ္ေပါင္းမ်ားစြာ ရိွလာခဲ့တာ စသည္ျဖင့္ ရိွေနၿပီး၊ ျမန္မာစစ္တပ္ကို တုိက္ခိုက္ေနတာပါ။ ထိခိုက္နစ္နာမႈေတြ အမ်ားႀကီးရိွေနၿပီး၊ တခ်ဳိ ႔ေဒသေတြမွာ နယ္ေျမဆံုးရွံဳးမႈေတြ ရိွေနပါတယ္။ ဒါေပမဲ့ ကံမေကာင္းအႀကံဳမလွစြာနဲ႔ပဲ တခ်ဳိ ႔ေနရာေတြမွာေတာ့ စစ္တပ္က နယ္ဗ်ဴဟာအသစ္ေတြသံုးၿပီး အလြန္အကၽြံရက္စက္တဲ့ လုပ္ရပ္ေတြနဲ႔ ခုခံတြန္းလွန္အင္အားစုေတြကို ျပန္လွန္တိုက္ခိုက္ေနပါတယ္။ ဒါေၾကာင့္ ဘယ္ဘက္ကႏိုင္တယ္၊ ဘယ္ဘက္က ရွံဳးတယ္လို႔ ေျပာရရင္ေတာ့ သိပ္လြယ္လင့္တကူေျပာရာက်ပါလိမ့္မယ္။ ပဋိပကၡဟာ ေရရွည္ျဖစ္ေနၿပီး၊ ျပည္သူလူထုက ဆင္းရဲမႈေတြကို ဆက္လက္ခံစားေနရတယ္လို႔ ထင္ပါတယ္။ ဆိုေတာ့ ခုခံေရးအင္အားစုေတြဘက္က မၾကာခင္ေအာင္ပြဲရေတာ့မယ္လို႔ ေျပာရင္လဲ တာဝန္မဲ့ရာက်ပါလိမ့္မယ္။

ေမး ။ ။ ခုခံတြန္းလွန္ေနတဲ့ အင္အားစုေတြရဲ ႔ စည္းလံုးညီညႊတ္မႈကိုလည္း က်ေနာ္တုိ႔ ၾကည့္ရေအာင္ပါ။ David ေျပာခဲ့သလိုပဲ စစ္တပ္က သူကတုိက္ခိုက္ေနတဲ့ အုပ္စုအမ်ဳိးမ်ဳိးကို ေနရာေဒသအမ်ဳိးမ်ဳိးမွာ ရင္ဆိုင္ေနရတယ္။ သူတို႔အားလံုးဟာ စစ္တပ္ကို တိုက္ခိုက္တဲ့ေနရာမွာ တစုတစည္းတည္း၊ မဟာဗ်ဴဟာအရ ခ်ဳပ္ကိုင္မႈတခုတည္းေအာက္မွာ လက္တြဲၿပီးေတာ့ တိုက္ေနၾကတယ္လို႔ ေျပာႏိုင္ပါသလား။

ေျဖ ။ ။ တြန္းလွန္ေနတဲ့ဘက္မွာလဲ Unity Command လို႔ေခၚတဲ့ စုစည္းကြပ္ကဲထားတဲ့ ခ်ဳပ္ကိုင္မႈရိွတယ္လို႔ က်ေနာ္ မထင္ပါဘူး။ အဲဒီလိုရိွတယ္ဆိုတဲ့ အေထာက္အထားမ်ဳိး လံုးဝမေတြ႔ရပါဘူး။ AA ရခိုင္တပ္၊ KNLA အုပ္စုမ်ဳိးစံု၊ ကခ်င္ - KIA စသည္ျဖင့္ တိုင္းရင္းသားအဖြဲ႔အစည္းေတြက PDF ေတြနဲ႔ မဟာမိတ္ဖြဲ႔စည္းမႈတခ်ဳိ ႔ ရိွပါတယ္။ ေနာက္ အသစ္ေပၚထြန္းလာတဲ့ KNDP ကရင္နီအမ်ိးသားကာကြယ္ေရးတပ္ဖြဲ႔ဆုိတာလဲ လူအင္အားမ်ားတယ္လို႔ သိရပါတယ္။ သူတို႔ေတြက NUG နဲ႔ ပူးေပါင္းေဆာင္ရြက္မႈ ကတိကဝတ္ေတြ ရိွၾကေပမဲ့ NUG ရဲ ႔ စစ္ဆင္ေရးကြပ္ကဲမႈေအာက္မွာ မရိွပါဘူး။ NUG မွာလဲ သူတုိ႔ ကာကြယ္ေရးဝန္ႀကီးဌာနလက္ေအာက္မွာ တပ္ဖြဲ႔ေတြ ရိွပါတယ္။ ဒါေပမဲ့ စစ္ကိုင္း၊ မေကြးနဲ႔ တခ်ဳိ ႔ေဒသေတြမွာ ရိွေနတဲ့ PDF ေတြလည္း NUG ရဲ ႔ ကြပ္ကဲမႈေအာက္မွာ တိုက္ရိုက္ရိွေနတာမ်ဳိး မဟုတ္ပါဘူး။ NUG အေနနဲ႔ ေျမာက္ပိုင္းေဒသေတြကို ေန႔စဥ္ပံုမွန္ထိန္းခ်ဳပ္ကြက္ကဲဖို႔ လက္လွမ္းမမီွႏိုင္ပါဘူး။ ဆိုေတာ့ က်ေနာ္တို႔ ေတြ႔ေနရတာက သူ႔ေနရာနဲ႔သူ သီးျခားဆီ ရိွေနတဲ့ ပဋိပကၡအသြင္ ျဖစ္ေနပါတယ္။

ေမး ။ ။ ဒီအတုိင္းဆိုရင္ စစ္ေကာင္စီအစိုးရ ၿပိဳလဲသြားေအာင္ လုပ္ဖို႔အတြက္ အလားအလာ မရိွေသးဘူးဆိုတဲ့သေဘာလား။

ေျဖ ။ ။ က်ေနာ္က သူတုိ႔ကို အစိုးရလို မေခၚပါဘူး။ သူတို႔ဟာ တရားမဝင္တဲ့ စစ္အုပ္စုပါ။ အာဏာသိမ္းၿပီး အလြန္အကၽြံရက္စက္တဲ့ လုပ္ရပ္ေတြနဲ႔ အာဏာရယူထားတာပါ။ တခ်ဳိ ႔ေဒသေတြမွာ သူတုိ႔ေနာက္ဆုတ္ေနရတာကို ေတြ႔ရပါတယ္္။ က်န္တခ်ဳိ ႔ေနရာေတြမွာေတာ့ ေလေၾကာင္းစစ္ဆင္မႈနဲ႔ လက္နက္ႀကီးေတြနဲ႔ အရပ္သားပစ္မွတ္ေတြကို တိုက္ခိုက္ေနပါတယ္။ ဒါဟာ သူတို႔အေနနဲ႔ ေသြးရူးေသြးတန္း ျဖစ္ေနတယ္ဆိုတာကို ျပေနတာပါ။ ဒါေပမဲ့ ဒီအေျခအေနက မၾကာခင္မွာ စစ္အုပ္စု ၿပိဳလဲပ်က္ဆီးေတာ့မယ္ဆိုတဲ့ အဆင့္မ်ဳိး ေရာက္ေနၿပီလို မထင္ပါဘူး။ တခ်ဳိ ႔ေဒသေတြမွာ သူတို႔အုပ္စိုးမႈ၊ တစိတ္တပို္င္း ၿပိဳပ်က္တာ၊ က်န္အခ်ဳိ ႔ေနရာေတြမွာ ထြက္ေပါက္မရိွ ျဖစ္ေနတာေတာ့ ျဖစ္ႏိုင္ပါတယ္။ ေနရာအလိုက္ ကြက္ၿပီးေျပာရမယ့္၊ အေျခအေနမ်ဳိး ျဖစ္ေနပါတယ္။

ေမး ။ ။ စစ္တပ္ဘက္ကိုလည္း ၾကည့္ရေအာင္ပါ။ စစ္တပ္မွာလဲ သေဘာထားကြဲလြဲမႈေတြ ရိွေနတယ္လို႔ သံုးသပ္သူေတြက ေျပာေနပါတယ္။ ၿပီးေတာ့ သူတုိ႔ဘက္မွာ တိုက္ခ်င္စိတ္ကုန္ခမ္းေနၾကတယ္။ တခ်ဳိ ႔လဲ တပ္ကိုစြန္႔ခြါေနၾကတယ္။ တခ်ဳိ ႔ကလဲ ဘက္ေျပာင္းသြားၾကတယ္လို႔ အမ်ဳိးမ်ဳိး သတင္းေတြလည္း ၾကားေနရပါတယ္။ ဆိုေတာ့ ဒီအခ်က္ေတြကေကာ စစ္တပ္အေနနဲ႔ သူတို႔ဘာသာ က်ရွံဳးသြားေစမယ့္ အေျခအေန ဆိုက္ေရာက္ႏုိင္မယ့္ အလားအလာေကာ မရိွဘူးလား။

ေျဖ ။ ။ ဒါက သိပ္က်ယ္ျပန္႔တဲ့ကိစၥပါ။ တခုကေတာ့ အဆင့္ျမင့္အႀကီးအကဲအဆင့္မွာ သေဘာထားကြဲၾကတယ္ဆိုတဲ့ အခ်က္ ျဖစ္ပါတယ္။ ကံမေကာင္းအေၾကာင္းမလွစြာနဲ႔ပဲ ဒါဟာ မွားယြင္းတဲ့ ထင္ျမင္ယူဆခ်က္ ျဖစ္ပါတယ္။ အျခားအဆင့္ေတြကို ေျပာရရင္ေတာ့ ထိခိုက္က်ဆံုးမႈေတြ အမ်ားႀကီးရိွေနတယ္ဆိုတာ ေသခ်ာပါတယ္။ ႏွစ္ေပါင္းမ်ားစြာအတြင္း အထိနာဆံုးအေျခအေနပါ။ ေနာက္ထြက္ေျပးတာ၊ ဘက္ေျပာင္းတာေတြလည္း ရိွပါတယ္။ ဒါေပမဲ့ ဒီေလာက္နဲ႔ စစ္တပ္ၿပိဳကြဲသြားမယ္လို႔ မေျပာႏိုင္ပါဘူး။ ၂၀၂၂ မွာ ၿပိဳကြဲသြားမယ္လို႔ ေျပာေနၾကတာကေတာ့ သိပ္က်ယ္က်ယ္ျပန္႔ျပန္႔ မစဥ္းစားၾကလိုပဲ ျဖစ္ပါတယ္။

ေမး ။ ။ ဆိုေတာ့ ဒီေနရာမွာ တခ်ဳိ ႔ကေျပာၾကတယ္ တြန္းလွန္ခုခံေနတဲ့ အင္အားစုေတြမွာ အဓိက လိုအပ္ေနတာ လက္နက္ပဲ ျဖစ္တယ္။ အထူးသျဖင့္ ျပည္ပက လက္နက္အင္အား ပံ့ပိုးမႈ ရႏိုင္မယ္ဆိုရင္ စစ္တပ္ကို သူတုိ႔ျဖဳတ္ခ်ႏိုင္တဲ့အဆင့္အထိ ေရာက္သြားလိမ့္မယ္လို႔ ေျပာေနၾကပါတယ္။ ဒါေကာ တကယ္ျဖစ္လာႏိုင္ပါသလား။ စစ္တပ္ကို ဖယ္ရွားႏိုင္ဖို႔အတြက္ အတိုက္အခံအင္အားစုေတြဘက္မွာ အဓိကလိုအပ္ခ်က္ေတြက ဘာလို႔ထင္ပါသလဲ။

ေျဖ ။ ။ ႏွစ္ခ်က္ရိွပါတယ္။ တကယ္လို႔ ခုခံတြန္းလွန္အင္အားစုေတြ လက္နက္ပိုရလာရင္၊ သူတုိ႔ဟာ စစ္ေျမျပင္မွာ ေအာင္ပြဲေတြ ပိုရလာႏိုင္တဲ့ အလားအလာ ရိွပါတယ္။ နယ္ေျမနဲ႔ လူထုကို ပိုၿပီးထိန္းခ်ဳပ္လာႏိုင္ၿပီး၊ စစ္ေကာင္စီရဲ ႔နယ္ေျမ ဆုတ္ယုတ္သြားႏိုင္ပါတယ္။ ဒုတိယတခ်က္ကေတာ့ ႏိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ ခုခံတြန္းလွန္တဲ့ အင္အားစုကို စစ္လက္နက္တပ္ဆင္ေပးဖို႔ဆိုတာ သိပ္ကိုမျဖစ္ႏိုင္တဲ့ကိစၥပါ။ ကုလအေနနဲ႔ စစ္ေကာင္စီကို လက္နက္ပိတ္ပင္ဖို႔အေရးမွာ ထိထိေရာက္ေရာက္ လုပ္ေဆာင္ဖို႔ တုန္႔ေႏွးေနတာပါ။ ဒါေတြကို ေမွ်ာ္လင့္ေနရင္ေတာ့ လမ္းေၾကာင္းလြဲႏုိင္တဲ့ကိစၥပါ။ NUG, EAOs ေတြအေနနဲ႔ မိမိတို႔ကိုယ္သာ အားကိုးရမွာ ျဖစ္ပါတယ္။ ႏုိင္ငံတကာအသိုင္းအဝိုင္းကေန လက္နက္အကူအညီရမယ္လို႔ မေမွ်ာ္လင့္ႏိုင္ပါဘူး။ ဆိုေတာ့ အဲဒီလို ျပည္ပလက္နက္အကူအညီနဲ႔ အင္အားခ်ိန္းခြင္လွ်ာမွာ ကိုယ္ဘက္က သာလြန္လာလိမ့္မယ္လို႔ ခန္႔မွန္းတြက္ဆေနမယ္ဆိုရင္ ဒါဟာ လမ္းမွားကိုလိုက္ေနတာလို႔ ထင္ပါတယ္။

ေမး ။ ။ ဒီအတိုင္းဆိုရင္ ဒီပဋိပကၡက တိုက္ပြဲက တာရွည္မယ့္သေဘာေပါ့။ တခ်ိန္တည္းမွာပဲ ျပည္သူလူထုရဲ ႔ ဒုကၡေတြကလဲ မ်ားလွပါၿပီ။ သူတုိ႔က ဒုကၡမ်ဳိးစံုကို ႀကံဳေနရပါတယ္။ ဆိုေတာ့ ဘယ္ေတာ့မ်ား ဒီတုိက္ပြဲကေန ထြက္ေပါက္ေတြ႔မယ္။ ျပည္သူလူထုေတြ ဒုကၡကေန လြတ္ေျမာက္ႏိုင္မယ္လို႔ ခန္႔မွန္းၾကည့္ပါအံုး။

ေျဖ ။ ။ ကံမေကာင္းအေၾကာင္းမလွစြာနဲ႔ပဲ က်ေနာ္လည္း ထြက္ေပါက္ကို မျမင္မိပါဘူး။ စစ္ေကာင္စီကလဲ ေစ့စပ္ညိွႏိႈင္းလိုတဲ့ အရိပ္လကၡဏာ တစံုတရာ မေတြ႔ရပါဘူး။ သူတုိ႔တကယ္ေျပာေနတာက NUG က အၾကမ္းဖက္အုပ္စုျဖစ္ၿပီး၊ သူတုိ႔နဲ႔ ေစ့စပ္မွာ မဟုတ္ဘူးဆိုတာ ျဖစ္ပါတယ္။ သူတို႔ဟာ တုိင္းရင္းသားလက္နက္ကိုင္အင္အားစု EAOs ေတြနဲ႔ ေစ့စပ္ေနတယ္လို႔ ဆိုပါတယ္။ ဒါကလဲ တကယ့္စိတ္ရင္းမွန္၊ သေဘာမွန္နဲ႔ ေျပာတယ္လို႔ က်ေနာ္ေတာ့ မယူဆပါဘူး။ သူတို႔ေဆြးေႏြးေနတာက အဖြဲ႔အစည္းငယ္ေတြ၊ သူတုိ႔မွာ ကိုယ္ပိုင္အစီအစဥ္ေတြ ရိွထားတဲ့ အဖြဲ႔အစည္းေတြသာ ျဖစ္ပါတယ္။ ဒီဆိုးဝါးတဲံ အက်ပ္အတည္းကေန လြတ္ေျမာက္ဖို႔အတြက္ မင္းေအာင္လိႈ္င္နဲ႔ စစ္ေကာင္စီတခုလံုးတို႔မွာ သေဘာထား မွန္ကန္စြာ ေဆြးေႏြးလိုတဲ့ ဆႏၵ ရိွတယ္လို႔ က်ေနာ္ေတာ့ မထင္ပါဘူး။ ခုခံတြန္းလွန္ေနတဲ့ အင္အားစုေတြဘက္မွာလဲ စစ္ေကာင္စီနဲ႔ ေဆြးေႏြးလိုတဲ့လူ သိပ္မေတြ႔ရပါဘူး။ ဆုိေတာ့ ဒီျပည္တြင္းစစ္က ေစ့စပ္ေဆြးေႏြးမႈနဲ႔ လြတ္ေျမာက္ႏိုင္မယ့္ အေျခအေနမ်ဳိး မေတြ႔ရပါဘူး။

ေမး ။ ။ ဆိုေတာ့ ႏုိင္ငံတကာကေရာ ဒီကိစၥကို ဝင္ေရာက္ၿပီးေတာ့ ေစ့စပ္ေပးႏုိင္တဲ့ အလားအလာ မရိွဘူးလား။ ASEAN ရဲ ႔ ေျပာစကားကိုေတာ့ စစ္ေကာင္စီက လံုးဝပယ္ခ်ထားတာကို ေတြ႔ရပါတယ္။ ASEAN ထက္ ပိုၿပီးေတာ့ ၾသဇာေညာင္းႏိုင္တဲ့ အဖြဲ႔အစည္းေတြ၊ အထူးသျဖင့္ ကုလသမဂၢတို႔အေနနဲ႔ ဒီကိစၥကို ဘယ္လိုကိုိင္တြယ္ၿပီး ေျဖရွင္းႏိုင္မယ့္ အလားအလာမ်ဳိး ရိွႏိုင္မယ္ ထင္ပါသလဲ။

ေျဖ ။ ။ ႏိုင္ငံတကာမွာလဲ ဒီလိုေစ့စပ္ညိွႏိႈင္းေပးႏိုင္မယ့္လူပုဂၢိဳလ္၊ အဖြဲ႔အစည္းေတြကို မေတြ႔ရပါဘူး။ ကုလသမဂၢ အထူးကိုယ္စားလွယ္ သြားလာတုန္းကလဲ မင္းေအာင္လိႈင္က လံုးဝအေလးအနက္မထားဘဲ ဆက္ဆံခဲ့ပါတယ္။ ႏုိင္ငံတကာအသိုင္းအဝိုင္းလည္း ယူကရိန္းအေရး၊ အီရန္ျပႆနာအပါအဝင္ တကမာၻလံုးက ပဋိပကၡျပႆနာ အက်ပ္အတည္းေတြနဲ႔ လက္မလည္ႏုိုင္ေအာင္ ျဖစ္ေနတာပါ။ ဒါေၾကာင့္ ျမန္မာႏုိုင္ငံကို ပစ္ပယ္ထားရဟန္ တူပါတယ္။ စာနာမႈေထာက္ပံ့မႈ ေပးႏုိင္ေရး ဗ်ဴဟာကိုပဲ စဥ္းစားေနပါတယ္။ ဒီေလာက္ပဲ လုပ္ႏုိင္ပါတယ္။ ျမန္မာႏုိင္ငံရဲ ႔ ဆုိးဝါးလွတဲ့ အေျခအေနကို မၾကာခင္ အဆံုးသတ္ႏုိုင္မယ့္ အႀကံအစည္းမ်ဳိး အေနာက္ႏုိင္ငံေတြဆီက ထြက္ေပၚလာႏုိင္မယ့္ အလားအလာ မရိွသေလာက္ပါပဲ။

=== Unicode ===

မြန်မာနိုင်ငံရဲ့ လက်ရှိပဋိပက္ခနဲ့ ပတ်သက်လို့ ရှေ့အလားအလာ ဘယ်လို ဖြစ်နိုင်တယ်ဆိုတာကို ခန့်မှန်းသုံးသပ်မှုတွေ အများအပြား ရှိနေပါတယ်။ HRW လူ့အခွင့်အအရေးအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာအကြံပေး David Mathieson ကတော့ ဘယ်ဘက်ကနိုင်မယ်၊ ဘယ်ဘက်ကရှုံးမယ်လို့ ပြောရင် အဆောတလျင် ဆုံးဖြတ်ရာကျမယ်၊ ပြည်ပကအကူအညီနဲ့ အောင်ပွဲရမယ်လို့ မျှော်လင့်ရင် လမ်းမှားလိုက်ရာကျမယ်လို့ ဆိုပါတယ်။ မြန်မာ့အရေးကို ကာလတာရှည် စောင့်ကြည့်လေ့လာနေတဲ့ David Mathieson နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ဒီနေ့ မြန်မာနိုင်ငံမှာ ဖြစ်လာနေတဲ့ အတိုက်အခံအင်အားစုတွေ၊ တွန်းလှန်ခုခံနေတဲ့ အင်အားစုတွေက အရေးသာလာတယ်။ နယ်မြေတွေ ပိုမိုသိမ်းပိုက်လာနေတယ် စသည်ဖြင့် အမျိုးမျိုးပြောနေကြပါတယ်။ ဆိုတော့ David ဟာ မြန်မာနိုင်ငံအရေးကို အနီးကပ်စောင့်ကြည့်လာနေတဲ့ လူတယောက်အနေနဲ့ ဒီသုံးသပ်ချက်တွေကို သဘောတူပါသလား။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုပြောလိုပါသလဲ။

ဖြေ ။ ။ ဒီလိုသုံးသပ်ချက်တချို့က ဘာကြောင့် ဒီလိုပြောကြသလဲဆိုတာကို အရင်စမ်းစစ်ကြည့်ဖို့ လိုမယ်လို့ ထင်ပါတယ်။ လွတ်လပ်ရေးရချိန်ကစလို့ မကြုံဘူးအောင် များပြားတဲ့ ခုခံတိုက်ခိုက်မှုကို မြန်မာစစ်တပ်ရင်ဆိုင်နေရတယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။ စစ်မျက်နှာအများအပြား၊ အုပ်စုအများအပြား၊ တချို့လည်း ပြီခဲ့တဲ့တနှစ်အတွင်း ပေါ်ပေါက်လာတာ၊ တချို့လည်း နှစ်ပေါင်းများစွာ ရှိလာခဲ့တာ စသည်ဖြင့် ရှိနေပြီး၊ မြန်မာစစ်တပ်ကို တိုက်ခိုက်နေတာပါ။ ထိခိုက်နစ်နာမှုတွေ အများကြီးရှိနေပြီး၊ တချို့ဒေသတွေမှာ နယ်မြေဆုံးရှုံးမှုတွေ ရှိနေပါတယ်။ ဒါပေမဲ့ ကံမကောင်းအကြုံမလှစွာနဲ့ပဲ တချို့နေရာတွေမှာတော့ စစ်တပ်က နယ်ဗျူဟာအသစ်တွေသုံးပြီး အလွန်အကျွံရက်စက်တဲ့ လုပ်ရပ်တွေနဲ့ ခုခံတွန်းလှန်အင်အားစုတွေကို ပြန်လှန်တိုက်ခိုက်နေပါတယ်။ ဒါကြောင့် ဘယ်ဘက်ကနိုင်တယ်၊ ဘယ်ဘက်က ရှုံးတယ်လို့ ပြောရရင်တော့ သိပ်လွယ်လင့်တကူပြောရာကျပါလိမ့်မယ်။ ပဋိပက္ခဟာ ရေရှည်ဖြစ်နေပြီး၊ ပြည်သူလူထုက ဆင်းရဲမှုတွေကို ဆက်လက်ခံစားနေရတယ်လို့ ထင်ပါတယ်။ ဆိုတော့ ခုခံရေးအင်အားစုတွေဘက်က မကြာခင်အောင်ပွဲရတော့မယ်လို့ ပြောရင်လဲ တာဝန်မဲ့ရာကျပါလိမ့်မယ်။

မေး ။ ။ ခုခံတွန်းလှန်နေတဲ့ အင်အားစုတွေရဲ့ စည်းလုံးညီညွှတ်မှုကိုလည်း ကျနော်တို့ ကြည့်ရအောင်ပါ။ David ပြောခဲ့သလိုပဲ စစ်တပ်က သူကတိုက်ခိုက်နေတဲ့ အုပ်စုအမျိုးမျိုးကို နေရာဒေသအမျိုးမျိုးမှာ ရင်ဆိုင်နေရတယ်။ သူတို့အားလုံးဟာ စစ်တပ်ကို တိုက်ခိုက်တဲ့နေရာမှာ တစုတစည်းတည်း၊ မဟာဗျူဟာအရ ချုပ်ကိုင်မှုတခုတည်းအောက်မှာ လက်တွဲပြီးတော့ တိုက်နေကြတယ်လို့ ပြောနိုင်ပါသလား။

ဖြေ ။ ။ တွန်းလှန်နေတဲ့ဘက်မှာလဲ Unity Command လို့ခေါ်တဲ့ စုစည်းကွပ်ကဲထားတဲ့ ချုပ်ကိုင်မှုရှိတယ်လို့ ကျနော် မထင်ပါဘူး။ အဲဒီလိုရှိတယ်ဆိုတဲ့ အထောက်အထားမျိုး လုံးဝမတွေ့ရပါဘူး။ AA ရခိုင်တပ်၊ KNLA အုပ်စုမျိုးစုံ၊ ကချင် - KIA စသည်ဖြင့် တိုင်းရင်းသားအဖွဲ့အစည်းတွေက PDF တွေနဲ့ မဟာမိတ်ဖွဲ့စည်းမှုတချို့ ရှိပါတယ်။ နောက် အသစ်ပေါ်ထွန်းလာတဲ့ KNDP ကရင်နီအမျိးသားကာကွယ်ရေးတပ်ဖွဲ့ဆိုတာလဲ လူအင်အားများတယ်လို့ သိရပါတယ်။ သူတို့တွေက NUG နဲ့ ပူးပေါင်းဆောင်ရွက်မှု ကတိကဝတ်တွေ ရှိကြပေမဲ့ NUG ရဲ့ စစ်ဆင်ရေးကွပ်ကဲမှုအောက်မှာ မရှိပါဘူး။ NUG မှာလဲ သူတို့ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှာ တပ်ဖွဲ့တွေ ရှိပါတယ်။ ဒါပေမဲ့ စစ်ကိုင်း၊ မကွေးနဲ့ တချို့ဒေသတွေမှာ ရှိနေတဲ့ PDF တွေလည်း NUG ရဲ့ ကွပ်ကဲမှုအောက်မှာ တိုက်ရိုက်ရှိနေတာမျိုး မဟုတ်ပါဘူး။ NUG အနေနဲ့ မြောက်ပိုင်းဒေသတွေကို နေ့စဉ်ပုံမှန်ထိန်းချုပ်ကွက်ကဲဖို့ လက်လှမ်းမမှီနိုင်ပါဘူး။ ဆိုတော့ ကျနော်တို့ တွေ့နေရတာက သူ့နေရာနဲ့သူ သီးခြားဆီ ရှိနေတဲ့ ပဋိပက္ခအသွင် ဖြစ်နေပါတယ်။

မေး ။ ။ ဒီအတိုင်းဆိုရင် စစ်ကောင်စီအစိုးရ ပြိုလဲသွားအောင် လုပ်ဖို့အတွက် အလားအလာ မရှိသေးဘူးဆိုတဲ့သဘောလား။

ဖြေ ။ ။ ကျနော်က သူတို့ကို အစိုးရလို မခေါ်ပါဘူး။ သူတို့ဟာ တရားမဝင်တဲ့ စစ်အုပ်စုပါ။ အာဏာသိမ်းပြီး အလွန်အကျွံရက်စက်တဲ့ လုပ်ရပ်တွေနဲ့ အာဏာရယူထားတာပါ။ တချို့ဒေသတွေမှာ သူတို့နောက်ဆုတ်နေရတာကို တွေ့ရပါတယ်။ ကျန်တချို့နေရာတွေမှာတော့ လေကြောင်းစစ်ဆင်မှုနဲ့ လက်နက်ကြီးတွေနဲ့ အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်နေပါတယ်။ ဒါဟာ သူတို့အနေနဲ့ သွေးရူးသွေးတန်း ဖြစ်နေတယ်ဆိုတာကို ပြနေတာပါ။ ဒါပေမဲ့ ဒီအခြေအနေက မကြာခင်မှာ စစ်အုပ်စု ပြိုလဲပျက်ဆီးတော့မယ်ဆိုတဲ့ အဆင့်မျိုး ရောက်နေပြီလို မထင်ပါဘူး။ တချို့ဒေသတွေမှာ သူတို့အုပ်စိုးမှု၊ တစိတ်တပိုင်း ပြိုပျက်တာ၊ ကျန်အချို့နေရာတွေမှာ ထွက်ပေါက်မရှိ ဖြစ်နေတာတော့ ဖြစ်နိုင်ပါတယ်။ နေရာအလိုက် ကွက်ပြီးပြောရမယ့်၊ အခြေအနေမျိုး ဖြစ်နေပါတယ်။

မေး ။ ။ စစ်တပ်ဘက်ကိုလည်း ကြည့်ရအောင်ပါ။ စစ်တပ်မှာလဲ သဘောထားကွဲလွဲမှုတွေ ရှိနေတယ်လို့ သုံးသပ်သူတွေက ပြောနေပါတယ်။ ပြီးတော့ သူတို့ဘက်မှာ တိုက်ချင်စိတ်ကုန်ခမ်းနေကြတယ်။ တချို့လဲ တပ်ကိုစွန့်ခွါနေကြတယ်။ တချို့ကလဲ ဘက်ပြောင်းသွားကြတယ်လို့ အမျိုးမျိုး သတင်းတွေလည်း ကြားနေရပါတယ်။ ဆိုတော့ ဒီအချက်တွေကကော စစ်တပ်အနေနဲ့ သူတို့ဘာသာ ကျရှုံးသွားစေမယ့် အခြေအနေ ဆိုက်ရောက်နိုင်မယ့် အလားအလာကော မရှိဘူးလား။

ဖြေ ။ ။ ဒါက သိပ်ကျယ်ပြန့်တဲ့ကိစ္စပါ။ တခုကတော့ အဆင့်မြင့်အကြီးအကဲအဆင့်မှာ သဘောထားကွဲကြတယ်ဆိုတဲ့ အချက် ဖြစ်ပါတယ်။ ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ ဒါဟာ မှားယွင်းတဲ့ ထင်မြင်ယူဆချက် ဖြစ်ပါတယ်။ အခြားအဆင့်တွေကို ပြောရရင်တော့ ထိခိုက်ကျဆုံးမှုတွေ အများကြီးရှိနေတယ်ဆိုတာ သေချာပါတယ်။ နှစ်ပေါင်းများစွာအတွင်း အထိနာဆုံးအခြေအနေပါ။ နောက်ထွက်ပြေးတာ၊ ဘက်ပြောင်းတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဒီလောက်နဲ့ စစ်တပ်ပြိုကွဲသွားမယ်လို့ မပြောနိုင်ပါဘူး။ ၂၀၂၂ မှာ ပြိုကွဲသွားမယ်လို့ ပြောနေကြတာကတော့ သိပ်ကျယ်ကျယ်ပြန့်ပြန့် မစဉ်းစားကြလိုပဲ ဖြစ်ပါတယ်။

မေး ။ ။ ဆိုတော့ ဒီနေရာမှာ တချို့ကပြောကြတယ် တွန်းလှန်ခုခံနေတဲ့ အင်အားစုတွေမှာ အဓိက လိုအပ်နေတာ လက်နက်ပဲ ဖြစ်တယ်။ အထူးသဖြင့် ပြည်ပက လက်နက်အင်အား ပံ့ပိုးမှု ရနိုင်မယ်ဆိုရင် စစ်တပ်ကို သူတို့ဖြုတ်ချနိုင်တဲ့အဆင့်အထိ ရောက်သွားလိမ့်မယ်လို့ ပြောနေကြပါတယ်။ ဒါကော တကယ်ဖြစ်လာနိုင်ပါသလား။ စစ်တပ်ကို ဖယ်ရှားနိုင်ဖို့အတွက် အတိုက်အခံအင်အားစုတွေဘက်မှာ အဓိကလိုအပ်ချက်တွေက ဘာလို့ထင်ပါသလဲ။

ဖြေ ။ ။ နှစ်ချက်ရှိပါတယ်။ တကယ်လို့ ခုခံတွန်းလှန်အင်အားစုတွေ လက်နက်ပိုရလာရင်၊ သူတို့ဟာ စစ်မြေပြင်မှာ အောင်ပွဲတွေ ပိုရလာနိုင်တဲ့ အလားအလာ ရှိပါတယ်။ နယ်မြေနဲ့ လူထုကို ပိုပြီးထိန်းချုပ်လာနိုင်ပြီး၊ စစ်ကောင်စီရဲ့နယ်မြေ ဆုတ်ယုတ်သွားနိုင်ပါတယ်။ ဒုတိယတချက်ကတော့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ခုခံတွန်းလှန်တဲ့ အင်အားစုကို စစ်လက်နက်တပ်ဆင်ပေးဖို့ဆိုတာ သိပ်ကိုမဖြစ်နိုင်တဲ့ကိစ္စပါ။ ကုလအနေနဲ့ စစ်ကောင်စီကို လက်နက်ပိတ်ပင်ဖို့အရေးမှာ ထိထိရောက်ရောက် လုပ်ဆောင်ဖို့ တုန့်နှေးနေတာပါ။ ဒါတွေကို မျှော်လင့်နေရင်တော့ လမ်းကြောင်းလွဲနိုင်တဲ့ကိစ္စပါ။ NUG, EAOs တွေအနေနဲ့ မိမိတို့ကိုယ်သာ အားကိုးရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းကနေ လက်နက်အကူအညီရမယ်လို့ မမျှော်လင့်နိုင်ပါဘူး။ ဆိုတော့ အဲဒီလို ပြည်ပလက်နက်အကူအညီနဲ့ အင်အားချိန်းခွင်လျှာမှာ ကိုယ်ဘက်က သာလွန်လာလိမ့်မယ်လို့ ခန့်မှန်းတွက်ဆနေမယ်ဆိုရင် ဒါဟာ လမ်းမှားကိုလိုက်နေတာလို့ ထင်ပါတယ်။

မေး ။ ။ ဒီအတိုင်းဆိုရင် ဒီပဋိပက္ခက တိုက်ပွဲက တာရှည်မယ့်သဘောပေါ့။ တချိန်တည်းမှာပဲ ပြည်သူလူထုရဲ့ ဒုက္ခတွေကလဲ များလှပါပြီ။ သူတို့က ဒုက္ခမျိုးစုံကို ကြုံနေရပါတယ်။ ဆိုတော့ ဘယ်တော့များ ဒီတိုက်ပွဲကနေ ထွက်ပေါက်တွေ့မယ်။ ပြည်သူလူထုတွေ ဒုက္ခကနေ လွတ်မြောက်နိုင်မယ်လို့ ခန့်မှန်းကြည့်ပါအုံး။

ဖြေ ။ ။ ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ ကျနော်လည်း ထွက်ပေါက်ကို မမြင်မိပါဘူး။ စစ်ကောင်စီကလဲ စေ့စပ်ညှိနှိုင်းလိုတဲ့ အရိပ်လက္ခဏာ တစုံတရာ မတွေ့ရပါဘူး။ သူတို့တကယ်ပြောနေတာက NUG က အကြမ်းဖက်အုပ်စုဖြစ်ပြီး၊ သူတို့နဲ့ စေ့စပ်မှာ မဟုတ်ဘူးဆိုတာ ဖြစ်ပါတယ်။ သူတို့ဟာ တိုင်းရင်းသားလက်နက်ကိုင်အင်အားစု EAOs တွေနဲ့ စေ့စပ်နေတယ်လို့ ဆိုပါတယ်။ ဒါကလဲ တကယ့်စိတ်ရင်းမှန်၊ သဘောမှန်နဲ့ ပြောတယ်လို့ ကျနော်တော့ မယူဆပါဘူး။ သူတို့ဆွေးနွေးနေတာက အဖွဲ့အစည်းငယ်တွေ၊ သူတို့မှာ ကိုယ်ပိုင်အစီအစဉ်တွေ ရှိထားတဲ့ အဖွဲ့အစည်းတွေသာ ဖြစ်ပါတယ်။ ဒီဆိုးဝါးတဲံ အကျပ်အတည်းကနေ လွတ်မြောက်ဖို့အတွက် မင်းအောင်လှိုင်နဲ့ စစ်ကောင်စီတခုလုံးတို့မှာ သဘောထား မှန်ကန်စွာ ဆွေးနွေးလိုတဲ့ ဆန္ဒ ရှိတယ်လို့ ကျနော်တော့ မထင်ပါဘူး။ ခုခံတွန်းလှန်နေတဲ့ အင်အားစုတွေဘက်မှာလဲ စစ်ကောင်စီနဲ့ ဆွေးနွေးလိုတဲ့လူ သိပ်မတွေ့ရပါဘူး။ ဆိုတော့ ဒီပြည်တွင်းစစ်က စေ့စပ်ဆွေးနွေးမှုနဲ့ လွတ်မြောက်နိုင်မယ့် အခြေအနေမျိုး မတွေ့ရပါဘူး။

မေး ။ ။ ဆိုတော့ နိုင်ငံတကာကရော ဒီကိစ္စကို ဝင်ရောက်ပြီးတော့ စေ့စပ်ပေးနိုင်တဲ့ အလားအလာ မရှိဘူးလား။ ASEAN ရဲ့ ပြောစကားကိုတော့ စစ်ကောင်စီက လုံးဝပယ်ချထားတာကို တွေ့ရပါတယ်။ ASEAN ထက် ပိုပြီးတော့ သြဇာညောင်းနိုင်တဲ့ အဖွဲ့အစည်းတွေ၊ အထူးသဖြင့် ကုလသမဂ္ဂတို့အနေနဲ့ ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ပြီး ဖြေရှင်းနိုင်မယ့် အလားအလာမျိုး ရှိနိုင်မယ် ထင်ပါသလဲ။

ဖြေ ။ ။ နိုင်ငံတကာမှာလဲ ဒီလိုစေ့စပ်ညှိနှိုင်းပေးနိုင်မယ့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို မတွေ့ရပါဘူး။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သွားလာတုန်းကလဲ မင်းအောင်လှိုင်က လုံးဝအလေးအနက်မထားဘဲ ဆက်ဆံခဲ့ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းလည်း ယူကရိန်းအရေး၊ အီရန်ပြဿနာအပါအဝင် တကမ္ဘာလုံးက ပဋိပက္ခပြဿနာ အကျပ်အတည်းတွေနဲ့ လက်မလည်နိုင်အောင် ဖြစ်နေတာပါ။ ဒါကြောင့် မြန်မာနိုင်ငံကို ပစ်ပယ်ထားရဟန် တူပါတယ်။ စာနာမှုထောက်ပံ့မှု ပေးနိုင်ရေး ဗျူဟာကိုပဲ စဉ်းစားနေပါတယ်။ ဒီလောက်ပဲ လုပ်နိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဆိုးဝါးလှတဲ့ အခြေအနေကို မကြာခင် အဆုံးသတ်နိုင်မယ့် အကြံအစည်းမျိုး အနောက်နိုင်ငံတွေဆီက ထွက်ပေါ်လာနိုင်မယ့် အလားအလာ မရှိသလောက်ပါပဲ။

XS
SM
MD
LG