သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

BRICS နိုင်ငံတွေကို အခွန် တိုးကောက်နိုင်ခြေ ထရမ့်ခြိမ်းခြောက်


ရုရှားနိုင်ငံ Kazan မြို့မှာကျင်းပခဲ့တဲ့ BRICS 2024 ထိပ်သီးဆွေးနွေးပွဲထဲက အစည်းအဝေးတခု (အောက်တိုဘာ ၂၄၊ ၂၀၂၄)
ရုရှားနိုင်ငံ Kazan မြို့မှာကျင်းပခဲ့တဲ့ BRICS 2024 ထိပ်သီးဆွေးနွေးပွဲထဲက အစည်းအဝေးတခု (အောက်တိုဘာ ၂၄၊ ၂၀၂၄)

BRICS လို့ အတိုကောက်ခေါ်တဲ့ တရုတ်၊ ရုရှားနဲ့ အိန္ဒိယနိုင်ငံတွေ ပါဝင်တဲ့ ၉ နိုင်ငံ မဟာမိတ်အဖွဲ့အနေနဲ့ အမေရိကန်ဒေါ်လာ တန်ဖိုး ကျဆင်းအောင် လုပ်မယ်ဆိုရင် အဲ့ဒီနိုင်ငံတွေက သွင်းကုန်တွေကို ၁၀၀ % အခွန်တိုးကောက်မယ်လို့ အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်လိုက်ပါတယ်။

လက်ရှိ BRICS မဟာမိတ်နိုင်ငံတွေထဲမှာ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက၊ အီဂျစ်၊ အီသီယိုးပီးယား၊ အီရန် နဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု UAE နိုင်ငံတွေ ပါဝင်ပြီး တူရကီ၊ အဇာဘိုင်ဂျန် နဲ့ မလေးရှား နိုင်ငံတွေကလည်း အဖွဲ့ဝင်ဖြစ်ရေး လျှောက်ထားတာ ရှိပါတယ်။ တခြား နိုင်ငံ အတော်များများကလည်း ဒီမဟာမိတ်အဖွဲ့ထဲ ဝင်ခွင့်ရဖို့ စိတ်ဝင်စားနေကြတာပါ။

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး လုပ်ငန်းတွေမှာ အမေရိကန်ဒေါ်လာကိုပဲ အဓိကထား အသုံးပြုနေရဆဲ ဖြစ်တာမို့ ကမ္ဘာ့ ဘဏ္ဍာရေးစနစ်မှာ အမေရိကန်ရဲ့ ကြီးစိုးမှုကို စိတ်ပျက်တယ်ဆိုပြီး BRICS နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံ တချို့က ပြောဆိုထားကြတာပါ။ ဒါကြောင့် ဒီနိုင်ငံတွေ အနေနဲ့ အမေရိကန် ဒေါ်လာနေရာမှာ အစားထိုး အသုံးပြုဖို့ BRICS ငွေကြေးသစ် ဖန်တီးတာ၊ ဒါမှမဟုတ် တခြား ငွေကြေးတခုခုနဲ့ အစားထိုး အသုံးပြုတာတွေ လုပ်မယ်ဆိုရင် ဒီနိုင်ငံတွေက သွင်းကုန်တွေကို ၁၀၀% အခွန် တိုးကောက်မယ်လို့ ထရမ့်က သူ့ကိုယ်ပိုင် Truth Social လူမှုကွန်ရက် စာမျက်နှာကနေတဆင့် သတိပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလထဲ ကျင်းပခဲ့တဲ့ BRICS နိုင်ငံတွေရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ရုရှားသမ္မတ Vladimir Putin က − အမေရိကန်ဟာ ဒေါ်လာကို လက်နက်တခုလို သုံးနေပြီး ဒါဟာ ကြီးမားတဲ့ အမှားတခု ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ကမ္ဘာ့ဘဏ္ဍာရေး ဆက်သွယ် ဆောင်ရွက်မှုတွေမှာ အမေရိကန် ဒေါ်လာအစား တခြား ငွေကြေးစနစ်သစ် တခု အစားထိုး တည်ဆောက်ဖို့ အထူးသဖြင့် ရုရှားက တိုက်တွန်းနေတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG