သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

BRICS အဖွဲ့ဝင်ဖြစ်ဖို့ ထိုင်းကြိုးစား

ထိုင်း ဒုဝန်ကြီးချုပ် Anutin Charnvirakul (ဗဟို)
ထိုင်း ဒုဝန်ကြီးချုပ် Anutin Charnvirakul (ဗဟို)

ထိုင်းနိုင်ငံဟာ BRICS အဖွဲ့ ထဲကိုဝင်ဖို့ကြိုးစားနေပြီး အဖွဲ့ဝင်ဖြစ်လာမယ်ဆိုရင် ကုန်သွယ်ရေးနဲ့ စီးပွါး ရေးဆိုင်ရာ အခွင့်အလမ်းတွေမှာ အပြန်အလှန် အကျိုးရှိနိုင်တယ်လို့ ထိုင်း-ဒုဝန်ကြီးချုပ် အနုတင် ကျန်ဗီရကွန် (Anutin Charnvirakul) က ပြောပါတယ်။

ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိက ၅ နိုင်ငံရဲ့ - BRICS အုပ်စုဟာ အခုဆို အီရန်၊ အီဂျစ်၊ အီသီယိုပီးယား၊ ဆော်ဒီအာရေဗျနဲ့ UAE အာရပ်စော်ဘွားများပြည်ထောင်စုကပါ ဒီနှစ် ဇန်နဝါရီလထဲ ပါဝင်လာတာကြောင့် ၁၀ နိုင်ငံဖြစ်လာပြီး ထိုင်းကလည်း အခု အဖွဲ့ဝင်ဖြစ်ဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။

လာမယ့် အောက်တိုဘာ ၂၂ ရက်မှာ စတင်မယ့် ၂၀၂၄ BRICS ထိပ်သီးအစည်းဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ရုရှားကထိုင်းကိုပါ ဖိတ်ကြားထားတာဖြစ်ပြီး အဖွဲ့ဝင်ဖြစ်လာဖို့ ထိုင်းက မျှော်လင့်နေတာပါ။ ဒီအဖွဲ့ထဲဝင်တာဟာ စီးပွါးရေးအရရော နိုင်ငံရေးအရပါ မဟာမိတ်ဖြစ်လာပြီး အချင်းချင်းကြား နားလည်မှုတွေရှိလာစေတာကြောင့် အပြန်အလှန်အကျိုးရှိနိုင်တယ်လို့ ထိုင်းဒုဝန်ကြီး ချုပ်က ပြောပါတယ်။ BRICS အဖွဲ့ဝင်ဖြစ်လာရင် ဒစ်ဂျစ်တယ်စီးပွါးရေးနဲ့ ပြန်ပြည့်မြဲစွမ်းအင် အပါ အဝင် ကုန်သွယ်ရေးအခွင့်အလမ်းတွေ၊ စီးပွါးရေးအကျိုးအမြတ်တွေကို မျှဝေနိုင်မှာဖြစ်ပြီး ရေရှည် တိုးတက်မှုရှိလာရေးမှာ အထောက်အကူဖြစ်စေနိုင်တယ်လို့လည်း ပြောပါတယ်။

ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှမှာ မဟာဗျူဟာကျတဲ့ နေရာမှာတည်ရှိနေတဲ့အပြင် ကမ္ဘာ့စားနပ် ရိက္ခာဖူလုံရေးဆိုင်ရာ ပင်မဒေသတခုဖြစ်တဲ့ လူဦးရေသန်း ၆၀၀ ကျော်ရှိနေတဲ့ အာဆီယံဈေးကွက် ကိုပါပေါက်မယ့် မဟာဗျူဟာဝင်ပေါက်အဖြစ် BRICS ကို ပေးနိုင်တယ်လို့လည်း ကမ်းလှမ်းခဲ့တာပါ။

အဖွဲ့ဝင်တိုးလာပြီးမှ ပထမဆုံးကျင်းပမယ့် ၁၆ ကြိမ်မြောက် BRICS ထိပ်သီးအစည်းဝေးကို ရုရှားနိုင်ငံ Kazan မှာ အောက်တိုဘာ ၂၂ အင်္ဂါနေ့ကနေ ကြာသပတေးနေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။

BRICS အဖွဲ့ဝင်ဖြစ်ဖို့ ထိုင်းကြိုးစား
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG