သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား-တရုတ်ပူးပေါင်းဆောင်ရွက်မှု ကမ္ဘာ့ကိုတည်ငြိမ်စေမည် (သမ္မတ Xi Jinping)


ရုရှားသမ္မတ Vladimir Putin (ယာ) နဲ့ တရုတ်သမ္မတ Xi Jinping တို့ BRICS ထိပ်သီးညီလာခံဖွင့်ပွဲအခမ်းအနားတက်ရောက်စဥ်။ (အောက်တိုဘာ ၂၂၊ ၂၀၂၄)
ရုရှားသမ္မတ Vladimir Putin (ယာ) နဲ့ တရုတ်သမ္မတ Xi Jinping တို့ BRICS ထိပ်သီးညီလာခံဖွင့်ပွဲအခမ်းအနားတက်ရောက်စဥ်။ (အောက်တိုဘာ ၂၂၊ ၂၀၂၄)

ကမ္ဘာကြီးဟာ ရာစုတစုအတွင်း မမြင်ခဲ့ဖူးတဲ့ အပြောင်းအလဲတွေဖြစ်နေပြီး နိုင်ငံတကာ အခြေအနေက ပရမ်းပတာနဲ့ ရောယှက်နေချိန်မှာ ရုရှားနဲ့တရုတ်ပူးပေါင်းဆောင်ရွက်ရေးဟာ ကမ္ဘာ့တည်ငြိမ်ရေး အကြောင်းအချက်တချက် ဖြစ်တယ်လို့ တရုတ်သမ္မတရှီကျင်းပင်က ရုရှား သမ္မတ ဗလာဒီမာပူတင်ကို အင်္ဂါနေ့က BRICS အစည်းအဝေးမှာ ပြောလိုက်ပါတယ်။

နိုင်ငံတကာတန်းတူရေး၊ တရားမျှတရေးအတွက် တရုတ်နဲ့ရုရှားက အရေးကြီးတဲ့ဆောင်ရွက်ချက်တွေ လုပ်နိုင်ခဲ့တယ်လို့လည်း ရှီကျင်းပင်က ဆိုပါတယ်။ BRICS ထိပ်သီးညီလာခံကို နိုင်ငံ ၃၆ နိုင်ငံ၊ နိုင်ငံ အကြီးအကဲ ၂၀ တက်နေကြပါတယ်။ ရုရှားနဲ့တရုတ်တို့ဟာ မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းပြီး လက်တွေ့ ပူးပေါင်းဆောင်ရွက်ရာမှာ နက်ရှိုင်း ကျယ်ပြန့်လာနေတယ်လို့လည်း အစည်းအဝေးမှာ ရှီကျင့်ပင်က ပြောပါတယ်။

ကမ္ဘာ့ရေးရာမှာ အနောက်ရဲ့ ဩဇာကို အာခံဖို့အတွက် BRICS အစည်းအဝေးကို အခွင့်အလမ်းတရပ် အဖြစ် ရုရှားက ရှုမြင်တာပါ။ Brazil, Russa, India, တရုတ် နဲ့ တောင်အာဖရိက ငါးနိုင်ငံနဲ့ စခဲ့တဲ့ အဖွဲ့ကို ဝင်ရောက်ဖို့ တရားဝင် လျှောက်ထားတဲ့ နိုင်ငံတွေထဲမှာ အာရှ က မလေးရှား ပါဝင်နေပြီး ထိုင်းကလည်း လျှောက်ထားဖို့ စိတ်ဝင်စားနေပါတယ်။ ရုရှားနိုင်ငံ ကာဇန်မှာကျင်းပနေတဲ့ အစည်းအဝေးဟာ တက်ရောက်တဲ့ တိုင်းပြည်တွေအတွက် အကြီးမားဆုံး နိုင်ငံခြားရေးမူဝါဒ ပွဲဖြစ်တယ်လို့ ရုရှားအစိုးရ နိုင်ငံခြားရေးရာအကြံပေး Yuri Ushakov က ဆိုပါတယ်။

ရုရှား-တရုတ်ပူးပေါင်းဆောင်ရွက်မှု ကမ္ဘာ့ကိုတည်ငြိမ်စေမည် (သမ္မတ Xi Jinping)
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG