သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်လာ သန်း ၆၂၀ ယူကရိန်းစစ်ရေးအကူအညီ UK ကြေညာ

NATO အတွင်းရေးမှူးချုပ်  Jens Stoltenberg (ဝဲ) နဲ့ ဗြိတိန်ဝန်ကြီးချုပ် Rishi Sunak တို့ Warsaw မြို့က သတင်းစာရှင်းလင်းပွဲ။ (ဧပြီ ၂၃၊ ၂၀၂၄)
NATO အတွင်းရေးမှူးချုပ် Jens Stoltenberg (ဝဲ) နဲ့ ဗြိတိန်ဝန်ကြီးချုပ် Rishi Sunak တို့ Warsaw မြို့က သတင်းစာရှင်းလင်းပွဲ။ (ဧပြီ ၂၃၊ ၂၀၂၄)

ဗြိတိန်နိုင်ငံက ကာကွယ်ရေးအသုံးစရိတ်ကို ဒီဆယ်စုအကုန်မှာ တမျိုးသားလုံးထုတ်ကုန်တန်ဖိုး ရဲ့ ၂.၅ ရာနှုန်းအထိ တိုးမြှင့်မယ်လို့ ကြေညာလိုက်ပြီး ယူကရိန်းကို နောက်ထပ် အမေရိကန်ဒေါ်လာ သန်း ၆၂၀ ဖိုး စစ်ရေးအကူအညီပေးမယ်လို့ ပြောလိုက်ပါတယ်။

မြောက်အတ္တလန်တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (နေတိုး) အတွင်းရေးမှူး Jens Stoltenberg နဲ့ အတူ ပိုလန်နိုင်ငံ ဝါဆောမြို့ သတင်းစာရှင်းလင်းပွဲမှာ ယူကေဝန်ကြီးချုပ် Rishi Sunak က ခုလို ကြေညာလိုက်တာပါ။ ယူကရိန်းကိုပေးမယ့် စစ်ရေးအကူအညီထဲမှာ တာဝေးပစ် ဒုံးကျည်တွေနဲ့ လက်နက်ခဲယမ်းမီးကျောက် ၄ သန်းပါဝင်ပါတယ်။ ယူကရိန်းရဲ့ အရှေ့ဘက် စစ်မြေပြင်မှာ ရုရှားတပ်တွေ ရှေ့တက်လာနေတာကို ခုခံနေရတဲ့အချိန် ခုလို ပြောလိုက်တာလည်း ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဆူးနက်က ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လင်န်စကီးကို တယ်လီဖုန်းဆက်ခဲ့ရာမှာ ယူကေရဲ့ထောက်ခံမှုကို ထပ်မံပြောကြားခဲ့တယ်လို့ ယူကေဝန်ကြီးချုပ်ရုံးက ပြောပါတယ်။ စစ်ရေးအကူအညီအသစ်ဟာ ရှေ့တန်းစစ်မျက်နှာမှာတိုက်နေကြတဲ့ သာမန်ယူကရိန်းပြည်သူတွေအတွက် လက်နက်ပစ္စည်းပံ့ပိုးရာမှာ အများကြီးသာသွားစေပါတယ်လို့ ယူကရိန်းသမ္မတက ပြောကြောင်း မစ္စတာဆူးနက်ရဲ့ရုံးကထုတ်ပြန်ပါတယ်။ ကမ္ဘာကြီးဟာ ပိုပြီး အန္တရာယ် ကြီးမားလာတယ်လို့လည်း မစ္စတာဆူးနက်က ဆိုပါတယ်။

ဒေါ်လာ သန်း ၆၂၀ ယူကရိန်းစစ်ရေးအကူအညီ UK ကြေညာ
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG