သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားပေၚ ၿဗိတိန္ အေရးယူမႈ တိုးႁမွင့္


英國外相卓慧思 (Liz Truss,又譯特拉斯)

ယူကရိန္းကို က်ဴးေက်ာ္အတြက္ တုံျပန္မႈအေနနဲ႔ ရုရွားအေပၚ  ပိတ္ဆို႔ ဒဏ္ခတ္ ထားတာေတြကို ၿဗိတိန္ နဲ႔ ဥေရာပသမဂၢ EU တို႔က ထပ္မံၿပီး တိုးခ်ဲ႔လိုက္ပါတယ္။

႐ုရွားပေၚ ၿဗိတိန္ အေရးယူမႈ တိုးႁမွင့္

{{Zawgyi/Unicode}}
ယူကရိန္းကို က်ဴးေက်ာ္အတြက္ တုံျပန္မႈအေနနဲ႔ ရုရွားအေပၚ ပိတ္ဆို႔ ဒဏ္ခတ္ ထားတာေတြကို ၿဗိတိန္ နဲ႔ ဥေရာပသမဂၢ EU တို႔က ထပ္မံၿပီး တိုးခ်ဲ႔လိုက္ပါတယ္။ အဲဒီလိုတိုးခ်ဲ႔ ဒဏ္ခတ္လိုက္တဲ့အထဲမွာ ရုရွားက အဖြဲ႔အစည္းေတြနဲ႔ ေနာက္ထပ္ လူပုဂၢိဳလ္ ၄၂ဦးကို ၿဗိတိန္ႏိုင္ငံအတြင္း ပိုင္ဆိုင္မႈေတြ ထိန္းခ်ဳပ္ထားတာ နဲ႔ ခရီးသြားလာမႈ တားျမစ္တာေတြ လုပ္ေဆာင္ထားေၾကာင္း ၿဗိတိန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန Website မွာ အဂၤါေန႔က ေဖာ္ျပထားပါတယ္။

အဲဒီလို လုပ္ထားတဲ့ စာရင္းထဲမွာ ယူကရိန္းႏိုင္ငံအတြင္းက ရုရွားလိုလားတဲ့ ခြဲထြက္ေရးသမားေတြ ထိန္းခ်ဳပ္ထားတဲ့ Donetsk ေဒသ ရဲ႕ ရုရွားအစိုးရခန္႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္ Vitaly Khotsenko နဲ႔ ရုရွားႏိုင္ငံအတြင္းက ေဒသအုပ္ခ်ဳပ္ေရးမွဴး အေတာ္မ်ားမ်ားပါဝင္ၾကပါတယ္။ ဒါအျပင္ အဲဒီအထဲမွာ ရုရွား ေထာက္ပန္႔ထားတဲ့ ခြဲထြက္ေရးသမားေတြ ထိန္းခ်ဳပ္ထားတဲ့ Luhansk ေဒသက ဒုတိယဥကၠဌ Vladislav Kuznetsov လည္း ပါဝင္ပါတယ္။

ရုရွားက သူစိတ္ႀကိဳက္ လူေတြခန္႔ထားၿပီး ယူကရိန္း ျပည္သူေတြကို ဖိႏိုပ္ဖို႔အတြက္ လုပ္ေနတာကို က်မတို႔က ၿငိမ္ၿပီး လက္ပိုက္ၾကည္ေန႔မွာမဟုတ္ဘူးလို႔ ၿဗိတိန္ႏိုင္ငံျခားေရးဝန္ႀကီး Liz Truss က ေျပာပါတယ္။ အဲဒီအတြက္ ယူကရိန္းအေပၚ ရုရွား သမၼတ ဗလာဒီမာ ပူတင္ က်ဴးေက်ာ္တာကို တရားဝင္ဖို႔ ႀကိဳးစား ေနၾကသူေတြအေပၚကို ျပင္းထန္တဲ့ ပိတ္ဆို႔ဒဏ္ခတ္မႈေတြကို ခ်မွတ္ဖို႔ ဆက္လက္လုပ္ေဆာင္မယ္လို႔လည္း သူကေျပာပါတယ္။

ယူကရိန္းႏိုင္ငံကို ရုရွား စတင္ က်ဴးေက်ာ္ခဲ့တဲ့ ေဖေဖာ္ဝါရီလ ၂၄ ရက္ကတည္းက ၿဗိတိန္ႏိုင္ငံဟာ ရုရွားဖက္က လူေပါင္း တေထာင္တရာ ေက်ာ္ နဲ႔ စီးပြားေရးအဖြဲ႔အစည္းေပါင္း တရာ ေက်ာ္ကို ပိတ္ဆို႔ဒဏ္ခတ္မႈေတြ ခ်မွတ္ခဲ့ပါတယ္။

အလားတူ ဥေရာပသမဂၢ EU ကလည္း ရုရွားအေပၚ ခ်မွတ္ထားတဲ့ ပိတ္ဆို႔ဒဏ္ခတ္မႈေတြကို ေနာက္ထပ္ ၆ လ ေရွ႕ႏွစ္ ဇန္နဝါရီလကုန္အထိ တိုးခ်ဲ႔လုိက္ေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ပါတယ္။

႐ုရွားပေၚ ၿဗိတိန္ အေရးယူမႈ တိုးႁမွင့္
please wait

No media source currently available

0:00 0:01:17 0:00
တိုက္႐ိုက္ လင့္ခ္

..............................

ရုရှားပေါ် ဗြိတိန် အရေးယူမှု တိုးမြှင့်

{{Zawgyi/Unicode}}
ယူကရိန်းကို ကျူးကျော်အတွက် တုံပြန်မှုအနေနဲ့ ရုရှားအပေါ် ပိတ်ဆို့ ဒဏ်ခတ် ထားတာတွေကို ဗြိတိန် နဲ့ ဥရောပသမဂ္ဂ EU တို့က ထပ်မံပြီး တိုးချဲ့လိုက်ပါတယ်။ အဲဒီလိုတိုးချဲ့ ဒဏ်ခတ်လိုက်တဲ့အထဲမှာ ရုရှားက အဖွဲ့အစည်းတွေနဲ့ နောက်ထပ် လူပုဂ္ဂိုလ် ၄၂ဦးကို ဗြိတိန်နိုင်ငံအတွင်း ပိုင်ဆိုင်မှုတွေ ထိန်းချုပ်ထားတာ နဲ့ ခရီးသွားလာမှု တားမြစ်တာတွေ လုပ်ဆောင်ထားကြောင်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာန Website မှာ အင်္ဂါနေ့က ဖော်ပြထားပါတယ်။

အဲဒီလို လုပ်ထားတဲ့ စာရင်းထဲမှာ ယူကရိန်းနိုင်ငံအတွင်းက ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေ ထိန်းချုပ်ထားတဲ့ Donetsk ဒေသ ရဲ့ ရုရှားအစိုးရခန့် ပြည်နယ်ဝန်ကြီးချုပ် Vitaly Khotsenko နဲ့ ရုရှားနိုင်ငံအတွင်းက ဒေသအုပ်ချုပ်ရေးမှူး အတော်များများပါဝင်ကြပါတယ်။ ဒါအပြင် အဲဒီအထဲမှာ ရုရှား ထောက်ပန့်ထားတဲ့ ခွဲထွက်ရေးသမားတွေ ထိန်းချုပ်ထားတဲ့ Luhansk ဒေသက ဒုတိယဥက္ကဌ Vladislav Kuznetsov လည်း ပါဝင်ပါတယ်။

ရုရှားက သူစိတ်ကြိုက် လူတွေခန့်ထားပြီး ယူကရိန်း ပြည်သူတွေကို ဖိနိုပ်ဖို့အတွက် လုပ်နေတာကို ကျမတို့က ငြိမ်ပြီး လက်ပိုက်ကြည်နေ့မှာမဟုတ်ဘူးလို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Liz Truss က ပြောပါတယ်။ အဲဒီအတွက် ယူကရိန်းအပေါ် ရုရှား သမ္မတ ဗလာဒီမာ ပူတင် ကျူးကျော်တာကို တရားဝင်ဖို့ ကြိုးစား နေကြသူတွေအပေါ်ကို ပြင်းထန်တဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ချမှတ်ဖို့ ဆက်လက်လုပ်ဆောင်မယ်လို့လည်း သူကပြောပါတယ်။

ယူကရိန်းနိုင်ငံကို ရုရှား စတင် ကျူးကျော်ခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်ကတည်းက ဗြိတိန်နိုင်ငံဟာ ရုရှားဖက်က လူပေါင်း တထောင်တရာ ကျော် နဲ့ စီးပွားရေးအဖွဲ့အစည်းပေါင်း တရာ ကျော်ကို ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ခဲ့ပါတယ်။

အလားတူ ဥရောပသမဂ္ဂ EU ကလည်း ရုရှားအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို နောက်ထပ် ၆ လ ရှေ့နှစ် ဇန်နဝါရီလကုန်အထိ တိုးချဲ့လိုက်ကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

XS
SM
MD
LG