သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၿဗိတိန္ပါလီမန္အမတ္ကို ဓားထိုးတိုက္ခိုက္တာ အစၥလာမ္ အစြန္းေရာက္မႈနဲ႔ ဆက္စပ္ႏိုင္ဖြယ္ရွိ


ၿဗိတိန္လႊတ္ေတာ္အမတ္ David Amess ဓားနဲ႔အထုိးခံရၿပီး ေသဆုံးမႈအတြက္ လြမ္းသူ႔ပန္းစည္းခ်ေနတဲ့ အမ်ဳိးသမီးတဦး။ (ေအာက္တိုဘာ ၁၆၊ ၂၀၂၁)

(Zawgyi / Unicode)

အသက္ ၆၉ ႏွစ္ရွိၿပီျဖစ္တဲ့ ၿဗိတိန္လႊတ္ေတာ္အမတ္ David Amess ကို ဓားနဲ႔ထိုး တိုက္ခိုက္မႈအတြက္ သံသယရွိသူ အသက္ ၂၅ ႏွစ္အရြယ္ လူငယ္ဟာ အစြန္းေရာက္မႈ ဟန္႔တားေရး အစီအစဥ္နဲ႔ ေနရသူျဖစ္ေၾကာင္း ၿဗိတိန္အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ရဲေတြက တနဂၤေႏြေန႔မွာ ေျပာပါတယ္။ သံသယရွိသူဟာ ဆိုမာလီႏြယ္ဖြား ၿဗိတိန္ႏုိင္ငံသား Ali Harbi Ali ျဖစ္ေၾကာင္း ၿဗိတိန္သတင္းေတြမွာ ေဖာ္ျပေနေပမယ့္ ရဲကေတာ့ အမည္ကို ထုတ္မေျပာေသးပါဘူး။

လႊတ္ေတာ္အမတ္ Amess ဟာ ေသာၾကာေန႔က လန္ဒန္အေရွ႕ပိုင္း Leigh-on-Sea ခရစ္ယာန္ဘုရားေက်ာင္းမွာ မဲဆႏၵရွင္ေတြနဲ႔ ေတြ႔ဆံုစဥ္ ဓားနဲ႔ အခ်က္ေပါင္းမ်ားစြာ ထိုးႏွက္ အတိုက္ခိုက္ခံရၿပီး ေသဆံုးခဲ့ရတာပါ။ အခုျဖစ္ရပ္အတြက္ အံ့ၾသတုန္လႈပ္ရေၾကာင္း လန္ဒန္အေရွ႕ပိုင္း ေဒသခံတဦးက ေျပာပါတယ္။

"တကယ္တုန္လႈပ္သြားတာပါ။ ယံုေတာင္မယံုႏုိင္ပါဘူး။ တေယာက္ေယာက္ ဓားအထိုးခံရတယ္လို႔ ၾကားရင္ လက္ေမာင္းတို႔ ဘာတို႔ ထိမယ္လို႔ ထင္တာေပါ့ေလ။ ဒါေပမယ့္ အေသအခ်ာလည္းသိေရာ အေတာ္ေၾကာက္စရာ ျဖစ္ေနတာပါ။ ဒီလူဟာ လမ္းမေပၚမွာ ဘယ္ေတာ့မွ ရွိမေနသင့္တဲ့လူပါ။” လို႔ ေျပာသြားတာပါ။

အခုတိုက္ခိုက္မႈကို အၾကမ္းဖက္သမားေတြ က်ဴးလြန္တဲ့ ရာဇဝတ္မႈအျဖစ္ ရဲက ေၾကညာခဲ့ၿပီး အစၥလာမၼစ္ အစြန္းေရာက္မႈနဲ႔ ဆက္ႏႊယ္မႈ ရွိႏိုင္တာေတြကို စံုစမ္းေထာက္လွမ္းေနတယ္လို႔လည္း ေျပာပါတယ္။ သူ႔ကို အၾကမ္းဖက္မႈတိုက္ဖ်က္ေရး အက္ဥပေဒနဲ႔ ဖမ္းဆီးထားတာျဖစ္ၿပီး အခုအခ်ိန္အထိေတာ့ သူ႔ကို စြဲခ်က္မတင္ေသးပါဘူး။

ဒီအမႈကို Scotland Yard ေထာက္လွမ္းေရးအဖြဲ႔ရဲ႕ အၾကမ္းဖက္မႈ တိုက္ခ်က္ေရး အႀကီးအကဲက ဦးေဆာင္ စံုစမ္းစစ္ေဆးေနတာ ျဖစ္ပါတယ္။

စေနေန႔တုန္းကေတာ့ လန္ဒန္က ေနရာ ၃ ေနရာမွာ ဝင္ေရာက္ရွာေဖြ စစ္ေဆးခဲ့တယ္လို႔ စံုေထာက္ေတြက ေျပာပါတယ္။ တနဂၤေႏြေန႔မွာေတာ့ လန္ဒန္ေျမာက္ပိုင္းက Kentish ၿမိဳ႕ကေလးက ၃ ထပ္တိုက္ရဲ႕ အေရွ႕ပန္းၿခံထဲမွာ ယာယီစခန္းခ် စံုစမ္းမႈေတြ လုပ္ေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ဗြိတိန်ပါလီမန်အမတ်ကို ဓားထိုးတိုက်ခိုက်တာ အစ္စလာမ် အစွန်းရောက်မှုနဲ့ ဆက်စပ်နိုင်ဖွယ်ရှိ

အသက် ၆၉ နှစ်ရှိပြီဖြစ်တဲ့ ဗြိတိန်လွှတ်တော်အမတ် David Amess ကို ဓားနဲ့ထိုး တိုက်ခိုက်မှုအတွက် သံသယရှိသူ အသက် ၂၅ နှစ်အရွယ် လူငယ်ဟာ အစွန်းရောက်မှု ဟန့်တားရေး အစီအစဉ်နဲ့ နေရသူဖြစ်ကြောင်း ဗြိတိန်အကြမ်းဖက်မှု တိုက်ဖျက်ရေး ရဲတွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ သံသယရှိသူဟာ ဆိုမာလီနွယ်ဖွား ဗြိတိန်နိုင်ငံသား Ali Harbi Ali ဖြစ်ကြောင်း ဗြိတိန်သတင်းတွေမှာ ဖော်ပြနေပေမယ့် ရဲကတော့ အမည်ကို ထုတ်မပြောသေးပါဘူး။

လွှတ်တော်အမတ် Amess ဟာ သောကြာနေ့က လန်ဒန်အရှေ့ပိုင်း Leigh-on-Sea ခရစ်ယာန်ဘုရားကျောင်းမှာ မဲဆန္ဒရှင်တွေနဲ့ တွေ့ဆုံစဉ် ဓားနဲ့ အချက်ပေါင်းများစွာ ထိုးနှက် အတိုက်ခိုက်ခံရပြီး သေဆုံးခဲ့ရတာပါ။ အခုဖြစ်ရပ်အတွက် အံ့သြတုန်လှုပ်ရကြောင်း လန်ဒန်အရှေ့ပိုင်း ဒေသခံတဦးက ပြောပါတယ်။

"တကယ်တုန်လှုပ်သွားတာပါ။ ယုံတောင်မယုံနိုင်ပါဘူး။ တယောက်ယောက် ဓားအထိုးခံရတယ်လို့ ကြားရင် လက်မောင်းတို့ ဘာတို့ ထိမယ်လို့ ထင်တာပေါ့လေ။ ဒါပေမယ့် အသေအချာလည်းသိရော အတော်ကြောက်စရာ ဖြစ်နေတာပါ။ ဒီလူဟာ လမ်းမပေါ်မှာ ဘယ်တော့မှ ရှိမနေသင့်တဲ့လူပါ။” လို့ ပြောသွားတာပါ။

အခုတိုက်ခိုက်မှုကို အကြမ်းဖက်သမားတွေ ကျူးလွန်တဲ့ ရာဇဝတ်မှုအဖြစ် ရဲက ကြေညာခဲ့ပြီး အစ္စလာမ္မစ် အစွန်းရောက်မှုနဲ့ ဆက်နွှယ်မှု ရှိနိုင်တာတွေကို စုံစမ်းထောက်လှမ်းနေတယ်လို့လည်း ပြောပါတယ်။ သူ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး အက်ဥပဒေနဲ့ ဖမ်းဆီးထားတာဖြစ်ပြီး အခုအချိန်အထိတော့ သူ့ကို စွဲချက်မတင်သေးပါဘူး။

ဒီအမှုကို Scotland Yard ထောက်လှမ်းရေးအဖွဲ့ရဲ့ အကြမ်းဖက်မှု တိုက်ချက်ရေး အကြီးအကဲက ဦးဆောင် စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။

စနေနေ့တုန်းကတော့ လန်ဒန်က နေရာ ၃ နေရာမှာ ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့တယ်လို့ စုံထောက်တွေက ပြောပါတယ်။ တနင်္ဂနွေနေ့မှာတော့ လန်ဒန်မြောက်ပိုင်းက Kentish မြို့ကလေးက ၃ ထပ်တိုက်ရဲ့ အရှေ့ပန်းခြံထဲမှာ ယာယီစခန်းချ စုံစမ်းမှုတွေ လုပ်နေတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG