သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြဿနာ အဆုံးသတ်ရေး ဗြိတိန်တိုက်တွန်း


Yemeni pupils attend class on the first day of the new academic year, in a makeshift classroom in their school compound which was heavily damaged two years ago in an airstrike, in the country's third-city of Taez.
Yemeni pupils attend class on the first day of the new academic year, in a makeshift classroom in their school compound which was heavily damaged two years ago in an airstrike, in the country's third-city of Taez.

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ မူဆလင်တွေကိုရော တခြားလူမှုအဝန်းအဝိုင်းတွေကိုပါ ထိခိုက်နေတဲ့ အကြမ်းဖက်မှုနဲ့ မလိုမုန်းထား ဘက်လိုက်မှုတွေ အဆုံးသတ်စေဖို့ လုပ်ဆောင်ပါလို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson က မြန်မာအစိုးရကို တိုက်တွန်း လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မိမိတို့ခေတ်ရဲ့ အတုယူ အားကျဖွယ်အကောင်းဆုံး လူပုဂ္ဂိုလ် တဦးဖြစ်ပေမဲ့ သူ့အဆိုအားဖြင့် - ရိုဟင်ဂျာတွေပေါ် ပြုမူဆက်ဆံပုံကတော့ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ပျက်စီးစေတယ်လို့ စက်တင်ဘာလ ၂ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက် တခုမှာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ပြောထားပါတယ်။

နိုင်ငံကို ခေတ်မီအောင်လုပ်တာမှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရကြောင်း၊ နိုင်ငံကို ညီညွတ်အောင်လုပ်ဖို့ သူ့ရဲ့ ထူးခြားတဲ့ အရည်အချင်းတွေ အားလုံးကို အခုအခါမှာ အသုံးပြုနိုင်မယ်လို့ မျှော်လင့်ကြောင်း၊ မြန်မာစစ်ဘက်ရဲ့ ထောက်ခံ ပံ့ပိုးမှုကို ဒေါ်အောင်ဆန်းစုကြည် ရဖို့နဲ့ ငြိမ်းချမ်းရေးဆိုင်ရာ သူ့ရဲ့ ကြိုးပမ်း ချက်တွေ အချည်းနှီး ဖြစ်မသွားဖို့ အထူး အရေးကြီးကြောင်း၊ ဒီလုပ်ဆောင်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံက လူထုအားလုံး မိမိတို့ရဲ့ အပြည့်အ၀ ထောက်ခံ မှုကို ရကြမှာဖြစ်ကြောင်း ဝန်ကြီး Johnson ကပြောထားပါတယ်။

ထုတ်ပြန်ချက်မှာ ဖော်ပြထားတာအရ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ သူတို့ကို လက်ခံထားတဲ့ နွမ်းပါးတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လူမှု အဝန်းအဝိုင်းတွေအတွက် လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီအဖြစ် ဗြိတိန်ပေါင်စတာလင် ၈ သန်းနီးပါး UK နိုင်ငံက ကူညီပံ့ပိုး ခဲ့ပါတယ်။ ဒီသီတင်းပတ် အစောပိုင်းကလဲ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ရခိုင်ပြည် အရေး ဆွေးနွေးဖို့ ဗြိတိန်က ကမကထပြု တင်သွင်းခဲ့တာပါ။

ရခိုင်ပြည်နယ်မှာ အခြေခံအကြောင်းရင်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့လဲ မြန်မာအစိုးရကို ဗြိတိန်နိုင်ငံက တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG