သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္ပေရာက္ ျမန္မာအလုပ္သမားေတြ မဲေပးခြင့္


ဦးေအာင္လြင္ဦး (VOA) ႏွင့္ ထိုင္းႏိုင္ငံအေျခစိုက္ ပညာေရးနဲ႔ ဖြံ႕ၿဖိဳးေရးေဖာင္ေဒးရွင္း အမႈေဆာင္ဒါ႐ိုက္တာ ဦးထူးခ်စ္
ျပည္ပေရာက္ ျမန္မာအလုပ္သမားေတြ မဲေပးခြင့္
please wait

No media source currently available

0:00 0:12:25 0:00
တိုက္႐ိုက္ လင့္ခ္

လာမယ့္ ႏိုဝင္ဘာ ေ႐ြးေကာက္ပြဲမွာ ျပည္ပေရာက္ ျမန္မာႏိုင္ငံသားေတြ အထူးသျဖင့္ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြ မဲေပးခြင့္ရမယ့္ အေျခအေန ရွိပါရဲ႕လား။ မဲေပးေရးမွာ ဘာေတြ လိုအပ္ပါသလဲ။ ထိုင္းႏိုင္ငံအေျခစိုက္ ပညာေရးနဲ႔ ဖြံ႕ၿဖိဳးေရးေဖာင္ေဒးရွင္း အမႈေဆာင္ဒါ႐ိုက္တာ ဦးထူးခ်စ္, ကို ကိုေအာင္လြင္ဦး က ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး ။ ။ မဂၤလာပါ။ အခုဆိုရင္ ေရြးေကာက္ပြဲက်င္းပဖို႔ လပိုင္းေလာက္ပဲ လိုပါေတာ့တယ္။ မဲေပးခြင့္ရိွသူေတြထဲမွာ ျပည္ပေရာက္ ျမန္မာႏုိင္ငံသားေတြလည္း သန္းနဲ႔ခ်ီ ရိွပါတယ္။ အထူးသျဖင့္ ထုိင္းႏုိင္ငံမွာဆိုရင္ အလုပ္လုပ္ေနတဲ့ ျမန္မာေတြကလည္း သန္းနဲ႔ခ်ီ ရိွေနပါတယ္။ ဒါေပမဲ့ ၿပီးခဲ့တဲ့ (၂၀၁၅) ေရြးေကာက္ပြဲမွာတုန္းက ျပည္ပေရာက္ ျမန္မာေတြထဲက မဲေပးခြင့္ရိွသူ (၄) သန္းေလာက္မွာ ေသာင္းကဏန္းေလာက္ပဲ မဲေပးႏိုင္ခဲ့ပါတယ္။ ဆိုေတာ့ ဒီအခ်ိန္မွာေကာ ဘယ္ေလာက္ထိ မဲေပးခြင့္ရမယ္လို႔ ထင္ပါသလဲ။

ေျဖ ။ ။ မဂၤလာပါ။ အဓိကေတာ့ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္က ထုတ္ျပန္ထားတဲ့ အစီရင္ခံစာေတြကို ေတြ႔ရတယ္။ ၿပီးခဲ့တဲ့ ၂၀၁၅ တုန္းက ျပည္ပေရာက္ေနတဲ့ ျမန္မာႏုိင္ငံကေန တရားဝင္အလုပ္လုပ္ေနသူက (၄) သန္းေက်ာ္ (၅) သန္းေလာက္ ရိွတယ္။ ဒါေပမဲ့ တကယ္ မဲထည့္သြားတာက (၃) ေသာင္းေက်ာ္ပဲ ရိွတယ္။ ထိုင္းႏုိင္ငံမွာ တရားဝင္ လာလုပ္ေနတဲ့ စီးပြားေရးလုပ္ငန္းရွင္နဲ႔ ေက်ာင္းသူေက်ာင္းသားေတြနဲ႔ ဝန္ထမ္းေတြပဲ မဲေပးလုိ႔ရတယ္။ တကယ္ေတာ့ ေရႊ ႔ေျပာင္းအလုပ္သမားေတြအေနနဲ႔ တစ္ေယာက္မွ မဲေပးခြင့္ မရိွလိုက္ဘူးလို႔ ေျပာလုိ႔ရတယ္။ တကယ္လိုမ်ား ေပးခြင့္ရိွခဲ့တယ္ဆိုရင္ေတာင္ ေပးခဲ့တဲ့ ေရႊ ႔ေျပာင္းအလုပ္သမား အေရအတြက္က လက္ခ်ဳိးေရးလို႔ရတယ္။

ေမး ။ ။ ဒီလို အေတြ႔အႀကံဳေတြ ရိွခဲ့တယ္ဆိုေတာ့ ဒီတႀကိမ္မွာေကာ မဲေပးခြင့္ရမယ့္ အေျခအေနက တိုးတက္လာႏိုင္လား။

ေျဖ ။ ။ ၂၀၁၅ မွာ ႏုိင္ငံတကာမွာရိွတဲ့ ေရႊ ႔ေျပာင္းအလုပ္သမားေတြ မဲထည့္ပိုင္ခြင့္ရတဲ့အေပၚမွာ က်ေနာ္တို႔ အေျခခံမူတည္ၿပီးေတာ့ ဒါကလဲ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ရဲ ႔ အစီရင္ခံစာေပၚ မီွခိုတာေပါ့။ ဘာျဖစ္လို႔ ဒီေလာက္အထိ ေလးငါးသန္းရိွတဲ့ လူက ႏွစ္ေသာင္းသံုးေသာင္းေလာက္ပဲ မဲေပးခြင့္ရလဲဆိုတာကို က်ေနာ္တို႔ ျပန္ေလ့လာတယ္။ ဆုိေတာ့ ၂၀၁၆ ထဲမွာပဲ အစိုးရကို ေရႊ ႔ေျပာင္းအလုပ္သမားေတြ လြယ္လင့္တကူ ျမန္ျမန္ဆန္ဆန္ မဲထည့္လို႔ရေအာင္ အဲဒါကို ေဆာင္ရြက္ေပးဖို႔ က်ေနာ္တို႔ ေမတၱာရပ္ခံခဲ့တယ္။ ေနာက္ဆံုး အစိုးရအေနနဲ႔ ျပင္ဆင္သင့္တဲ့ လုပ္ငန္းစဥ္ေတြ၊ မူဝါဒေတြကို က်ေနာ္တို႔႕ အႀကံေပးတာရိွတယ္။ ၂၀၁၆ ထဲက က်ေနာ္တို႔ ေပးထားတယ္။ ဒါေပမဲ့ ဆက္တိုက္ေပါ့ ေရႊ ႔ေျပာင္းအလုပ္သမားေတြနဲ႔ ပတ္သက္တာေတြကို လုပ္ေနခဲ့တယ္။ ေနာက္ဆံုး ဒီႏွစ္ဆန္မွာ က်ေနာ္တို႔ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္နဲ႔ေတြ႔တယ္။ ဥကၠ႒ ဦးေဆာင္ၿပီးေတာ့ က်ေနာ္တို႔နဲ႔ ေတြ႔တဲ့အခ်ိန္မွာ က်ေနာ္တို႔လည္း ေရႊ ႔ေျပာင္းအလုပ္သမားေတြကိစၥကို ရွင္းျပတယ္။ ဒီမွာရိွတဲ့ အခက္အခဲေတြ မဲထည့္ႏုိင္ေအာင္ ဘယ္လိုမ်ဳိး အစိုးရေတြနဲ႔ ပူးေပါင္းေဆာင္ရြက္မလဲဆိုတဲ့ ကိစၥေတြကို ေျပာျပတယ္။ ေရြးေကာက္ပြဲေကာ္မရွင္ကလည္း ေရႊ ႔ေျပာင္းအလုပ္သမားေတြ မဲလြယ္လြယ္ကူကူ၊ ျမန္ျမန္ဆန္ဆန္ ထည့္ခြင့္ရေအာင္ဆိုရင္ေတာ့ ျမန္မာႏိုင္ငံအစိုးရရဲ ႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ အလုပ္သမားနဲ႔ လူဝင္မႈႀကီးၾကပ္ေရးဌာန၊ ေရြးေကာက္ပြဲေကာ္မရွင္တုိ႔ အဓိက အဲဒီဌာနႀကီး (၃) ခုက စနစ္တက် ပူးေပါင္းေဆာင္ရြက္သင့္တယ္လို႔ သူတုိ႔ကိုယ္တုိင္လည္း ေျပာခဲ့တယ္။

ေနာက္တခုက က်ေနာ္တို႔ကိုယ္တိုင္လည္းေျပာတယ္။ အဲဒီအခ်ိန္မွာ အစိုးရမဟုတ္တဲ့ အဖြဲ႔အစည္းေတြ၊ အရပ္ဘက္အဖြဲ႔အစည္းေတြက ဘယ္လိုမ်ဳိး ပူးေပါင္းေဆာင္ရြက္ရမလဲဆိုတာကို က်ေနာ္တိုိ႔ကို ေျပာျပဖို႔ ကမ္းလွမ္းခဲ့တယ္။ အဓိက က်ေနာ္တို႔ ရည္ရြယ္ခ်က္ကေတာ့ ဘယ္ပါတီ ပုဂၢိဳလ္ကို မဲဆြယ္ဖို႔ဆိုတာထက္ ေရႊ ႔ေျပာင္းအလုပ္သမားေတြ ၂၀၁၅ ထက္ပိုၿပီးေတာ့ မဲထည့္ခြင့္ရေအာင္ဆိုတဲ့ ႀကိဳးစားမႈျဖစ္တယ္။

ေမး ။ ။ ေရြးေကာက္ပြဲမွာ ျပည္ပေရာက္ျမန္မာႏုိင္ငံသား မဲဆႏၵရွင္ေတြ၊ အထူးသျဖင့္ အလုပ္သမားေတြ မဲေပးခြင့္ရဖို႔ အဓိက အခက္အခဲကို ေျပာပါဆုိရင္ ဘာမ်ားျဖစ္မလဲ။

ေျဖ ။ ။ အဓိကအခက္အခဲက ျမန္မာအစိုးရမွာ တိက်ရွင္းလင္းတဲ့ ႏုိင္ငံသားအခြင့္အေရးနဲ႔ ပတ္သက္ၿပီးေတာ့၊ ႏုိင္ငံသားအခြင့္အေရးကို ျမွင့္တင္ၿပီးေတာ့ ေရႊ ႔ေျပာင္းအလုပ္သမားေတြကို မဲထည့္ခြင့္ရေအာင္ လုပ္ေပးမယ္ဆိုတဲ့ စနစ္က်တဲ့ မဟာဗ်ဴဟာ၊ နည္းဗ်ဴဟာေတြ မရိွဘူး။ ဒါက အဓိကပဲ။ အဲဒါေတြ မရိွေတာ့ သူတုိ႔က ပံုစံ (၁၅) ေရြးေကာက္ပြဲေကာ္မရွင္က ေျပာတယ္။ သူတုိ႔ မဲရံုအသစ္ေတြ ဖြင့္တာမဖြင့္တာလဲ က်ေနာ္တို႔ မေျပာေတာ့ဘူး။ ပံုစံ (၁၅) ကိစၥပဲ ေျပာေတာ့မယ္။ ပံုစံ (၁၅) ျဖည့္ဖုိ႔ကိုပဲ အဆင္မေျပဘူး။ က်ေနာ္တို႔နဲ႔ ေတြ႔ခဲ့တဲ့ အလုပ္သမား (၉၀) ရာခိုင္ႏႈန္းက သူတုိ႔မသိဘူး။ ပံုစံ (၁၅) လည္း မသိဘူး။ ဘယ္လိုျဖည့္ရမွန္းလဲ မသိဘူး။ ဘယ္ကိုပို႔ရမွန္းလဲ မသိဘူး။ အဲဒီ ပံုစံ (၁၅) ကို ဘယ္ေနရာကေန သြားယူရမွန္းလဲ မသိဘူး။

ေမး ။ ။ ျပည္ပေရာက္ ျမန္မာႏုိင္ငံသားေတြ မဲထည့္ခြင့္နဲ႔ ပတ္သက္လို႔ က်က်နန မျပင္ထားဘူးလို႔ ဦးထူးခ်စ္က ေထာက္ျပသြားပါတယ္။ တခုရိွတာကေတာ့ အခုက NLD အစိုးရအတြက္ ပထမဦးဆံုးအႀကိမ္ အစိုးရသက္တမ္းကို တာဝန္ယူရတာလဲ ျဖစ္ေနပါတယ္။ ေနာက္ ကပ္ေရာဂါနဲ႔လဲ ႀကံဳေနရပါတယ္။ ဒီလို မထင္မွတ္ရတဲ့ အေျခအေနေတြက စြမ္းေဆာင္ေရးအားနည္းတာေတြေၾကာင့္ အခုလိုျဖစ္ေနရတာလား။ ဒါမွမဟုတ္ ျပည္ပေရာက္ ႏုိင္ငံသားေတြထက္ ျပည္တြင္းမွာ ပိုၿပီးေတာ့ ဦးစားေပးဖို႔ လိုအပ္ခ်က္ေတြ ရိွေနလို႔လား။ ကိုထူးခ်စ္ ဘယ္လိုယူဆပါလဲ။

ေျဖ ။ ။ ဒါကေတာ့ က်ေနာ့္ရဲ ႔ တဦးတည္းအျမင္ေပါ့ - က်ေနာ္ ေရႊ ႔ေျပာင္းအလုပ္သမား ႏုိင္ငံသားတေယာက္အေနနဲ႔ အျမင္ကေတာ့ ဒီေလာက္ထိ ေလးငါးသန္းဆိုတဲ့ မဲကေတာ့ ဘယ္အစိုးရပဲျဖစ္ျဖစ္ အေရးမႀကီးဘူးလိုေတာ့ ေျပာလုိ႔မရဘူး။ ဒါက တစ္တခ်က္ေပါ့။ ပိုၿပီးေတာ့ အေရးႀကီးတာက ေရႊ ႔ေျပာင္းအလုပ္သမားေတြဆိုတာက ႏုိင္ငံဝင္ေငြ၊ ရွာေဖြေပးၿပီးေတာ့ ျမန္မာႏုိင္ငံရဲ ႔ စီးပြားေရး၊ လူမႈေရး၊ ပညာေရးကိစၥေတြကို တုိးတက္ေအာင္ေဆာင္ရြက္ေနတဲ့ ေဆာင္ရြက္ေပးေနတဲ့ က႑တစ္ခုကေန ေဆာင္ရြက္ေပးေနတဲ့ တကယ့္အလုပ္သမားေတြ ျဖစ္တယ္။ ေနာက္တခုက သူတုိ႔ပိုၿပီးေတာ့ သူတို႔ႏုိင္ငံသားအခြင့္အေရးကို နည္းသည္မ်ားသည္၊ သူတုိ႔မဲကို စိတ္ဝင္စားသည္၊ စိတ္မဝင္စားသည္က တက႑။ ေရႊ ႔ေျပာင္းအလုပ္သမားေတြကို ႏုိင္ငံသားအခြင့္အေရးတခု ေပးတဲ့အေနနဲ႔ ႏုိင္ငံသားအခြင့္အေရးေတြကို ေလးစားလုိက္နာပါတယ္လို႔ ျမင္ေစခ်င္တဲ့ အစိုးရတရပ္အေနနဲ႔ ဆိုၿပီးေတာ့ ႀကိဳးစားၿပီးေတာ့ ေဆာင္ရြက္ကို ေဆာင္ရြက္ေပးရမယ္။ ေဝဖန္မႈေတြလည္း ၾကားေနရတယ္။ ေရႊ ႔ေျပာင္းအလုပ္သမား အမ်ားစုက တိုင္းရင္းသားေတြပဲ ျဖစ္ေနတယ္။ အဓိက ရခိုင္၊ ကခ်င္၊ ခ်င္း၊ မြန္၊ ကရင္၊ ကယားေတြ၊ ပအို႔ဝ္ေတြ အမ်ားႀကီး ျဖစ္ေနတယ္။ ဆိုေတာ့ အစိုးရေတြအေနနဲ႔ တုိင္းရင္းသားမဲက သူတုိ႔ကို မေပးဘူး။ တိုင္းရင္းသားမဲကေတာ့ ဘာမွမထူးဘူးဆိုၿပီးေတာ့ ေရႊ ႔ေျပာင္းအလုပ္သမားေတြကို မဲထည့္ခြင့္မရေအာင္ (သို႔တည္းမဟုတ္) တာဝန္ေက် ႏုိ္င္ငံသားအခြင့္အေရး မဲေပးခြင့္ေပးထားတာပဲ။ ပံုစံ (၁၅) ျဖည့္ပါဆိုတဲ့ ပံုစံမ်ဳိး။ ဒါေပမဲ့ အလုပ္သမားေတြအေနနဲ႔ ခက္ခက္ခဲခဲျဖစ္ေအာင္ လုပ္ထားသလိုမ်ဳိးေတာ့ က်ေနာ့္အေနနဲ႔ ေတြ႔ေနပါတယ္။

ေမး ။ ။ တခုရိွတာက ဒီႏွစ္မွာ ကိုဗစ္ကပ္ေရာဂါနဲ႔လဲ ႀကံဳေနရေတာ့ အစစအရာရာ အစီအစဥ္မက် ျဖစ္ေနတာေတြလဲ ရိွပါတယ္။ ဆိုေတာ့ ဒီလိုအေျခအေနေတြေၾကာင့္ အခက္အခဲေတြ ႀကံဳေနရတယ္လို႔ မေျပာႏုိင္ဘူးလား။

ေျဖ ။ ။ အဓိကေတာ့ က်ေနာ္ အေစာကေျပာသလိုပဲ ကိုဗစ္က ႏုိင္ငံေရးလႈပ္ရွားမႈ ကိစၥေတြပဲ မဟုတ္ပါဘူး။ က်န္တဲ့ စီးပြားေရး၊ က်န္တဲ့ကိစၥအရပ္ရပ္ အနည္းနဲ႔အမ်ား ထိခိုက္မႈေတြ ရိွတယ္။ ဒါကို က်ေနာ္တို႔ မျငင္းဘူး။ ဒါေပမဲ့ က်ေနာ္ေျပာခ်င္တာက လက္ရိွ ကိုဗစ္ျဖစ္ေနတဲ့ ကာလအေျခအေနမွာပဲ က်ေနာ္တုိ႔ကိုယ္တုိင္ ထုိင္းမွာေနတယ္။ က်ေနာ္တုိ႔ကိုယ္တိုင္ လႈပ္ရွားလို႔ ရႏုိင္တဲ့ဟာေလးေတြကို အစိုးရက ကမကထလုပ္ၿပီးေတာ့ ဘာျဖစ္လို႔ လႈပ္ရွားလို႔ မရရမွာလဲ။ ဆိုလိုခ်င္တာက ဒီစက္ရံုမွာ အစိုးရကေန အလုပ္အကိုင္ရွာေဖြေရး ေအဂ်င္စီေတြနဲ႔ ေပါင္းၿပီးေတာ့ ပို႔ထားတဲ့ အလုပ္သမားေတြရိွတယ္။ ဒါေတြက ဘာမွခက္ခဲတဲ့ကိစၥ မဟုတ္ဘူး။ က်ေနာ္တို႔မွာ လူစာရင္းအတိအက် ရိွတယ္။ ဘယ္စက္ရံုမွာ ဘယ္ႏွစ္ေယာက္ ဘယ္ၿမိဳ ႔မွာ။ အဲဒီလိုမ်ဳိး MOU ႏွစ္ႏုိ္င္ငံ နားလည္မႈစာခၽြန္လႊာနဲ႔ ပို႔ထားတဲ့ အလုပ္သမားေတြကိုယ္ႏိႈက္ကို သူတုိ႔ဘာမွ လုပ္တာကိုင္တာမ်ဳိး က်ေနာ္တို႔ ျမင္သာထင္သာ မေတြ႔ရဘူး။ ဆိုခ်င္တာက ဒီစက္ရံုမွာ လူတေထာင္ရိွတယ္။ ပံုစံ (၁၅) ကို အရြက္ တစ္ေထာင္ က်ေနာ္တို႔ ယူသြားမယ္။ အခုကေတာ့ အလုပ္ေတြက မ်ားေနေတာ့ ေတာ္ရံုတန္ရံု အခ်ိန္ေတြ ညိွလို႔ရတယ္။ ေရြးေကာက္ပြဲကို ဘယ္လိုမဲထည့္ၾကမယ္ ဘာသာရပ္ေလးကို က်ေနာ္တို႔ (၂) နာရီ (၃) နာရီေလာက္ ေျပာျပေပးမယ္။ သူတုိ႔ဆီက ႀကိဳတင္မဲ ထည့္ခ်င္တဲ့ေဖာင္ေလးေတြ လက္ခံယူမယ္။ ဒါေတြက ျဖစ္ႏိုင္တယ္။ အေစာကေျပာသလိုပဲ အစိုးရအေနနဲ႔ လုပ္ခ်င္စိတ္ရိွဖို႔ လိုတယ္။ ႏုိင္ငံသားအခြင့္အေရးကို အေကာင္အထည္ေဖာ္ခ်င္တဲ့စိတ္ ရိွဖို႔ေတာ့ လိုတယ္။ အဲဒါေတြ အဲဒီစိတ္ႏွစ္ခုရိွတယ္ဆိုရင္ ေစာေစာကေျပာတဲ့ ကိုဗစ္ျပႆနာမကလို႔ ဘာျပႆနာပဲျဖစ္ျဖစ္ အေျခအေနေတြက ေက်ာ္လႊားလို႔ရတယ္။ ဒါေပမဲ့ ပံုမွန္အေနအထားထက္ေတာ့ နည္းနည္းေလးပဲ ကြာခ်င္ကြာမယ္။ က်ေနာ္ ဆိုလိုခ်င္တာက လုပ္လုိ႔ကိုင္လို႔ရတဲ့ အေနအထား ရိွတယ္ဆိုတာေတာ့ အစိုးရအေနနဲ႔ သိေစခ်င္တယ္။

ေမး ။ ။ ကိုထူးခ်စ္တို႔က ျပည္ပေရာက္ အလုပ္သမားေတြ မဲေပးခြင့္ရဖို႔ေတာ့ တိုက္တြန္းေနတာေတာ့ ဟုတ္ပါၿပီ။ အခုက ျပည္ပေရာက္ ျမန္မာႏုိင္ငံသားေတြၾကားထဲမွာ ေရြးေကာက္ပြဲကိစၥ အပါအဝင္ ျမန္မာႏုိင္ငံ ႏုိင္ငံေရးနဲ႔ ပတ္သက္လို႔ စိတ္ဝင္စားမႈ၊ စိတ္အားထက္သန္မႈ ရိွၾကလား။ တျခားမဟုတ္ပါဘူး အခုက ကပ္ေရာဂါေၾကာင့္ ဒုကၡေရာက္ေနတဲ့အခ်ိန္မွာ က်န္တာေတြကို ဦးစားမေပးႏုိင္ဘူးဆိုတဲ့ ေျပာသံဆိုသံေတြ ရိွေနတယ္ဆိုေတာ့ အလုပ္သမားေတြနဲ႔ ထိေတြ႔ဆက္ဆံေနရတဲ့ လူတေယာက္အေနနဲ႔ ကိုထူးခ်စ္တို႔ လက္လွမ္းမီသေလာက္ ေျပာမယ္ဆိုရင္ ဒီလူေတြၾကားထဲမွာ ေရြးေကာက္ပြဲနဲ႔ ပတ္သက္တဲ့ စိတ္ဝင္စားမႈ ဗဟုသုတ ေယဘုယ်အားျဖင့္ ဘယ္ေလာက္အတိုင္းအတာထိ ရိွတယ္လို႔မ်ား နားလည္ထားသလဲ။

ေျဖ ။ ။ က်ေနာ္ကေတာ့ အေစာကေျပာသလို၊ အၿမဲတမ္း ေျပာသလိုပါပဲ အေျခခံအားျဖင့္ ႏွစ္ပိုင္းေပါ့။ အဓိကေတာ့ ပထမဦးဆံုး မဲထည့္ခြင့္ရမယ္လူေတြ First time voters လို႔ေခၚတဲ့လူေတြ။ အဓိက အသက္ (၁၈) ႏွစ္ျပည့္ၿပီးခါစနဲ႔ အသက္ (၂၃ - ၂၄) လူငယ္ေတြက လက္ရိွ လူမႈ႔ကြန္ရက္ေတြမွာ ေတြ႔ေနေတာ့ သူတို႔အေနနဲ႔ အမ်ားစုကေတာ့ မဲေပးခ်င္တယ္။ ေနာက္တခုက တခါမွ မဲမေပးခ်င္တဲ့လူကလဲ က်ေနာ္တို႔ ၿပီးခဲ့တဲ့ႏွစ္စေလာက္မွာ ေရြးေကာက္ပြဲဆိုင္ရာ ျပည္သူ႔လႊတ္ေတာ္လႈပ္ရွားမႈအဖြဲ႔နဲ႔ က်ေနာ္တို႔ စစ္တမ္းငယ္ေလးတခု ေကာက္ခဲ့တယ္။ အဲဒါကလဲ ငယ္ငယ္ေလးဆိုေပမယ့္ တႏုိင္ငံလံုး လႊမ္းၿခံဳေအာင္လို႔ လူ (၁၈၀၀) ေလာက္ကို အင္တာဗ်ဴးထားတာ။ မဲနဲ႔ပတ္သက္ၿပီး စစ္တမ္း။ ဆိုၾကပါစို႔ အဲဒီစစ္တမ္းအရဆုိရင္ (၉၀) ေက်ာ္ ရာခိုင္ႏႈန္းေလာက္က မဲေပးခ်င္တယ္။ မဲေပးဖုိ႔ မွတ္ပံုတင္ရိွတယ္။ အိမ္ေထာင္စု ရိွတယ္။ ဒါေပမဲ့ ထပ္ေမးတယ္ ဘယ္လို အေနအထားနဲ႔ ေပးခ်င္လဲ။ ဘန္ေကာက္မွာ သြားေပးဖို႔ေတာ့ သူတို႔ အဆင္မေျပဘူး။ အားလံုးသံရံုးမွာ သြားေပးဖို႔၊ ခ်င္းမုိင္ေကာင္စစ္ဝန္ရံုးမွာ အဆင္ေျပတယ္။ သူတုိ႔နဲ႔ နီးစပ္ရာေနရာေတြမွာ မဲရံုေလးေတြ ရိွတယ္။ သြားလို႔လာလို႔ ေျပရင္ေတာ့ သူတုိ႔အဆင္ေျပမယ္။ သြားလို႔လာလို႔ အဆင္ေျပမွ သူတို႔႔ အဆင္ေျပမယ္။ ဆိုလိုခ်င္တာက စက္မႈဇုန္ ရိွတယ္။ လူ သိန္းနဲ႔ခ်ီ ရိွတဲ့ - တၿမိဳ ႔နယ္ထဲမွာ လူ သိန္းနဲ႔ခ်ီ ရိွတဲ့ ေနရာမ်ဳိးေတြမွာ ယာယီမဲရံုေလးေတြ ဖြင့္လို မရႏုိင္ဘူးလားဆိုတဲ့ အစိုးရကိုယ္လဲ နဂိုေတြ႔ကတည္းက ေရြးေကာက္ပြဲေကာ္မရွင္ကိုလဲ က်ေနာ္တို႔ ေဆြးေႏြးထားေပးတယ္။ အႀကံေပးထားတယ္။ အေစာကဟာတုန္းမ်ဳိး အလုပ္သမားေတြကေတာ့ စိတ္ဝင္စားတယ္။ ဒါေပမဲ့ ျပႆနာက တစ္ခါမွ မဲမေပးေပဘူး တခ်ဳိ ႔ဆိုရင္ ေတာ္ေတာ္ေလး လိုက္ေမးၾကည့္တယ္။ ျမန္မာႏုိ္င္ငံမွာ ေရြးစရာပါတီ ႏွစ္ခုပဲ ရိွတယ္လို႔ေတာင္ ေျပာတယ္။ ဒါေတာင္မွ ရန္ကုန္လို ေနရာမ်ဳိးကေန လာလုပ္တဲ့ အလုပ္သမေလးတေယာက္က ေျပာတာ။ မေလးရွားမွာ ရိွတယ္။ က်ေနာ္တို႔နဲ႔ ေဆြးေႏြးတဲ့အခ်ိန္မွာ က်ေနာ္ဆိုလိုခ်င္တာက က်န္တဲ့ေရြးေကာက္ပြဲ ဝင္မယ့္သူတုိ႔၊ လႊတ္ေတာ္အမတ္ေတြရဲ ႔ ကတိစကားေတြအေပၚမွာ - ကတိစကားေတြကို ထားလိုက္အံုးေတ့ - ဘယ္ပါတီ ဘယ္ႏွစ္ခုရိွမွန္း ဘယ္လိုပါတီက ဘာလုပ္ေနသလဲဆိုတာကို သူတို႔ခင္မ်ား မသိရွာဘူး။ မဲကို ဘယ္လုိထည့္ရမလဲဆိုတာကို သူတုိ႔မသိရွာဘူး။ ဒါေၾကာင့္မို႔ သူတုိ႔ေျပာေနတဲ့ ေရြးေကာက္ပြဲပညာေပး ကိစၥေတြလည္း အမ်ားႀကီးလုပ္ေပးရအံုးမယ္။ ဆိုေတာ့ အဲဒါေတြကို အလုပ္သမားေတြကို စနစ္တက် မဲထည့္ေစခ်င္တယ္ ဆိုရင္ေတာ့ အဲဒါေတြကေတာ့ မျဖစ္မေန လုပ္ရမွာ။

ေမး ။ ။ အခုကေတာ့ လိုအပ္ခ်က္ေတြ၊ စိန္ေခၚမႈေတြကေတာ့ ေတာ္ေတာ္ႀကီးတယ္လို႔ ဆုိရပါလိမ့္မယ္။ ေရြးေကာက္ပြဲ က်င္းပဖို႔ကလဲ ေလးလေလာက္ပဲ အခ်ိန္ က်န္ပါေတာ့တယ္။ ဆိုေတာ့ ဒီၾကားထဲမွာ လိုအပ္ခ်က္ေတြ ျဖည့္ဆည္းေပးဖို႔ဆိုရင္ မဲေပးခ်င္တဲ့လူေတြ၊ မဲေပးခြင့္ရဖို႔ အခ်ိန္မီေအာင္ လုပ္ဖို႔ဆိုရင္ လံုေလာက္တဲ့အခ်ိန္ ရမယ္လို႔ ထင္ပါသလား။

ေျဖ ။ ။ အေစာကေျပာသလိုေပါ့ က်ေနာ္တို႔ကေတာ့ သူတို႔ကို အဲဒီကိစၥေတြလုပ္ဖို႔ ၂၀၁၆ အစိုးရစျဖစ္ခ်ိန္ကတည္းက တကယ့္ကို တာဝန္ရိွတဲ့လူေတြရဲ ႔ လက္ထဲကိုပဲ က်ေနာ္တို႔ရဲ ႔ အစီရင္ခံစာေတြ၊ recommendations ေတြကို ထည့္ထားေပးတယ္။ ၂၀၁၆ ကတည္းက ထည့္ထားေပးတာ။ သူတို႔ကိုယ္တိုင္ မျပင္ဆင္တာကေတာ့ အစိုးရတရပ္ရဲ ႔ အရည္အခ်င္းနဲ႔ က်ေနာ္တုိ႔ ျပည္သူလူထုေပၚမွာထားတဲ့ ေစတနာေပၚမွာပဲ မူတည္လိမ့္မယ္လို႔ က်ေနာ္ထင္ပါတယ္။

ေမး ။ ။ သမၼတဦးဝင္းျမင့္က ဒီလဆန္းမွာပဲ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္မွာ တာဝန္ရိွတဲ့လူေတြ။ ေနာက္ အစိုးရအဖြဲ႔ဝင္ေတြနဲ႔ ေနျပည္မွာေတြ႔တုန္းက မဲေပးခြင့္ ရိွသူတိုင္ မဲေပးခြင့္ မဆံုးရႈံးေစဖို႔။ ေနာက္ မဲေပးႏုိင္ခြင့္ ဆံုးရႈံးတာ ႏုိင္ငံသားတေယာက္ရဲ ႔ ေမြးရာပါ အခြင့္အေရး၊ လူ႔အခြင့္အေရး ဆံုးရႈံးရာေရာက္တယ္။ ဒါေၾကာင့္လဲ မဲေပးခြင့္ေတြ မဆံုးရႈံးရေအာင္ စီစဥ္ပါဆိုၿပီးေတာ့ မွာတာ ရိွပါတယ္။ ဆိုေတာ့ ဒီေနရာမွာ နိဂံုးခ်ဳပ္အေနနဲ႔ ေမးခ်င္တာကေတာ့ ႏုိင္ငံသားအခြင့္အေရး မဆံုးရႈံးရေလေအာင္ သက္ဆိုင္ရာ တာဝန္ရိွသူေတြအေနနဲ႔ လုပ္မယ္ဆိုရင္ လုပ္ေပးႏုိင္တာမ်ဳိး။ လုပ္ေပးသင့္တာမ်ဳိးေကာ ဘာေတြမ်ား ရိွမလဲ။

ေျဖ ။ ။ အဓိကေတာ့ တစ္ခုဆိုတာထက္ တစ္ခုထဲမွာပဲ ဆက္ေျပာရင္ေတာ့ ရတာေပါ့။ အခုဆိုရင္ ႀကိဳတင္မဲ ပံုစံ (၁၅) ကို ၾသဂုတ္လ (၅) ရက္ေန႔ ေနာက္ဆံုးထားတဲ့ဟာကို ျဖစ္ႏုိင္လို႔ရိွရင္ Extend - ရက္ကို တိုးခ်ဲ ႔ေစခ်င္တယ္။ ဆိုလိုခ်င္တာကေတာ့ ၾသဂုတ္လေနာက္ဆံုးပတ္အထိတို႔ ၾသဂုတ္လ လကုန္ေလာက္အထိ တိုးမယ္။ တခ်ိန္တည္းမွာပဲ ပံုစံ (၁၅) ျဖည့္ဖို႔ကိစၥကို က်ေနာ္တုိ႔ကေတာ့ အင္တိုက္အားတိုက္ တကယ့္ကို အရပ္ဘက္အဖြဲ႔အစည္းေတြ၊ က်ေနာ္တို႔ရဲ ႔ သက္ဆိုင္ရာ အလုပ္သမားေအဂ်င္စီေတြ အစိုးရအဖြဲ႔ေတြနဲ႔ ေပါင္းၿပီးေတာ့ က်ေနာ္တို႔ ပံုစံ (၁၅) ကိုရေအာင္ အနည္းဆံုး အဲဒါေတြ ေဆာင္ရြက္ေပးသင့္တယ္။ ေနာက္တခုကေတာ့ အလုပ္သမားေတြ လြယ္လြယ္ကူကူ မဲထည့္ႏိုင္တဲ့ ေနရာေတြ။ အခုကတည္းက စဥ္းစားထားၿပီးေတာ့ စီစဥ္ ထားေပးသင့္တယ္။ လိုအပ္သလို ထုိင္းအစိုးရအေနနဲ႔ ႀကိဳတင္ညိွႏိႈင္းမႈေတြ လုပ္သင့္တယ္လို႔ က်ေနာ့္အေနနဲ႔ ေျပာခ်င္တယ္။

အခုလို အခ်ိန္ေပးၿပီး ေဆြးေႏြးေပးခဲ့တဲ့ ဦးထူးခ်စ္နဲ႔ နားဆင္ၾကတဲ့ ပရိသတ္ေတြအားလံုးကို ေက်းဇူးတင္ပါတယ္။

==Unicode==

လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲမှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ အထူးသဖြင့် ရွှေ့ပြောင်းအလုပ်သမားတွေ မဲပေးခွင့်ရမယ့် အခြေအနေ ရှိပါရဲ့လား။ မဲပေးရေးမှာ ဘာတွေ လိုအပ်ပါသလဲ။ ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်, ကို ကိုအောင်လွင်ဦး က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ မင်္ဂလာပါ။ အခုဆိုရင် ရွေးကောက်ပွဲကျင်းပဖို့ လပိုင်းလောက်ပဲ လိုပါတော့တယ်။ မဲပေးခွင့်ရှိသူတွေထဲမှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေလည်း သန်းနဲ့ချီ ရှိပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံမှာဆိုရင် အလုပ်လုပ်နေတဲ့ မြန်မာတွေကလည်း သန်းနဲ့ချီ ရှိနေပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ (၂၀၁၅) ရွေးကောက်ပွဲမှာတုန်းက ပြည်ပရောက် မြန်မာတွေထဲက မဲပေးခွင့်ရှိသူ (၄) သန်းလောက်မှာ သောင်းကဏန်းလောက်ပဲ မဲပေးနိုင်ခဲ့ပါတယ်။ ဆိုတော့ ဒီအချိန်မှာကော ဘယ်လောက်ထိ မဲပေးခွင့်ရမယ်လို့ ထင်ပါသလဲ။

ဖြေ ။ ။ မင်္ဂလာပါ။ အဓိကတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားတဲ့ အစီရင်ခံစာတွေကို တွေ့ရတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ တုန်းက ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံကနေ တရားဝင်အလုပ်လုပ်နေသူက (၄) သန်းကျော် (၅) သန်းလောက် ရှိတယ်။ ဒါပေမဲ့ တကယ် မဲထည့်သွားတာက (၃) သောင်းကျော်ပဲ ရှိတယ်။ ထိုင်းနိုင်ငံမှာ တရားဝင် လာလုပ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်နဲ့ ကျောင်းသူကျောင်းသားတွေနဲ့ ဝန်ထမ်းတွေပဲ မဲပေးလို့ရတယ်။ တကယ်တော့ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ တစ်ယောက်မှ မဲပေးခွင့် မရှိလိုက်ဘူးလို့ ပြောလို့ရတယ်။ တကယ်လိုများ ပေးခွင့်ရှိခဲ့တယ်ဆိုရင်တောင် ပေးခဲ့တဲ့ ရွှေ့ပြောင်းအလုပ်သမား အရေအတွက်က လက်ချိုးရေးလို့ရတယ်။

မေး ။ ။ ဒီလို အတွေ့အကြုံတွေ ရှိခဲ့တယ်ဆိုတော့ ဒီတကြိမ်မှာကော မဲပေးခွင့်ရမယ့် အခြေအနေက တိုးတက်လာနိုင်လား။

ဖြေ ။ ။ ၂၀၁၅ မှာ နိုင်ငံတကာမှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ မဲထည့်ပိုင်ခွင့်ရတဲ့အပေါ်မှာ ကျနော်တို့ အခြေခံမူတည်ပြီးတော့ ဒါကလဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အစီရင်ခံစာပေါ် မှီခိုတာပေါ့။ ဘာဖြစ်လို့ ဒီလောက်အထိ လေးငါးသန်းရှိတဲ့ လူက နှစ်သောင်းသုံးသောင်းလောက်ပဲ မဲပေးခွင့်ရလဲဆိုတာကို ကျနော်တို့ ပြန်လေ့လာတယ်။ ဆိုတော့ ၂၀၁၆ ထဲမှာပဲ အစိုးရကို ရွှေ့ပြောင်းအလုပ်သမားတွေ လွယ်လင့်တကူ မြန်မြန်ဆန်ဆန် မဲထည့်လို့ရအောင် အဲဒါကို ဆောင်ရွက်ပေးဖို့ ကျနော်တို့ မေတ္တာရပ်ခံခဲ့တယ်။ နောက်ဆုံး အစိုးရအနေနဲ့ ပြင်ဆင်သင့်တဲ့ လုပ်ငန်းစဉ်တွေ၊ မူဝါဒတွေကို ကျနော်တို့ အကြံပေးတာရှိတယ်။ ၂၀၁၆ ထဲက ကျနော်တို့ ပေးထားတယ်။ ဒါပေမဲ့ ဆက်တိုက်ပေါ့ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်တာတွေကို လုပ်နေခဲ့တယ်။ နောက်ဆုံး ဒီနှစ်ဆန်မှာ ကျနော်တို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့တွေ့တယ်။ ဥက္ကဋ္ဌ ဦးဆောင်ပြီးတော့ ကျနော်တို့နဲ့ တွေ့တဲ့အချိန်မှာ ကျနော်တို့လည်း ရွှေ့ပြောင်းအလုပ်သမားတွေကိစ္စကို ရှင်းပြတယ်။ ဒီမှာရှိတဲ့ အခက်အခဲတွေ မဲထည့်နိုင်အောင် ဘယ်လိုမျိုး အစိုးရတွေနဲ့ ပူးပေါင်းဆောင်ရွက်မလဲဆိုတဲ့ ကိစ္စတွေကို ပြောပြတယ်။ ရွေးကောက်ပွဲကော်မရှင်ကလည်း ရွှေ့ပြောင်းအလုပ်သမားတွေ မဲလွယ်လွယ်ကူကူ၊ မြန်မြန်ဆန်ဆန် ထည့်ခွင့်ရအောင်ဆိုရင်တော့ မြန်မာနိုင်ငံအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အလုပ်သမားနဲ့ လူဝင်မှုကြီးကြပ်ရေးဌာန၊ ရွေးကောက်ပွဲကော်မရှင်တို့ အဓိက အဲဒီဌာနကြီး (၃) ခုက စနစ်တကျ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ သူတို့ကိုယ်တိုင်လည်း ပြောခဲ့တယ်။

နောက်တခုက ကျနော်တို့ကိုယ်တိုင်လည်းပြောတယ်။ အဲဒီအချိန်မှာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေက ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်ရမလဲဆိုတာကို ကျနော်တို့ကို ပြောပြဖို့ ကမ်းလှမ်းခဲ့တယ်။ အဓိက ကျနော်တို့ ရည်ရွယ်ချက်ကတော့ ဘယ်ပါတီ ပုဂ္ဂိုလ်ကို မဲဆွယ်ဖို့ဆိုတာထက် ရွှေ့ပြောင်းအလုပ်သမားတွေ ၂၀၁၅ ထက်ပိုပြီးတော့ မဲထည့်ခွင့်ရအောင်ဆိုတဲ့ ကြိုးစားမှုဖြစ်တယ်။

မေး ။ ။ ရွေးကောက်ပွဲမှာ ပြည်ပရောက်မြန်မာနိုင်ငံသား မဲဆန္ဒရှင်တွေ၊ အထူးသဖြင့် အလုပ်သမားတွေ မဲပေးခွင့်ရဖို့ အဓိက အခက်အခဲကို ပြောပါဆိုရင် ဘာများဖြစ်မလဲ။

ဖြေ ။ ။ အဓိကအခက်အခဲက မြန်မာအစိုးရမှာ တိကျရှင်းလင်းတဲ့ နိုင်ငံသားအခွင့်အရေးနဲ့ ပတ်သက်ပြီးတော့၊ နိုင်ငံသားအခွင့်အရေးကို မြှင့်တင်ပြီးတော့ ရွှေ့ပြောင်းအလုပ်သမားတွေကို မဲထည့်ခွင့်ရအောင် လုပ်ပေးမယ်ဆိုတဲ့ စနစ်ကျတဲ့ မဟာဗျူဟာ၊ နည်းဗျူဟာတွေ မရှိဘူး။ ဒါက အဓိကပဲ။ အဲဒါတွေ မရှိတော့ သူတို့က ပုံစံ (၁၅) ရွေးကောက်ပွဲကော်မရှင်က ပြောတယ်။ သူတို့ မဲရုံအသစ်တွေ ဖွင့်တာမဖွင့်တာလဲ ကျနော်တို့ မပြောတော့ဘူး။ ပုံစံ (၁၅) ကိစ္စပဲ ပြောတော့မယ်။ ပုံစံ (၁၅) ဖြည့်ဖို့ကိုပဲ အဆင်မပြေဘူး။ ကျနော်တို့နဲ့ တွေ့ခဲ့တဲ့ အလုပ်သမား (၉၀) ရာခိုင်နှုန်းက သူတို့မသိဘူး။ ပုံစံ (၁၅) လည်း မသိဘူး။ ဘယ်လိုဖြည့်ရမှန်းလဲ မသိဘူး။ ဘယ်ကိုပို့ရမှန်းလဲ မသိဘူး။ အဲဒီ ပုံစံ (၁၅) ကို ဘယ်နေရာကနေ သွားယူရမှန်းလဲ မသိဘူး။

မေး ။ ။ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ မဲထည့်ခွင့်နဲ့ ပတ်သက်လို့ ကျကျနန မပြင်ထားဘူးလို့ ဦးထူးချစ်က ထောက်ပြသွားပါတယ်။ တခုရှိတာကတော့ အခုက NLD အစိုးရအတွက် ပထမဦးဆုံးအကြိမ် အစိုးရသက်တမ်းကို တာဝန်ယူရတာလဲ ဖြစ်နေပါတယ်။ နောက် ကပ်ရောဂါနဲ့လဲ ကြုံနေရပါတယ်။ ဒီလို မထင်မှတ်ရတဲ့ အခြေအနေတွေက စွမ်းဆောင်ရေးအားနည်းတာတွေကြောင့် အခုလိုဖြစ်နေရတာလား။ ဒါမှမဟုတ် ပြည်ပရောက် နိုင်ငံသားတွေထက် ပြည်တွင်းမှာ ပိုပြီးတော့ ဦးစားပေးဖို့ လိုအပ်ချက်တွေ ရှိနေလို့လား။ ကိုထူးချစ် ဘယ်လိုယူဆပါလဲ။

ဖြေ ။ ။ ဒါကတော့ ကျနော့်ရဲ့ တဦးတည်းအမြင်ပေါ့ - ကျနော် ရွှေ့ပြောင်းအလုပ်သမား နိုင်ငံသားတယောက်အနေနဲ့ အမြင်ကတော့ ဒီလောက်ထိ လေးငါးသန်းဆိုတဲ့ မဲကတော့ ဘယ်အစိုးရပဲဖြစ်ဖြစ် အရေးမကြီးဘူးလိုတော့ ပြောလို့မရဘူး။ ဒါက တစ်တချက်ပေါ့။ ပိုပြီးတော့ အရေးကြီးတာက ရွှေ့ပြောင်းအလုပ်သမားတွေဆိုတာက နိုင်ငံဝင်ငွေ၊ ရှာဖွေပေးပြီးတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေးကိစ္စတွေကို တိုးတက်အောင်ဆောင်ရွက်နေတဲ့ ဆောင်ရွက်ပေးနေတဲ့ ကဏ္ဍတစ်ခုကနေ ဆောင်ရွက်ပေးနေတဲ့ တကယ့်အလုပ်သမားတွေ ဖြစ်တယ်။ နောက်တခုက သူတို့ပိုပြီးတော့ သူတို့နိုင်ငံသားအခွင့်အရေးကို နည်းသည်များသည်၊ သူတို့မဲကို စိတ်ဝင်စားသည်၊ စိတ်မဝင်စားသည်က တကဏ္ဍ။ ရွှေ့ပြောင်းအလုပ်သမားတွေကို နိုင်ငံသားအခွင့်အရေးတခု ပေးတဲ့အနေနဲ့ နိုင်ငံသားအခွင့်အရေးတွေကို လေးစားလိုက်နာပါတယ်လို့ မြင်စေချင်တဲ့ အစိုးရတရပ်အနေနဲ့ ဆိုပြီးတော့ ကြိုးစားပြီးတော့ ဆောင်ရွက်ကို ဆောင်ရွက်ပေးရမယ်။ ဝေဖန်မှုတွေလည်း ကြားနေရတယ်။ ရွှေ့ပြောင်းအလုပ်သမား အများစုက တိုင်းရင်းသားတွေပဲ ဖြစ်နေတယ်။ အဓိက ရခိုင်၊ ကချင်၊ ချင်း၊ မွန်၊ ကရင်၊ ကယားတွေ၊ ပအို့ဝ်တွေ အများကြီး ဖြစ်နေတယ်။ ဆိုတော့ အစိုးရတွေအနေနဲ့ တိုင်းရင်းသားမဲက သူတို့ကို မပေးဘူး။ တိုင်းရင်းသားမဲကတော့ ဘာမှမထူးဘူးဆိုပြီးတော့ ရွှေ့ပြောင်းအလုပ်သမားတွေကို မဲထည့်ခွင့်မရအောင် (သို့တည်းမဟုတ်) တာဝန်ကျေ နိုင်ငံသားအခွင့်အရေး မဲပေးခွင့်ပေးထားတာပဲ။ ပုံစံ (၁၅) ဖြည့်ပါဆိုတဲ့ ပုံစံမျိုး။ ဒါပေမဲ့ အလုပ်သမားတွေအနေနဲ့ ခက်ခက်ခဲခဲဖြစ်အောင် လုပ်ထားသလိုမျိုးတော့ ကျနော့်အနေနဲ့ တွေ့နေပါတယ်။

မေး ။ ။ တခုရှိတာက ဒီနှစ်မှာ ကိုဗစ်ကပ်ရောဂါနဲ့လဲ ကြုံနေရတော့ အစစအရာရာ အစီအစဉ်မကျ ဖြစ်နေတာတွေလဲ ရှိပါတယ်။ ဆိုတော့ ဒီလိုအခြေအနေတွေကြောင့် အခက်အခဲတွေ ကြုံနေရတယ်လို့ မပြောနိုင်ဘူးလား။

ဖြေ ။ ။ အဓိကတော့ ကျနော် အစောကပြောသလိုပဲ ကိုဗစ်က နိုင်ငံရေးလှုပ်ရှားမှု ကိစ္စတွေပဲ မဟုတ်ပါဘူး။ ကျန်တဲ့ စီးပွားရေး၊ ကျန်တဲ့ကိစ္စအရပ်ရပ် အနည်းနဲ့အများ ထိခိုက်မှုတွေ ရှိတယ်။ ဒါကို ကျနော်တို့ မငြင်းဘူး။ ဒါပေမဲ့ ကျနော်ပြောချင်တာက လက်ရှိ ကိုဗစ်ဖြစ်နေတဲ့ ကာလအခြေအနေမှာပဲ ကျနော်တို့ကိုယ်တိုင် ထိုင်းမှာနေတယ်။ ကျနော်တို့ကိုယ်တိုင် လှုပ်ရှားလို့ ရနိုင်တဲ့ဟာလေးတွေကို အစိုးရက ကမကထလုပ်ပြီးတော့ ဘာဖြစ်လို့ လှုပ်ရှားလို့ မရရမှာလဲ။ ဆိုလိုချင်တာက ဒီစက်ရုံမှာ အစိုးရကနေ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေနဲ့ ပေါင်းပြီးတော့ ပို့ထားတဲ့ အလုပ်သမားတွေရှိတယ်။ ဒါတွေက ဘာမှခက်ခဲတဲ့ကိစ္စ မဟုတ်ဘူး။ ကျနော်တို့မှာ လူစာရင်းအတိအကျ ရှိတယ်။ ဘယ်စက်ရုံမှာ ဘယ်နှစ်ယောက် ဘယ်မြို့မှာ။ အဲဒီလိုမျိုး MOU နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာနဲ့ ပို့ထားတဲ့ အလုပ်သမားတွေကိုယ်နှိုက်ကို သူတို့ဘာမှ လုပ်တာကိုင်တာမျိုး ကျနော်တို့ မြင်သာထင်သာ မတွေ့ရဘူး။ ဆိုချင်တာက ဒီစက်ရုံမှာ လူတထောင်ရှိတယ်။ ပုံစံ (၁၅) ကို အရွက် တစ်ထောင် ကျနော်တို့ ယူသွားမယ်။ အခုကတော့ အလုပ်တွေက များနေတော့ တော်ရုံတန်ရုံ အချိန်တွေ ညှိလို့ရတယ်။ ရွေးကောက်ပွဲကို ဘယ်လိုမဲထည့်ကြမယ် ဘာသာရပ်လေးကို ကျနော်တို့ (၂) နာရီ (၃) နာရီလောက် ပြောပြပေးမယ်။ သူတို့ဆီက ကြိုတင်မဲ ထည့်ချင်တဲ့ဖောင်လေးတွေ လက်ခံယူမယ်။ ဒါတွေက ဖြစ်နိုင်တယ်။ အစောကပြောသလိုပဲ အစိုးရအနေနဲ့ လုပ်ချင်စိတ်ရှိဖို့ လိုတယ်။ နိုင်ငံသားအခွင့်အရေးကို အကောင်အထည်ဖော်ချင်တဲ့စိတ် ရှိဖို့တော့ လိုတယ်။ အဲဒါတွေ အဲဒီစိတ်နှစ်ခုရှိတယ်ဆိုရင် စောစောကပြောတဲ့ ကိုဗစ်ပြဿနာမကလို့ ဘာပြဿနာပဲဖြစ်ဖြစ် အခြေအနေတွေက ကျော်လွှားလို့ရတယ်။ ဒါပေမဲ့ ပုံမှန်အနေအထားထက်တော့ နည်းနည်းလေးပဲ ကွာချင်ကွာမယ်။ ကျနော် ဆိုလိုချင်တာက လုပ်လို့ကိုင်လို့ရတဲ့ အနေအထား ရှိတယ်ဆိုတာတော့ အစိုးရအနေနဲ့ သိစေချင်တယ်။

မေး ။ ။ ကိုထူးချစ်တို့က ပြည်ပရောက် အလုပ်သမားတွေ မဲပေးခွင့်ရဖို့တော့ တိုက်တွန်းနေတာတော့ ဟုတ်ပါပြီ။ အခုက ပြည်ပရောက် မြန်မာနိုင်ငံသားတွေကြားထဲမှာ ရွေးကောက်ပွဲကိစ္စ အပါအဝင် မြန်မာနိုင်ငံ နိုင်ငံရေးနဲ့ ပတ်သက်လို့ စိတ်ဝင်စားမှု၊ စိတ်အားထက်သန်မှု ရှိကြလား။ တခြားမဟုတ်ပါဘူး အခုက ကပ်ရောဂါကြောင့် ဒုက္ခရောက်နေတဲ့အချိန်မှာ ကျန်တာတွေကို ဦးစားမပေးနိုင်ဘူးဆိုတဲ့ ပြောသံဆိုသံတွေ ရှိနေတယ်ဆိုတော့ အလုပ်သမားတွေနဲ့ ထိတွေ့ဆက်ဆံနေရတဲ့ လူတယောက်အနေနဲ့ ကိုထူးချစ်တို့ လက်လှမ်းမီသလောက် ပြောမယ်ဆိုရင် ဒီလူတွေကြားထဲမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားမှု ဗဟုသုတ ယေဘုယျအားဖြင့် ဘယ်လောက်အတိုင်းအတာထိ ရှိတယ်လို့များ နားလည်ထားသလဲ။

ဖြေ ။ ။ ကျနော်ကတော့ အစောကပြောသလို၊ အမြဲတမ်း ပြောသလိုပါပဲ အခြေခံအားဖြင့် နှစ်ပိုင်းပေါ့။ အဓိကတော့ ပထမဦးဆုံး မဲထည့်ခွင့်ရမယ်လူတွေ First time voters လို့ခေါ်တဲ့လူတွေ။ အဓိက အသက် (၁၈) နှစ်ပြည့်ပြီးခါစနဲ့ အသက် (၂၃ - ၂၄) လူငယ်တွေက လက်ရှိ လူမှု့ကွန်ရက်တွေမှာ တွေ့နေတော့ သူတို့အနေနဲ့ အများစုကတော့ မဲပေးချင်တယ်။ နောက်တခုက တခါမှ မဲမပေးချင်တဲ့လူကလဲ ကျနော်တို့ ပြီးခဲ့တဲ့နှစ်စလောက်မှာ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လွှတ်တော်လှုပ်ရှားမှုအဖွဲ့နဲ့ ကျနော်တို့ စစ်တမ်းငယ်လေးတခု ကောက်ခဲ့တယ်။ အဲဒါကလဲ ငယ်ငယ်လေးဆိုပေမယ့် တနိုင်ငံလုံး လွှမ်းခြုံအောင်လို့ လူ (၁၈၀၀) လောက်ကို အင်တာဗျူးထားတာ။ မဲနဲ့ပတ်သက်ပြီး စစ်တမ်း။ ဆိုကြပါစို့ အဲဒီစစ်တမ်းအရဆိုရင် (၉၀) ကျော် ရာခိုင်နှုန်းလောက်က မဲပေးချင်တယ်။ မဲပေးဖို့ မှတ်ပုံတင်ရှိတယ်။ အိမ်ထောင်စု ရှိတယ်။ ဒါပေမဲ့ ထပ်မေးတယ် ဘယ်လို အနေအထားနဲ့ ပေးချင်လဲ။ ဘန်ကောက်မှာ သွားပေးဖို့တော့ သူတို့ အဆင်မပြေဘူး။ အားလုံးသံရုံးမှာ သွားပေးဖို့၊ ချင်းမိုင်ကောင်စစ်ဝန်ရုံးမှာ အဆင်ပြေတယ်။ သူတို့နဲ့ နီးစပ်ရာနေရာတွေမှာ မဲရုံလေးတွေ ရှိတယ်။ သွားလို့လာလို့ ပြေရင်တော့ သူတို့အဆင်ပြေမယ်။ သွားလို့လာလို့ အဆင်ပြေမှ သူတို့ အဆင်ပြေမယ်။ ဆိုလိုချင်တာက စက်မှုဇုန် ရှိတယ်။ လူ သိန်းနဲ့ချီ ရှိတဲ့ - တမြို့နယ်ထဲမှာ လူ သိန်းနဲ့ချီ ရှိတဲ့ နေရာမျိုးတွေမှာ ယာယီမဲရုံလေးတွေ ဖွင့်လို မရနိုင်ဘူးလားဆိုတဲ့ အစိုးရကိုယ်လဲ နဂိုတွေ့ကတည်းက ရွေးကောက်ပွဲကော်မရှင်ကိုလဲ ကျနော်တို့ ဆွေးနွေးထားပေးတယ်။ အကြံပေးထားတယ်။ အစောကဟာတုန်းမျိုး အလုပ်သမားတွေကတော့ စိတ်ဝင်စားတယ်။ ဒါပေမဲ့ ပြဿနာက တစ်ခါမှ မဲမပေးပေဘူး တချို့ဆိုရင် တော်တော်လေး လိုက်မေးကြည့်တယ်။ မြန်မာနိုင်ငံမှာ ရွေးစရာပါတီ နှစ်ခုပဲ ရှိတယ်လို့တောင် ပြောတယ်။ ဒါတောင်မှ ရန်ကုန်လို နေရာမျိုးကနေ လာလုပ်တဲ့ အလုပ်သမလေးတယောက်က ပြောတာ။ မလေးရှားမှာ ရှိတယ်။ ကျနော်တို့နဲ့ ဆွေးနွေးတဲ့အချိန်မှာ ကျနော်ဆိုလိုချင်တာက ကျန်တဲ့ရွေးကောက်ပွဲ ဝင်မယ့်သူတို့၊ လွှတ်တော်အမတ်တွေရဲ့ ကတိစကားတွေအပေါ်မှာ - ကတိစကားတွေကို ထားလိုက်အုံးတေ့ - ဘယ်ပါတီ ဘယ်နှစ်ခုရှိမှန်း ဘယ်လိုပါတီက ဘာလုပ်နေသလဲဆိုတာကို သူတို့ခင်များ မသိရှာဘူး။ မဲကို ဘယ်လိုထည့်ရမလဲဆိုတာကို သူတို့မသိရှာဘူး။ ဒါကြောင့်မို့ သူတို့ပြောနေတဲ့ ရွေးကောက်ပွဲပညာပေး ကိစ္စတွေလည်း အများကြီးလုပ်ပေးရအုံးမယ်။ ဆိုတော့ အဲဒါတွေကို အလုပ်သမားတွေကို စနစ်တကျ မဲထည့်စေချင်တယ် ဆိုရင်တော့ အဲဒါတွေကတော့ မဖြစ်မနေ လုပ်ရမှာ။

မေး ။ ။ အခုကတော့ လိုအပ်ချက်တွေ၊ စိန်ခေါ်မှုတွေကတော့ တော်တော်ကြီးတယ်လို့ ဆိုရပါလိမ့်မယ်။ ရွေးကောက်ပွဲ ကျင်းပဖို့ကလဲ လေးလလောက်ပဲ အချိန် ကျန်ပါတော့တယ်။ ဆိုတော့ ဒီကြားထဲမှာ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ဆိုရင် မဲပေးချင်တဲ့လူတွေ၊ မဲပေးခွင့်ရဖို့ အချိန်မီအောင် လုပ်ဖို့ဆိုရင် လုံလောက်တဲ့အချိန် ရမယ်လို့ ထင်ပါသလား။

ဖြေ ။ ။ အစောကပြောသလိုပေါ့ ကျနော်တို့ကတော့ သူတို့ကို အဲဒီကိစ္စတွေလုပ်ဖို့ ၂၀၁၆ အစိုးရစဖြစ်ချိန်ကတည်းက တကယ့်ကို တာဝန်ရှိတဲ့လူတွေရဲ့ လက်ထဲကိုပဲ ကျနော်တို့ရဲ့ အစီရင်ခံစာတွေ၊ recommendations တွေကို ထည့်ထားပေးတယ်။ ၂၀၁၆ ကတည်းက ထည့်ထားပေးတာ။ သူတို့ကိုယ်တိုင် မပြင်ဆင်တာကတော့ အစိုးရတရပ်ရဲ့ အရည်အချင်းနဲ့ ကျနော်တို့ ပြည်သူလူထုပေါ်မှာထားတဲ့ စေတနာပေါ်မှာပဲ မူတည်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။

မေး ။ ။ သမ္မတဦးဝင်းမြင့်က ဒီလဆန်းမှာပဲ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာ တာဝန်ရှိတဲ့လူတွေ။ နောက် အစိုးရအဖွဲ့ဝင်တွေနဲ့ နေပြည်မှာတွေ့တုန်းက မဲပေးခွင့် ရှိသူတိုင် မဲပေးခွင့် မဆုံးရှုံးစေဖို့။ နောက် မဲပေးနိုင်ခွင့် ဆုံးရှုံးတာ နိုင်ငံသားတယောက်ရဲ့ မွေးရာပါ အခွင့်အရေး၊ လူ့အခွင့်အရေး ဆုံးရှုံးရာရောက်တယ်။ ဒါကြောင့်လဲ မဲပေးခွင့်တွေ မဆုံးရှုံးရအောင် စီစဉ်ပါဆိုပြီးတော့ မှာတာ ရှိပါတယ်။ ဆိုတော့ ဒီနေရာမှာ နိဂုံးချုပ်အနေနဲ့ မေးချင်တာကတော့ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးရလေအောင် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ လုပ်မယ်ဆိုရင် လုပ်ပေးနိုင်တာမျိုး။ လုပ်ပေးသင့်တာမျိုးကော ဘာတွေများ ရှိမလဲ။

ဖြေ ။ ။ အဓိကတော့ တစ်ခုဆိုတာထက် တစ်ခုထဲမှာပဲ ဆက်ပြောရင်တော့ ရတာပေါ့။ အခုဆိုရင် ကြိုတင်မဲ ပုံစံ (၁၅) ကို သြဂုတ်လ (၅) ရက်နေ့ နောက်ဆုံးထားတဲ့ဟာကို ဖြစ်နိုင်လို့ရှိရင် Extend - ရက်ကို တိုးချဲ့စေချင်တယ်။ ဆိုလိုချင်တာကတော့ သြဂုတ်လနောက်ဆုံးပတ်အထိတို့ သြဂုတ်လ လကုန်လောက်အထိ တိုးမယ်။ တချိန်တည်းမှာပဲ ပုံစံ (၁၅) ဖြည့်ဖို့ကိစ္စကို ကျနော်တို့ကတော့ အင်တိုက်အားတိုက် တကယ့်ကို အရပ်ဘက်အဖွဲ့အစည်းတွေ၊ ကျနော်တို့ရဲ့ သက်ဆိုင်ရာ အလုပ်သမားအေဂျင်စီတွေ အစိုးရအဖွဲ့တွေနဲ့ ပေါင်းပြီးတော့ ကျနော်တို့ ပုံစံ (၁၅) ကိုရအောင် အနည်းဆုံး အဲဒါတွေ ဆောင်ရွက်ပေးသင့်တယ်။ နောက်တခုကတော့ အလုပ်သမားတွေ လွယ်လွယ်ကူကူ မဲထည့်နိုင်တဲ့ နေရာတွေ။ အခုကတည်းက စဉ်းစားထားပြီးတော့ စီစဉ် ထားပေးသင့်တယ်။ လိုအပ်သလို ထိုင်းအစိုးရအနေနဲ့ ကြိုတင်ညှိနှိုင်းမှုတွေ လုပ်သင့်တယ်လို့ ကျနော့်အနေနဲ့ ပြောချင်တယ်။

အခုလို အချိန်ပေးပြီး ဆွေးနွေးပေးခဲ့တဲ့ ဦးထူးချစ်နဲ့ နားဆင်ကြတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG