ေ႐ြးေကာက္ပြဲပါဝင္မယ့္သူတိုင္း တန္းတူညီမွ်ယွဥ္ၿပိဳင္မႈရမွ ေ႐ြးေကာက္ပြဲတရားဝင္မႈရၿပီး အျငင္းပြားမႈေတြေလွ်ာ့ခ်ႏိုင္မယ္လို႔ PACE ေ႐ြးေကာက္ပြဲဆိုင္ရာ ျပည္သူ႔လႈပ္ရွားမႈအဖြဲ႕က စိုင္းရဲေက်ာ္စြာျမင့္က ေျပာပါတယ္။ ေ႐ြးေကာက္ပြဲအႀကိဳကာလ စိုးရိမ္ခ်က္ေတြ ဘယ္လိုရွိပါလဲ။ ကိုသားၫြန႔္ဦး ဆက္သြယ္ေမးျမန္းထားပါတယ္။
ေမး ။ ။ ပထမဦးဆံုးေမးခ်င္တာက ေရြးေကာက္ပြဲစည္းရံုးေရးကာလ အေျခအေနပါ။ ေျပာမယ္ဆိုရင္ ကိုဗစ္-၁၉ အက်ပ္အတည္းကာလကလဲ အခုထိကို ရင္ဆိုင္ေနရတုန္းဆိုေတာ့။ ေနာက္တခ်က္က ဒီလာမယ့္ေရြးေကာက္ပြဲအတြက္ ေျပာရမယ္ဆိုရင္ ပါတီအသစ္ေတြ အေတာ္မ်ားမ်ားလဲ ေပၚလာတယ္။ ေျပာမယ္ဆိုရင္ အထင္ကရပါတီေတြျဖစ္တဲ့ ဦးေရႊမန္းပါတီ၊ ကိုကိုႀကီးပါတီနဲ႔ ေဒၚသက္သက္ခိုင္တို႔ ဖြဲ႔တာေတြလည္း ရိွလာတယ္။ အဲဒီေတာ့ ႏုိင္ငံေရးပါတီေတြဘက္ကလဲ ေျပာမယ္ဆိုရင္ သံုးေလးလေလာက္ပဲ ၾကာေတာ့မယ့္ မဲဆြယ္စည္းရံုးေရးကာလက သူတုိ႔အတြက္ အေတာ္ေလးအေရးႀကီးပါတယ္။ အဲဒီေတာ့ ဒီအေျခအေနမွာ မဲဆြယ္စည္းရံုးေရးအတြက္ ႏုိင္ငံေရးပါတီေတြအေနနဲ႔ အဆင္သင့္ ျဖစ္ေနၿပီလား။ သူတုိ႔မွာ ဘယ္လိုမ်ဳိး အခက္အခဲေတြ ရိွေနတယ္လို႔ သိရပါသလဲ။ ကိုစိုင္းရဲ ႔အျမင္ကို ပထမဦးဆံုး သိခ်င္ပါတယ္။
ေျဖ ။ ။ ေကာ္မရွင္အေနနဲ႔ ဒီလိုမ်ဳိး ႏိုဝင္ဘာလအတုိင္း က်င္းပႏုိင္စရာရိွတယ္လို႔ ေျပာတဲ့ဟာကို က်ေနာ္တို႔ ႀကိဳဆိုတယ္။ ဒါေပမဲ့ တကယ္တမ္း လက္ေတြ႔အေကာင္အထည္ေဖာ္ဖို႔၊ လက္ေတြ႔ျပင္ဆင္ဖို႔ဆိုၿပီးေတာ့ ေရြးေကာက္ပြဲရက္တင္မကဘူး၊ လုပ္ငန္းစဥ္ေတြပါစၿပီး ေၾကညာဖို႔လိုတာေပါ့။ မဲဆြယ္စည္းရံုးေရးကာလက ႏွစ္လပဲ လုပ္မွာလား။ ဒါမွမဟုတ္ ရက္တိုးဖို႔ ရိွသလား။ တခ်ဳိ ႔ကလဲ ရက္တိုးေပးဖို႔ ေတာင္းဆိုေနတာေတြလဲ ရိွခဲ့တယ္။ အဲဒီအတိုင္း ရိွသလား။ ေနာက္ၿပီးေတာ့ ကိုယ္စားလွယ္ေလာင္းစာရင္းေတြ တင္သြင္းတဲ့ကိစၥေတြ ဘယ္ေတာ့ စလုပ္ရမလဲဆိုတဲ့ဟာေတြကို ဒီထက္ပိုၿပီးေတာ့ တိတိက်က် ေျပာမယ္ဆိုရင္ေတာ့ ႏုိင္ငံေရးပါတီေတြအတြက္ ပိုၿပီးေတာ့မွ အဆင္သင့္ျဖစ္ႏုိင္စရာ ရိွတာေပါ့။ အခုေလာေလာဆယ္ေတာ့ ခန္႔မွန္းၿပီး ျပင္ဆင္ေနေတာ့ သူတုိ႔အတြက္ ခက္ခဲမယ္လို႔ က်ေနာ္ျမင္ပါတယ္။
ေမး ။ ။ အဲဒီေတာ့ က်ေနာ္ေမးခ်င္တာက အခု ေရြးေကာက္ပြဲအတြက္က ျပင္ရဆင္ရၿပီေပါ့။ ေကာ္မရွင္နဲ႔ အာဏာပိုင္ေတြက ျပင္ရဆင္ရၿပီ။ လက္တေလာအားျဖင့္ ေကာ္မရွင္က ျပင္ဆင္ေဆာင္ရြက္ေနတာေတြက လံုေလာက္မႈ ရိွရဲ ႔လား။ ေက်နပ္အားရစရာ ရိွပါသလား။
ေျဖ ။ ။ ေကာ္မရွင္အေနနဲ႔ ျပင္ဆင္ေနမယ္လို႔ က်ေနာ္တို႔ ယံုၾကည္ပါတယ္။ သို႔ေပမဲ့လဲ ဘယ္လိုျပင္ဆင္ေနတယ္။ ေနာက္ၿပီးေတာ့ ဘယ္လိုမ်ဳိး အစီအမံေတြ ရိွတယ္ဆိုတဲ့ဟာကို သိရတဲ့အခါမွာ ပိုၿပီးေတာ့ စိုးရိမ္ပူပန္တာေပါ့။ အထူးသျဖင့္ ကပ္ေရာဂါကလဲ ရိွေနေသးေတာ့ သာမန္ျပင္ဆင္မႈမ်ဳိးကေတာ့ က်ေနာ္တို႔ စိုးရိမ္စရာ မရိွေပမယ့္၊ ကပ္ေရာဂါနဲ႔ ပတ္သက္လို႔ရိွရင္ ဘယ္လုိျပင္ဆင္ေနတယ္။ ဥပမာအားျဖင့္ အသိပညာေပး။ ျပည္သူလူထုေတြကို အသိပညာေပးလုပ္ငန္းေတြ ဘယ္လိုလုပ္မလဲ။ အခုအခ်ိန္အထိ အသြားအလာ၊ အကန္႔အသတ္မႈေတြ ရိွေနတုန္းပဲ။ တေနရာကေနတေနရာ သြားလာကန္႔သတ္မႈေတြက ရိွေနေသးေတာ့ အသိပညာေပးလုပ္ငန္းေတြ ဘယ္လိုလုပ္ရမလဲ။ လူ (၅) ဦးထက္ပိုၿပီး မစုရဘူးကိစၥေတြက ရိွေနေသးေတာ့ ဒါေတြကို ေကာ္မရွင္အေနနဲ႔ ညႊန္ၾကားခ်က္ ဘယ္လိုရိွသလဲဆိုတာကို က်ေနာ္တို႔ မသိရဘူး။ ေနာက္တခါ မဲဆြယ္စည္းရံုးေရးေတြ ဘယ္လိုလုပ္ရမလဲဆိုတာကို မသိရေတာ့ ေကာ္မရွင္က ဘယ္လိုျပင္ဆင္ထားသလဲဆိုတာကို မသိရဘူး ျဖစ္ေနတာေပါ့။ အထူးသျဖင့္ေတာ့ နယ္ေတြမွာဆိုရင္ အသြားအလာ၊ အကန္႔အသတ္ေတြ ရိွေနေသးေတာ့ အာဏာပိုင္က ကန္႔သတ္တာေတြ မရိွတာေတာင္မွ ရပ္ကြက္ေန၊ ေက်းရြာေနသူေတြက သူတုိ႔ဆီကို လူစိမ္းဝင္တာမ်ဳိးေတြ မႀကိဳက္ဘူး။ ဒါကတစ္ခ်က္။
ေနာက္တခါ အသြားအလာကန္႔သတ္မႈနဲ႔ ပတ္သက္လို႔ ဒီလုိလုပ္ငန္းစဥ္ေတြအတြက္ကို ဘယ္လိုလုပ္လို႔ရသလဲဆိုတာကို ညႊန္ၾကားခ်က္ေတြ သိသိသာသာ မရိွေသးဘူး ျဖစ္ေနတာေပါ့။ ဆိုေတာ့ မရိွေသးဘူးဆိုတာထက္၊ ေကာ္မရွင္အေနနဲ႔ ဒါကို လူသိရွင္ၾကား မထုတ္ျပန္ေသးတာေပါ့။ ဆိုေတာ့ က်ေနာ္တို႔အေနနဲ႔ ခန္႔မွန္းရခက္တယ္။ ေကာ္မရွင္က ဘယ္လိုျပင္ဆင္ထားၿပီးၿပီလဲဆိုတဲ့ဟာေပါ့။ ေသခ်ာတာကေတာ့ ျပင္ဆင္မႈဟာ ဒီလာမယ့္ေရြးေကာက္ပြဲအတြက္ ျပင္ဆင္မႈဟာ အရင္ေရြးေကာက္ပြဲထက္စာရင္ ပိုၿပီးေတာ့ ႀကီးမားတဲ့ ျပင္ဆင္မႈမ်ဳိး လိုတယ္လို႔ ယူဆတယ္။
ေမး ။ ။ မဲဆြယ္စည္းရံုးေရးကာလပဲျဖစ္ျဖစ္၊ ေရြးေကာက္ပြဲ က်င္းပေနခ်ိန္မွာပဲျဖစ္ျဖစ္၊ လြတ္လပ္မွ်တမႈဆိုတဲ့ကိစၥက ေစာင့္ၾကည့္ေရးအဖြဲ႔ေတြအတြက္ အေတာ္ေလး အေရးႀကီးပါတယ္။ ကိုစိုင္းတုိ႔လို ေစာင့္ၾကည့္ေရးအဖြဲ႔ေတြက ျပင္ဆင္ထားမႈက ဘယ္ေလာက္အထိရိွလဲ။ ဘယ္လိုအခက္အခဲမ်ဳိးေတြ ရင္ဆိုင္ရမယ္လို႔ မွန္းထားသလဲ။
ေျဖ ။ ။ က်ေနာ္တို႔ကေတာ့ ႏိုဝင္ဘာလကုန္ ေရြးေကာက္ပြဲ က်င္းပမယ္လို႔ မွန္းတဲ့အတြက္ေၾကာင့္မို႔ အဲဒီအတြက္ေတာ့ ေယဘုယ်အားျဖင့္ေတာ့ ျပင္ဆင္ေနတယ္။ ဥပမာ က်ေနာ္တို႔အဖြဲ႔အေနနဲ႔ဆိုရင္ မဲစာရင္းေကာက္တာေတြ၊ မဲစာရင္းေၾကညာတာေတြကို ေစာင့္ၾကည့္မယ္။ မဲဆြယ္စည္းရံုးတာေတြကို ေစာင့္ၾကည့္ဖို႔ အစီအစဥ္ရိွတယ္။ ႀကိဳတင္မဲကို ေစာင့္ၾကည့္ဖို႔ အစီအစဥ္ရိွတယ္။ ေနာက္ ေရြးေကာက္ပြဲေန႔၊ ေနာက္ၿပီးေတာ့ မဲစာရင္း၊ မဲရလဒ္ေတြကို က်ေနာ္တို႔ ေၾကညာတာကို ေစာင့္ၾကည့္ဖို႔လိုတယ္။ အဲဒီလို ေစာင့္ၾကည့္ဖို႔အတြက္ကို နဂိုကေတာ့ ရာထားခ်က္ရိွပါတယ္။ ဒါေပမဲ့လဲ တိတိက်က် ျပင္ဆင္ဖို႔အတြက္ေတာ့ ေရြးေကာက္ပြဲအခ်ိန္စာရင္း မထြက္မခ်င္း က်ေနာ္တို႔ ျပင္ဆင္လို႔ မရဘူး။
ေမး ။ ။ ႏုိင္ငံေတာ္ပိုင္ မီဒီယာေတြ သံုးတဲ့ကိစၥ။ အခုအခ်ိန္က ကိုဗစ္-၁၉ ကာလ အက်ပ္အတည္းႀကံဳတဲ့အခါၾကေတာ့ အာဏာရပါတီက ႏုိင္ငံေတာ္အစိုးရေခါင္းေဆာင္ပိုင္းကလဲ ႏုိင္ငံေတာ္မီဒီယာေတြကို သံုးၿပီးေတာ့ ေျပာရဆိုရတာေတြ ရိွပါတယ္ အေျခအေနက။ တကယ္တမ္း မဲဆြယ္စည္းရံုးေရးကာလ ႀကံဳလာလို႔ရိွရင္ ဒါကနည္းနည္း ျပႆနာရိွတယ္။ စိုးရိမ္ၾကတယ္။ က်ေနာ္တို႔ ၾကားရသေလာက္ဆိုရင္ ဒါက မဲဆြယ္စည္းရံုးေရး ဆန္သြားမွာကို စိုးရိမ္ၾကတဲ့လူေတြ ရိွပါတယ္။ အခုလတ္တေလာေတာ့ ႏုိင္ငံေတာ္မီဒီယာေတြကေန အာဏာရပါတီက သံုးေနေျပာေနတဲ့ ကိစၥေတြက မဲဆြယ္စည္းရံုေရးကာလမွာ တဘက္သတ္ဆန္တဲ့အေျခအေန ျဖစ္သြားႏိုင္သလား။ ကိုစိုင္းအျမင္ကို သိခ်င္ပါတယ္။
ေျဖ ။ ။ အဲဒါကေတာ့ အားလံုးစိုးရိမ္ပူပန္ေနတဲ့ ကိစၥပါပဲ။ စိုးရိမ္ပူပန္လဲ ပူပန္ထိုက္တယ္လို႔ က်ေနာ္တို႔ ေျပာလို႔ရပါတယ္။ ဘာျဖစ္လုိ႔လဲဆိုေတာ့ ၿပီးခဲ့တဲ့ အစိုးရလက္ထက္မွာလဲ ႏုိင္ငံပိုင္မီဒီယာေတြကို ၿပီးခဲ့တဲ့ အာဏာရတဲ့ပါတီက အသံုးခ်တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြ၊ ေဝဖန္ခ်က္ေတြ အမ်ားႀကီးျမင့္တက္ခဲ့တယ္။ ဆိုေတာ့ အဲဒီအတြက္လဲ အခုအခ်ိန္မွာ အလားတူ စိုးရိမ္ပူပန္မႈေတြ ရိွတယ္ဆိုတာက ယထာဘူတက်တယ္လို႔ ေျပာလို႔ရတယ္။ အထူးသျဖင့္ေတာ့ ကိုဗစ္-၁၉ ကပ္ေရာဂါ ျဖစ္ေနတဲ့အတြက္ေၾကာင့္မို႔ မဲဆြယ္စည္းရံုးေရး လႈပ္ရွားမႈေတြက အကန္႔အသတ္ျဖစ္မွာ။ လူစုလူေဝးနဲ႔ လုပ္လို႔ရျခင္းမွရမယ္။ တအိမ္တက္ဆင္း မဲဆြယ္တာမ်ဳိးေတြ၊ လက္ကမ္းစာေစာင္ေတြ ေပးတာမ်ဳိးေတြသာ ဘယ္ေလာက္အထိ လုပ္ခြင့္ရိွမယ္ဆိုတာကို မသိရေသးဘူး။ ဆိုေတာ့ အာဏာမရတဲ့ပါတီေတြအတြက္ေတာ့ မဲဆြယ္စည္းရံုးေရး၊ ျပည္သူလူထုဆီကို သူတုိ႔မဲဆႏၵရွင္ေတြဆီ ေရာက္ဖို႔အတြက္ကေတာ့ အခက္အခဲေတြ ပိုရိွတာေပါ့။ Online ေပၚမွာ မဲဆြယ္ၾကမယ္။ အထူးသျဖင့္ Facebook, Social Media ေတြေပၚကေန မဲဆြယ္ၾကမယ္ဆိုတာေတြကလဲ အကန္႔အသတ္ေတြ ရိွတယ္။ ဒီဟာကို ၿမိဳ ႔ေပၚမွာရိွတဲ့ လူေတြအတြက္ေတာ့ လက္လွမ္းမီေပမယ့္ နယ္မွာရိွတဲ့ လူေတြအတြက္ကေတာ့ ရုပ္ျမင္သံၾကား၊ ေရဒီယိုတို႔မွသာ လက္လွမ္းမီတဲ့ကိစၥ။ နယ္မွာရိွတဲ့ လူေတြအတြက္ေတာ့ အခက္အခဲ ရိွပါတယ္။
ေမး ။ ။ ေနာက္တခ်က္က လူထုစိတ္ဝင္စားမႈပါ။ လူထုပါဝင္မႈက ေရြးေကာက္ပြဲအတြက္ အေရးႀကီးပါတယ္။ အခု ကိုဗစ္-၁၉ ကာလ အက်ပ္အတည္းကလဲ ျဖစ္ေနတယ္။ ေျပာရရင္ေတာ့ အေျခအေနအမ်ုိးမ်ဳိးေၾကာင့္ စားဝတ္ေနေရး အခက္အခဲကအစ ႀကံဳေနရတယ္။ ဒီေရြးေကာက္ပြဲနဲ႔ ပတ္သက္လို႔ လူထုစိတ္ဝင္စားမႈနဲ႔ ပတ္သက္လို႔ ကိုစိုင္း ဘယ္လိုျမင္ပါလဲ။
ေျဖ ။ ။ ကိုဗစ္-၁၉ မျဖစ္ခင္၊ ၿပီးခဲ့တဲ့နွစ္ ၂၀၁၉ မွာ က်ေနာ္တို႔ ႔စစ္တမ္းေကာက္တယ္။ အဲဒီစစ္တမ္းမွေတာ့ တကယ္လို႔ လာမယ့္ စေန၊ တနဂၤေႏြမွာ ေရြးေကာက္ပြဲ က်င္းပခဲ့မယ္ဆိုလို႔ရိွရင္ မဲေပးဖို႔ အစီအစဥ္ ရိွပါသလားလို႔ ေျပာတဲ့အခါမွာ မဲေပးမယ္လို႔ က်ေနာ္ ယတိျပတ္ ဆံုးျဖတ္ထား ရာခိုင္ႏႈန္းက (၄၈) ရာခိုင္ႏႈန္းပဲ ရိွတယ္။ ဒါက အဲဒီအခ်ိန္မွာ ေျပာခဲ့တဲ့ အေနအထားေပါ့။ ဒီလိုမ်ဳိးကာလမွာ အေရးႀကီးဆံုး ကိစၥ ျဖစ္တယ္။ ပထမအခ်က္အေနနဲ႔က ျပည္သူလူထုအေနနဲ႔ မဲသြားေပးတဲ့အခါမွာ ေရာဂါကူးစက္ႏုိင္တယ္လို႔ ယူဆလို႔ရိွရင္ မဲထြက္ေပးမွာ မဟုတ္ဘူး။ ေနာက္တခ်က္ၾကေတာ့ ကိုဗစ္-၁၉ ျဖစ္တဲ့အတြက္ေၾကာင့္မို႔ စားဝတ္ေနေရး၊ စီးပြားေရးအရ က်ေနာ္တို႔ က်ပ္တည္းေနတဲ့အခ်ိန္မ်ဳိးမွာ ေရြးေကာက္ပြဲဟာ သူတို႔ရဲ ႔ ပထမဦးဆံုးေပး ျဖစ္ခ်င္မွာ ျဖစ္မွာေပါ့။ ဆိုေတာ့ အေရးအႀကီးဆံုး တခ်က္ကေတာ့ ျပည္သူလူုထုအေနနဲ မဲဆႏၵရွင္ေတြအေနနဲ႔ ေရြးေကာက္ပြဲဟာ သူတုိ႔ရဲ ႔ လာမယ့္ အနာဂတ္အတြက္ အေရးႀကီးတယ္ဆိုတာကို ေျပာဖို႔ကေတာ့ က်ေနာ္တို႔ေခၚတာ မဲဆႏၵနယ္ေျမ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ၊ voter education, voter mobilization ေတြ လံႈေဆာ္ေရးေတြက အေရးႀကီးဆံုးကိစၥပါ။ အဲဒါေတြကို က်ယ္က်ယ္ျပန္႔ျပန္႔ မလုပ္ႏုိ္င္ဘူးဆိုရင္ က်ေနာ္တို႔ လူအမ်ားႀကီးကို က်ေနာ္တို႔ ရေအာင္မလုပ္ႏုိင္ဘူး။ အထူးသျဖင့္ ေက်းလက္မွာေနတဲ့ လူေတြဆီကို ေရာက္ေအာင္ မလုပ္ႏုိင္ဘူးဆိုရင္ ျပည္သူလူထုရဲ ႔ ေရြးေကာက္ပြဲေပၚမွာ စိတ္ဝင္စားမႈကို ျမွင့္တင္ႏုိင္မွာ မဟုတ္ဘူး။
ေမး ။ ။ ပါတီေတြၾကားမွာ လြတ္လြတ္လပ္လပ္နဲ႔ မဲဆြယ္စည္းရံုးႏုိင္ခြင့္။ မွ်မွ်တတနဲ႔ မဲဆြယ္စည္းရံုးႏုိင္ခြင့္ ဒီလိုအေျခအေနတရပ္ ျဖစ္လာဖို႔အတြက္ဆိုရင္ ျမန္မာႏုိင္ငံမွာ လက္ရိွႀကံဳေနရတဲ့ ကိုဗစ္အေျခအေနနဲ႔ ကိုစိုင္းတို႔အေနနဲ႔ ဘယ္လိုမ်ား အႀကံျပဳခ်င္ပါသလဲ။ ဘယ္လိုမ်ား ျမင္ပါသလဲ။
ေျဖ ။ ။ အဓိကေတာ့ က်ေနာ္တို႔ အခုနေျပာသလို Social Media, Online ကို အသံုးျပဳမယ္ဆိုတာက ပါတီေတြအတြက္လဲ အကန္႔အသတ္ ရိွတယ္။ က်ေနာ္တို႔ ရန္ပံုေငြ ေတာင့္တင္းတဲ့ လူေတြကေတာ့ Social Media ေတြ အသံုးျပဳၿပီးေတာ့ သံုးစြဲႏုိင္ေပမယ့္ ရန္ပံုေငြ မေတာင့္တင္းတဲ့ ပါတီေတြအတြက္ေတာ့ အခက္အခဲ ျဖစ္ႏုိင္တယ္။ ဆိုေတာ့ ေရြးေကာက္ပြဲမွာ အေရးႀကီးဆံုးစံႏႈန္းတခုက ပါဝင္ယွဥ္ၿပိဳင္တဲ့ ႏုိင္ငံေရးပါတီက ပါဝင္ယွဥ္ၿပိဳင္တဲ့ ကိုယ္စားလွယ္ေလာင္းေတြတိုင္းက တန္းတူညီမွ်တဲ့ ကစားကြင္းကိုရဖို႔ လိုတယ္။ အဲဒါမ်ုိးအတြက္ကို က်ေနာ္တို႔ အႀကံျပဳခ်င္တာက အခုေလာေလာဆယ္မွာ ႏိုင္ငံပိုင္မီဒီယာ ရိွတယ္။ ပံုမွန္အတိုင္းဆိုရင္ ႏုိင္ငံပိုင္မီဒီယာေတြကို ေရြးေကာက္ပြဲနား နီးလာတဲ့အခါမွာ ငါးမိနစ္၊ ဆယ္မိနစ္ မိန္႔ခြန္းေျပာခြင့္ရတယ္။ ဒီဟာကို ကပ္ကို က်ေနာ္တို႔က ဒီလိုအေျခအေနမ်ဳိးမွာ ၊ ဒီဟာအျပင္ကို လုပ္ဖို႔လိုတာေပါ့။ ဥပမာအားျဖင့္ က်ေနာ္တို႔ ႏုိင္ငံပိုင္မီဒီယာေတြကို ႏုိင္ငံေရးပါတီတုိင္းကေနၿပီးေတာ့မွ မဲဆြယ္စည္းရံုေရးကာလမွာ ပံုမွန္ အခုနေျပာသလို (၅) မိနစ္၊ (၁၀) မိနစ္ေလာက္ တပတ္မွာ က်ေနာ္တို႔ ဘယ္ႏွစ္မိနစ္ သံုးခြင့္ရိွတယ္ဆိုတာကို ပါဝင္ယွဥ္ၿပိဳင္မယ့္ ႏုိင္ငံေရးပါတီတိုင္းကို ခြဲတန္းက် အခ်ိန္ေပးတာမ်ဳိး - အဲဒါမ်ဳိးေတြ လုပ္မယ္ဆိုရင္ေတာ့ ႏုိင္ငံေရးပါတီတိုင္းက - သူတို႔ဟာ ေရြးေကာက္ပြဲမွာ တန္းတူညီမွ် ယဥ္ၿပိဳင္ခြင့္ ရတယ္လို႔ သူတုိ႔ထင္မွတ္တယ္။ ယူဆၾကတယ္ဆိုရင္ အရႈံး-အႏိုင္ ရလဒ္ကို သူတို႔ အသိအမွတ္ ျပဳမွာပဲ။ ဒါက ဆက္စပ္ေနတယ္ဆိုေတာ့ ေရြးေကာက္ပြဲကာလမွာ တန္းတူညီမွ်စြာ ယွဥ္ၿပိဳင္ခြင့္ မရဘူးဆိုရင္လဲ ေရြးေကာက္ပြဲ ၿပီးသြားတဲ့အခါမွာ ေရြးေကာက္ပြဲရလဒ္အေပၚမွာ သူတို႔ မညီမမွ် ျဖစ္တယ္လို႔ ၊ ေရြးေကာက္ပြဲရလဒ္ကို ကန္႔ကြက္မႈေတြ ပိုမ်ားမယ္။ ဒီဟာကို ေလွ်ာ့ခ်ေစခ်င္တယ္ ေရြးေကာက္ပြဲ ရလဒ္ေတြကို ေလွ်ာ့ခ်ခ်င္တယ္ဆိုရင္ ေရြးေကာက္ပြဲ အႀကိဳကာလမွာ တန္းတူညီညီမွ်မွ် ပါဝင္ခြင့္ ရိွတယ္ဆိုတဲ့ အေျခအေနမ်ဳိးကို ႏုိင္ငံေရးပါတီတုိင္းကို အာမခံခ်က္ေပးဖို႔၊ ရႈျမင္လာေအာင္ က်ေနာ္တို႔ လုပ္ေဆာင္ခ်က္ေတြ လုပ္ရမယ္။
ေမး ။ ။ ေျပာရမယ္ဆိုရင္ေတာ့ ကိုဗစ္-၁၉ ကပ္ေရာဂါ အက်ပ္အတည္းေၾကာင့္မို႔ တကမာၻလံုးမွာလဲ New Normal ဆိုၿပီးေတာ့ ပံုစံသစ္နဲ႔ ဘယ္လိုေနထိုင္သြားၾကမလဲဆိုၿပီိး စဥ္းစားေနခ်ိန္မွာပါ။ ဒီလိုမ်ဳိးပဲ ေရြးေကာက္ပြဲနဲ႔ ပတ္သက္လို႔လဲ ရိွၿပီသာ ေရြးေကာက္ပြဲဆိုင္ရာ လုပ္ထံုးလုပ္နည္းေတြ ဥပေဒေတြ၊ စည္းမ်ဥ္းစည္းကမ္းေတြ။ ဒါေတြနဲ႔ ပတ္သက္လို႔ ျပင္ဖို႔ဆင္ဖုိ႔ လိုသလား။ အထူးအစီအမံေတြကို ေဆာင္ရြက္ဖို႔ လိုပါသလား။ အခုအေနအထားက။
ေျဖ ။ ။ လက္ရိွအေနအထားက လက္ရိွ ရိွေနတဲ့ ဥပေဒမူေဘာင္၊ ေရြးေကာက္ပြဲနဲ႔ ပတ္သက္တဲ့ ဥပေဒမူေဘာင္ေတြ၊ လုပ္ထံုးလုပ္နည္းေတြ အားလံုးက ပံုမွန္အေျခအေနမွာ စီမံခန္႔ခြဲဖို႔အတြက္ပဲ က်ေနာ္တို႔က စဥ္းစားထားတာ။ အခုလို ကိုဗစ္-၁၉ ကာလမွာမို႔ အဲဒီအတြက္ကို အထူးအစီအစဥ္ေတြ၊ ျပင္ဆင္ရမွာေတြ အမ်ားႀကီးရိွတယ္။ ေရြးေကာက္ပြဲေန႔မွာလဲ ႀကိဳတင္မဲေတြေပးဖို႔အတြက္ ေတာင္ကိုရီးယားမွာ တိုက္တြန္းသလို က်ေနာ္တို႔လည္း တိုက္တြန္းလို႔ရတယ္။ ႀကိဳတင္မဲေတြ ေပးျခင္းအားျဖင့္ ေရြးေကာက္ပြဲေန႔မွာ လူစုလူေဝးကို ေလွ်ာ့ခ်ႏုိင္မယ္။ ဒါေပမဲ့ က်ေနာ္တို႔ လက္ရိွရိွေနတဲ့ ႀကိဳတင္မဲေပးတဲ့ ဥပေဒမူေဘာင္အရဆိုရင္ နားမက်န္းျဖစ္ေနတဲ့လူေတြ၊ ဖ်ားနာေနတဲ့လူေတြ၊ ႀကိဳတင္မဲ ေပးလို႔ရတယ္။ မသြားလာႏိုင္တဲ့လူေတြ၊ သက္ႀကီးရြယ္အုိေတြ။ ဒါေပမဲ့ အခုလိုမ်ဳိး quarantine center မွာ ရိွေနတဲ့ လူေတြ။ အသြားအလာ ကန္႔သတ္ခံထားရသူေတြအတြက္ မဲေပးဖို႔အတြက္ မရိွေသးဘူး။ သေဘာကေတာ့ အဲဒီလိုဟာမ်ဳိးေလးေတြ က်ေနာ္တို႔မွာ မရိွဘူး။ ေနာက္တခါ မဲဆႏၵရွင္ အသိပညာေပး လုပ္ငန္းမွာလဲ ျပည္သူလူထုအေနနဲ႔ မဲရံုေတြ လာတဲ့အခါမွာ က်န္းမာေရးနဲ႔ ပတ္သက္လို႔ ဘယ္လိုေတြ လုပ္ရမလဲဆိုတာမ်ဳိးကို - က်ေနာ္တို႔ဆီမွာဆို မွင္တိုတာေတြ ရိွတယ္။ တံုးထုတာေတြ ရိွတယ္။ တံုးထုတာေတြက လူတေယာက္ကေန တေယာက္ တံုးထုမယ္ဆိုရင္ ကူးစက္ႏုိင္တာေတြ ရိွတယ္။ သေဘာကေတာ့ လက္ရိွရိွေနတဲ့ ဥပေဒမူေဘာင္ဟာ ကပ္ေရာဂါကာလမွာ ေျပာစရာရိွတာက ျမန္မာႏုိင္ငံမွာ အခုေလာေလာဆယ္ ကူးစက္တဲ့ေရာဂါရိွသူ ႏွစ္ရာေက်ာ္ေက်ာ္ပဲ ရိွေသးတယ္။ ကူးစက္ေရာဂါ ထိန္းခ်ဳပ္ႏိုင္တယ္ဆိုတဲ့ ေျပာဆိုမႈေတြလဲ ရိွတယ္။ ဒါေပမဲ့လဲ ေသခ်ာတာကေတာ့ က်ေနာ္တို႔မွာ ကူးစက္ေရာဂါက ရိွေနတယ္။ ဒီအတြက္ေတာ့ အဆင္သင့္မျဖစ္ေသးဘူးလို႔ လက္ရိွဥပေဒမူေဘာင္ကို ၾကည့္မယ္ဆိုရင္ေတာ့ အဆင္သင့္မျဖစ္ေသးဘူးလို႔ ယူဆလို႔ရပါတယ္။
ေမး ။ ။ အခုရိွေနတဲ့ အခင္းအက်င္းအရဆိုရင္ လြတ္လပ္မွ်တတဲ့ ေရြးေကာက္ပြဲတရပ္ ျဖစ္ဖို႔အတြက္ အဆင္သင့္ျဖစ္ၿပီလား။ ျဖစ္ႏိုင္ပါ့မလား။
ေျဖ ။ ။ လြတ္လပ္မွ်တတဲ့ ေရြးေကာက္ပြဲလို႔ ေျပာတဲ့အခါမွာ က်ေနာ္တို႔ စံႏႈန္းေတြကေတာ့ အခုနေျပာတဲ့ ပြင့္လင္းျမင္သာမႈ၊ ႏုိင္ငံသားအားလံုး ပါဝင္ႏို္င္ခြင့္ရိွဖို႔၊ ဥပေဒမူေဘာင္အရ တာဝန္ခံမႈ၊ တာဝန္ယူမႈတပိုင္းေပါ့။အေရးႀကီးဆံုးတခ်က္ကေတာ့ ေရြးေကာက္ပြဲက်င္းပဖို႔အတြက္ကို ႏုိင္ငံေရးပါတီေတြ အားလံုးၾကားထဲမွာ သေဘာတူညီခ်က္ ရၿပီလား။ ဒါက အေရးႀကီးဆံုး က်ေနာ္တို႔ ကိစၥပါပဲ။ တခ်ဳိ ႔ကလဲ ေရြးေကာက္ပြဲ ဘယ္လိုက်င္းပမလဲဆိုတာေတြ ေတာင္းဆိုတာေတြ ရိွတယ္။ တခ်ဳိ ႔ကလဲ မက်င္းပသင့္ဘူး။ ေရႊ ႔ဆိုင္းသင့္တယ္ သေဘာထားေတြ အမ်ဳိးမ်ဳိး ရိွတယ္။ ႏုိင္ငံေရးပါတီေတြၾကားမွာ က်ေနာ့္အျမင္ေျပာရရင္ေတာ့ ပထမဦးဆံုး က်ေနာ္တို႔ ေရြးေကာက္ပြဲ လုပ္ထံုးလုပ္နည္းေတြဟာ သန္႔ရွင္းမွ်တတဲ့ ေရြးေကာက္ပြဲဆီကို သြားသလားလို႔၊ ရသလားဆိုတာေတြက နည္းပညာပိုင္းဆိုင္ရာ သံုးသပ္ရမယ့္အခ်က္ေပ့ါ။ ဒါေပမဲ့ ဒီထက္ပိုၿပီးေတာ့ အေရးႀကီးတာက ေရြးေကာက္ပြဲ က်င္းပသင့္သလား။ မက်င့္သင့္ဘူးလား။ ေရႊ ႔ဆိုင္းသင့္သလားဆိုတာေတြကို ႏုိင္ငံေရးပါတီေတြၾကားမွာ ႏိုင္ငံေရးအရ သေဘာတူညီခ်က္ ရရိွၿပီလားဆိုတဲ့ဟာက ပိုၿပီးေတာ့ အေရးႀကီးတယ္လို႔ ယူဆတယ္။ က်ေနာ္ ထင္ပါတယ္ အခုလက္ရိွ ခ်က္ခ်င္းလုပ္ရမယ့္ ကိစၥၾကေတာ့ ေရြးေကာက္ပြဲကို ေကာ္မရွင္ကေန ႏိုဝင္ဘာလမွာ ေက်ညာမယ္လို႔ၾကားတယ္။ ဒီဆံုးျဖတ္ခ်က္နဲ႔ ပတ္သက္ၿပီးေတာ့မွ ပါဝင္ယွဥ္ၿပိဳင္မယ့္ ႏုိင္ငံေရးပါတီေတြၾကားထဲမွာ ပါဝင္ယွဥ္ၿပိဳင္မႈနဲ႔ ကိုယ္စားလွယ္ေလာင္းေတြ အားလံုးၾကားထဲမွာ သေဘာတူညီခ်က္ ရရိွၿပီလား။ ဒါေတြက က်ေနာ္တို႔ ေရြးေကာက္ပြဲေပၚမွာ ေရြးေကာက္ပြဲရဲ ႔ တရားဝင္မႈ၊ ေရြးေကာက္ပြဲရဲ ႔ တရားမွ်တမႈေတြေပၚ ပိုၿပီးေတာ့ က်ေနာ္တို႔ သက္ေရာက္မႈ ရိွတယ္လို႔ ပိုၿပီးေတာ့ျမင္ပါတယ္။
==Unicode==
ရွေးကောက်ပွဲပါဝင်မယ့်သူတိုင်း တန်းတူညီမျှယှဉ်ပြိုင်မှုရမှ ရွေးကောက်ပွဲတရားဝင်မှုရပြီး အငြင်းပွားမှုတွေလျှော့ချနိုင်မယ်လို့ PACE ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့က စိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။ ရွေးကောက်ပွဲအကြိုကာလ စိုးရိမ်ချက်တွေ ဘယ်လိုရှိပါလဲ။ ကိုသားညွန့်ဦး ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ။ ပထမဦးဆုံးမေးချင်တာက ရွေးကောက်ပွဲစည်းရုံးရေးကာလ အခြေအနေပါ။ ပြောမယ်ဆိုရင် ကိုဗစ်-၁၉ အကျပ်အတည်းကာလကလဲ အခုထိကို ရင်ဆိုင်နေရတုန်းဆိုတော့။ နောက်တချက်က ဒီလာမယ့်ရွေးကောက်ပွဲအတွက် ပြောရမယ်ဆိုရင် ပါတီအသစ်တွေ အတော်များများလဲ ပေါ်လာတယ်။ ပြောမယ်ဆိုရင် အထင်ကရပါတီတွေဖြစ်တဲ့ ဦးရွှေမန်းပါတီ၊ ကိုကိုကြီးပါတီနဲ့ ဒေါ်သက်သက်ခိုင်တို့ ဖွဲ့တာတွေလည်း ရှိလာတယ်။ အဲဒီတော့ နိုင်ငံရေးပါတီတွေဘက်ကလဲ ပြောမယ်ဆိုရင် သုံးလေးလလောက်ပဲ ကြာတော့မယ့် မဲဆွယ်စည်းရုံးရေးကာလက သူတို့အတွက် အတော်လေးအရေးကြီးပါတယ်။ အဲဒီတော့ ဒီအခြေအနေမှာ မဲဆွယ်စည်းရုံးရေးအတွက် နိုင်ငံရေးပါတီတွေအနေနဲ့ အဆင်သင့် ဖြစ်နေပြီလား။ သူတို့မှာ ဘယ်လိုမျိုး အခက်အခဲတွေ ရှိနေတယ်လို့ သိရပါသလဲ။ ကိုစိုင်းရဲ့အမြင်ကို ပထမဦးဆုံး သိချင်ပါတယ်။
ဖြေ ။ ။ ကော်မရှင်အနေနဲ့ ဒီလိုမျိုး နိုဝင်ဘာလအတိုင်း ကျင်းပနိုင်စရာရှိတယ်လို့ ပြောတဲ့ဟာကို ကျနော်တို့ ကြိုဆိုတယ်။ ဒါပေမဲ့ တကယ်တမ်း လက်တွေ့အကောင်အထည်ဖော်ဖို့၊ လက်တွေ့ပြင်ဆင်ဖို့ဆိုပြီးတော့ ရွေးကောက်ပွဲရက်တင်မကဘူး၊ လုပ်ငန်းစဉ်တွေပါစပြီး ကြေညာဖို့လိုတာပေါ့။ မဲဆွယ်စည်းရုံးရေးကာလက နှစ်လပဲ လုပ်မှာလား။ ဒါမှမဟုတ် ရက်တိုးဖို့ ရှိသလား။ တချို့ကလဲ ရက်တိုးပေးဖို့ တောင်းဆိုနေတာတွေလဲ ရှိခဲ့တယ်။ အဲဒီအတိုင်း ရှိသလား။ နောက်ပြီးတော့ ကိုယ်စားလှယ်လောင်းစာရင်းတွေ တင်သွင်းတဲ့ကိစ္စတွေ ဘယ်တော့ စလုပ်ရမလဲဆိုတဲ့ဟာတွေကို ဒီထက်ပိုပြီးတော့ တိတိကျကျ ပြောမယ်ဆိုရင်တော့ နိုင်ငံရေးပါတီတွေအတွက် ပိုပြီးတော့မှ အဆင်သင့်ဖြစ်နိုင်စရာ ရှိတာပေါ့။ အခုလောလောဆယ်တော့ ခန့်မှန်းပြီး ပြင်ဆင်နေတော့ သူတို့အတွက် ခက်ခဲမယ်လို့ ကျနော်မြင်ပါတယ်။
မေး ။ ။ အဲဒီတော့ ကျနော်မေးချင်တာက အခု ရွေးကောက်ပွဲအတွက်က ပြင်ရဆင်ရပြီပေါ့။ ကော်မရှင်နဲ့ အာဏာပိုင်တွေက ပြင်ရဆင်ရပြီ။ လက်တလောအားဖြင့် ကော်မရှင်က ပြင်ဆင်ဆောင်ရွက်နေတာတွေက လုံလောက်မှု ရှိရဲ့လား။ ကျေနပ်အားရစရာ ရှိပါသလား။
ဖြေ ။ ။ ကော်မရှင်အနေနဲ့ ပြင်ဆင်နေမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ သို့ပေမဲ့လဲ ဘယ်လိုပြင်ဆင်နေတယ်။ နောက်ပြီးတော့ ဘယ်လိုမျိုး အစီအမံတွေ ရှိတယ်ဆိုတဲ့ဟာကို သိရတဲ့အခါမှာ ပိုပြီးတော့ စိုးရိမ်ပူပန်တာပေါ့။ အထူးသဖြင့် ကပ်ရောဂါကလဲ ရှိနေသေးတော့ သာမန်ပြင်ဆင်မှုမျိုးကတော့ ကျနော်တို့ စိုးရိမ်စရာ မရှိပေမယ့်၊ ကပ်ရောဂါနဲ့ ပတ်သက်လို့ရှိရင် ဘယ်လိုပြင်ဆင်နေတယ်။ ဥပမာအားဖြင့် အသိပညာပေး။ ပြည်သူလူထုတွေကို အသိပညာပေးလုပ်ငန်းတွေ ဘယ်လိုလုပ်မလဲ။ အခုအချိန်အထိ အသွားအလာ၊ အကန့်အသတ်မှုတွေ ရှိနေတုန်းပဲ။ တနေရာကနေတနေရာ သွားလာကန့်သတ်မှုတွေက ရှိနေသေးတော့ အသိပညာပေးလုပ်ငန်းတွေ ဘယ်လိုလုပ်ရမလဲ။ လူ (၅) ဦးထက်ပိုပြီး မစုရဘူးကိစ္စတွေက ရှိနေသေးတော့ ဒါတွေကို ကော်မရှင်အနေနဲ့ ညွှန်ကြားချက် ဘယ်လိုရှိသလဲဆိုတာကို ကျနော်တို့ မသိရဘူး။ နောက်တခါ မဲဆွယ်စည်းရုံးရေးတွေ ဘယ်လိုလုပ်ရမလဲဆိုတာကို မသိရတော့ ကော်မရှင်က ဘယ်လိုပြင်ဆင်ထားသလဲဆိုတာကို မသိရဘူး ဖြစ်နေတာပေါ့။ အထူးသဖြင့်တော့ နယ်တွေမှာဆိုရင် အသွားအလာ၊ အကန့်အသတ်တွေ ရှိနေသေးတော့ အာဏာပိုင်က ကန့်သတ်တာတွေ မရှိတာတောင်မှ ရပ်ကွက်နေ၊ ကျေးရွာနေသူတွေက သူတို့ဆီကို လူစိမ်းဝင်တာမျိုးတွေ မကြိုက်ဘူး။ ဒါကတစ်ချက်။
နောက်တခါ အသွားအလာကန့်သတ်မှုနဲ့ ပတ်သက်လို့ ဒီလိုလုပ်ငန်းစဉ်တွေအတွက်ကို ဘယ်လိုလုပ်လို့ရသလဲဆိုတာကို ညွှန်ကြားချက်တွေ သိသိသာသာ မရှိသေးဘူး ဖြစ်နေတာပေါ့။ ဆိုတော့ မရှိသေးဘူးဆိုတာထက်၊ ကော်မရှင်အနေနဲ့ ဒါကို လူသိရှင်ကြား မထုတ်ပြန်သေးတာပေါ့။ ဆိုတော့ ကျနော်တို့အနေနဲ့ ခန့်မှန်းရခက်တယ်။ ကော်မရှင်က ဘယ်လိုပြင်ဆင်ထားပြီးပြီလဲဆိုတဲ့ဟာပေါ့။ သေချာတာကတော့ ပြင်ဆင်မှုဟာ ဒီလာမယ့်ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုဟာ အရင်ရွေးကောက်ပွဲထက်စာရင် ပိုပြီးတော့ ကြီးမားတဲ့ ပြင်ဆင်မှုမျိုး လိုတယ်လို့ ယူဆတယ်။
မေး ။ ။ မဲဆွယ်စည်းရုံးရေးကာလပဲဖြစ်ဖြစ်၊ ရွေးကောက်ပွဲ ကျင်းပနေချိန်မှာပဲဖြစ်ဖြစ်၊ လွတ်လပ်မျှတမှုဆိုတဲ့ကိစ္စက စောင့်ကြည့်ရေးအဖွဲ့တွေအတွက် အတော်လေး အရေးကြီးပါတယ်။ ကိုစိုင်းတို့လို စောင့်ကြည့်ရေးအဖွဲ့တွေက ပြင်ဆင်ထားမှုက ဘယ်လောက်အထိရှိလဲ။ ဘယ်လိုအခက်အခဲမျိုးတွေ ရင်ဆိုင်ရမယ်လို့ မှန်းထားသလဲ။
ဖြေ ။ ။ ကျနော်တို့ကတော့ နိုဝင်ဘာလကုန် ရွေးကောက်ပွဲ ကျင်းပမယ်လို့ မှန်းတဲ့အတွက်ကြောင့်မို့ အဲဒီအတွက်တော့ ယေဘုယျအားဖြင့်တော့ ပြင်ဆင်နေတယ်။ ဥပမာ ကျနော်တို့အဖွဲ့အနေနဲ့ဆိုရင် မဲစာရင်းကောက်တာတွေ၊ မဲစာရင်းကြေညာတာတွေကို စောင့်ကြည့်မယ်။ မဲဆွယ်စည်းရုံးတာတွေကို စောင့်ကြည့်ဖို့ အစီအစဉ်ရှိတယ်။ ကြိုတင်မဲကို စောင့်ကြည့်ဖို့ အစီအစဉ်ရှိတယ်။ နောက် ရွေးကောက်ပွဲနေ့၊ နောက်ပြီးတော့ မဲစာရင်း၊ မဲရလဒ်တွေကို ကျနော်တို့ ကြေညာတာကို စောင့်ကြည့်ဖို့လိုတယ်။ အဲဒီလို စောင့်ကြည့်ဖို့အတွက်ကို နဂိုကတော့ ရာထားချက်ရှိပါတယ်။ ဒါပေမဲ့လဲ တိတိကျကျ ပြင်ဆင်ဖို့အတွက်တော့ ရွေးကောက်ပွဲအချိန်စာရင်း မထွက်မချင်း ကျနော်တို့ ပြင်ဆင်လို့ မရဘူး။
မေး ။ ။ နိုင်ငံတော်ပိုင် မီဒီယာတွေ သုံးတဲ့ကိစ္စ။ အခုအချိန်က ကိုဗစ်-၁၉ ကာလ အကျပ်အတည်းကြုံတဲ့အခါကြတော့ အာဏာရပါတီက နိုင်ငံတော်အစိုးရခေါင်းဆောင်ပိုင်းကလဲ နိုင်ငံတော်မီဒီယာတွေကို သုံးပြီးတော့ ပြောရဆိုရတာတွေ ရှိပါတယ် အခြေအနေက။ တကယ်တမ်း မဲဆွယ်စည်းရုံးရေးကာလ ကြုံလာလို့ရှိရင် ဒါကနည်းနည်း ပြဿနာရှိတယ်။ စိုးရိမ်ကြတယ်။ ကျနော်တို့ ကြားရသလောက်ဆိုရင် ဒါက မဲဆွယ်စည်းရုံးရေး ဆန်သွားမှာကို စိုးရိမ်ကြတဲ့လူတွေ ရှိပါတယ်။ အခုလတ်တလောတော့ နိုင်ငံတော်မီဒီယာတွေကနေ အာဏာရပါတီက သုံးနေပြောနေတဲ့ ကိစ္စတွေက မဲဆွယ်စည်းရုံရေးကာလမှာ တဘက်သတ်ဆန်တဲ့အခြေအနေ ဖြစ်သွားနိုင်သလား။ ကိုစိုင်းအမြင်ကို သိချင်ပါတယ်။
ဖြေ ။ ။ အဲဒါကတော့ အားလုံးစိုးရိမ်ပူပန်နေတဲ့ ကိစ္စပါပဲ။ စိုးရိမ်ပူပန်လဲ ပူပန်ထိုက်တယ်လို့ ကျနော်တို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာလဲ နိုင်ငံပိုင်မီဒီယာတွေကို ပြီးခဲ့တဲ့ အာဏာရတဲ့ပါတီက အသုံးချတယ်ဆိုတဲ့ စွပ်စွဲချက်တွေ၊ ဝေဖန်ချက်တွေ အများကြီးမြင့်တက်ခဲ့တယ်။ ဆိုတော့ အဲဒီအတွက်လဲ အခုအချိန်မှာ အလားတူ စိုးရိမ်ပူပန်မှုတွေ ရှိတယ်ဆိုတာက ယထာဘူတကျတယ်လို့ ပြောလို့ရတယ်။ အထူးသဖြင့်တော့ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်နေတဲ့အတွက်ကြောင့်မို့ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုတွေက အကန့်အသတ်ဖြစ်မှာ။ လူစုလူဝေးနဲ့ လုပ်လို့ရခြင်းမှရမယ်။ တအိမ်တက်ဆင်း မဲဆွယ်တာမျိုးတွေ၊ လက်ကမ်းစာစောင်တွေ ပေးတာမျိုးတွေသာ ဘယ်လောက်အထိ လုပ်ခွင့်ရှိမယ်ဆိုတာကို မသိရသေးဘူး။ ဆိုတော့ အာဏာမရတဲ့ပါတီတွေအတွက်တော့ မဲဆွယ်စည်းရုံးရေး၊ ပြည်သူလူထုဆီကို သူတို့မဲဆန္ဒရှင်တွေဆီ ရောက်ဖို့အတွက်ကတော့ အခက်အခဲတွေ ပိုရှိတာပေါ့။ Online ပေါ်မှာ မဲဆွယ်ကြမယ်။ အထူးသဖြင့် Facebook, Social Media တွေပေါ်ကနေ မဲဆွယ်ကြမယ်ဆိုတာတွေကလဲ အကန့်အသတ်တွေ ရှိတယ်။ ဒီဟာကို မြို့ပေါ်မှာရှိတဲ့ လူတွေအတွက်တော့ လက်လှမ်းမီပေမယ့် နယ်မှာရှိတဲ့ လူတွေအတွက်ကတော့ ရုပ်မြင်သံကြား၊ ရေဒီယိုတို့မှသာ လက်လှမ်းမီတဲ့ကိစ္စ။ နယ်မှာရှိတဲ့ လူတွေအတွက်တော့ အခက်အခဲ ရှိပါတယ်။
မေး ။ ။ နောက်တချက်က လူထုစိတ်ဝင်စားမှုပါ။ လူထုပါဝင်မှုက ရွေးကောက်ပွဲအတွက် အရေးကြီးပါတယ်။ အခု ကိုဗစ်-၁၉ ကာလ အကျပ်အတည်းကလဲ ဖြစ်နေတယ်။ ပြောရရင်တော့ အခြေအနေအမျိုးမျိုးကြောင့် စားဝတ်နေရေး အခက်အခဲကအစ ကြုံနေရတယ်။ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လူထုစိတ်ဝင်စားမှုနဲ့ ပတ်သက်လို့ ကိုစိုင်း ဘယ်လိုမြင်ပါလဲ။
ဖြေ ။ ။ ကိုဗစ်-၁၉ မဖြစ်ခင်၊ ပြီးခဲ့တဲ့နှစ် ၂၀၁၉ မှာ ကျနော်တို့စစ်တမ်းကောက်တယ်။ အဲဒီစစ်တမ်းမှတော့ တကယ်လို့ လာမယ့် စနေ၊ တနင်္ဂနွေမှာ ရွေးကောက်ပွဲ ကျင်းပခဲ့မယ်ဆိုလို့ရှိရင် မဲပေးဖို့ အစီအစဉ် ရှိပါသလားလို့ ပြောတဲ့အခါမှာ မဲပေးမယ်လို့ ကျနော် ယတိပြတ် ဆုံးဖြတ်ထား ရာခိုင်နှုန်းက (၄၈) ရာခိုင်နှုန်းပဲ ရှိတယ်။ ဒါက အဲဒီအချိန်မှာ ပြောခဲ့တဲ့ အနေအထားပေါ့။ ဒီလိုမျိုးကာလမှာ အရေးကြီးဆုံး ကိစ္စ ဖြစ်တယ်။ ပထမအချက်အနေနဲ့က ပြည်သူလူထုအနေနဲ့ မဲသွားပေးတဲ့အခါမှာ ရောဂါကူးစက်နိုင်တယ်လို့ ယူဆလို့ရှိရင် မဲထွက်ပေးမှာ မဟုတ်ဘူး။ နောက်တချက်ကြတော့ ကိုဗစ်-၁၉ ဖြစ်တဲ့အတွက်ကြောင့်မို့ စားဝတ်နေရေး၊ စီးပွားရေးအရ ကျနော်တို့ ကျပ်တည်းနေတဲ့အချိန်မျိုးမှာ ရွေးကောက်ပွဲဟာ သူတို့ရဲ့ ပထမဦးဆုံးပေး ဖြစ်ချင်မှာ ဖြစ်မှာပေါ့။ ဆိုတော့ အရေးအကြီးဆုံး တချက်ကတော့ ပြည်သူလူုထုအနေနဲ မဲဆန္ဒရှင်တွေအနေနဲ့ ရွေးကောက်ပွဲဟာ သူတို့ရဲ့ လာမယ့် အနာဂတ်အတွက် အရေးကြီးတယ်ဆိုတာကို ပြောဖို့ကတော့ ကျနော်တို့ခေါ်တာ မဲဆန္ဒနယ်မြေ လွှတ်တော်ကိုယ်စားလှယ်တွေ၊ voter education, voter mobilization တွေ လှုံဆော်ရေးတွေက အရေးကြီးဆုံးကိစ္စပါ။ အဲဒါတွေကို ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်ဘူးဆိုရင် ကျနော်တို့ လူအများကြီးကို ကျနော်တို့ ရအောင်မလုပ်နိုင်ဘူး။ အထူးသဖြင့် ကျေးလက်မှာနေတဲ့ လူတွေဆီကို ရောက်အောင် မလုပ်နိုင်ဘူးဆိုရင် ပြည်သူလူထုရဲ့ ရွေးကောက်ပွဲပေါ်မှာ စိတ်ဝင်စားမှုကို မြှင့်တင်နိုင်မှာ မဟုတ်ဘူး။
မေး ။ ။ ပါတီတွေကြားမှာ လွတ်လွတ်လပ်လပ်နဲ့ မဲဆွယ်စည်းရုံးနိုင်ခွင့်။ မျှမျှတတနဲ့ မဲဆွယ်စည်းရုံးနိုင်ခွင့် ဒီလိုအခြေအနေတရပ် ဖြစ်လာဖို့အတွက်ဆိုရင် မြန်မာနိုင်ငံမှာ လက်ရှိကြုံနေရတဲ့ ကိုဗစ်အခြေအနေနဲ့ ကိုစိုင်းတို့အနေနဲ့ ဘယ်လိုများ အကြံပြုချင်ပါသလဲ။ ဘယ်လိုများ မြင်ပါသလဲ။
ဖြေ ။ ။ အဓိကတော့ ကျနော်တို့ အခုနပြောသလို Social Media, Online ကို အသုံးပြုမယ်ဆိုတာက ပါတီတွေအတွက်လဲ အကန့်အသတ် ရှိတယ်။ ကျနော်တို့ ရန်ပုံငွေ တောင့်တင်းတဲ့ လူတွေကတော့ Social Media တွေ အသုံးပြုပြီးတော့ သုံးစွဲနိုင်ပေမယ့် ရန်ပုံငွေ မတောင့်တင်းတဲ့ ပါတီတွေအတွက်တော့ အခက်အခဲ ဖြစ်နိုင်တယ်။ ဆိုတော့ ရွေးကောက်ပွဲမှာ အရေးကြီးဆုံးစံနှုန်းတခုက ပါဝင်ယှဉ်ပြိုင်တဲ့ နိုင်ငံရေးပါတီက ပါဝင်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေတိုင်းက တန်းတူညီမျှတဲ့ ကစားကွင်းကိုရဖို့ လိုတယ်။ အဲဒါမျိုးအတွက်ကို ကျနော်တို့ အကြံပြုချင်တာက အခုလောလောဆယ်မှာ နိုင်ငံပိုင်မီဒီယာ ရှိတယ်။ ပုံမှန်အတိုင်းဆိုရင် နိုင်ငံပိုင်မီဒီယာတွေကို ရွေးကောက်ပွဲနား နီးလာတဲ့အခါမှာ ငါးမိနစ်၊ ဆယ်မိနစ် မိန့်ခွန်းပြောခွင့်ရတယ်။ ဒီဟာကို ကပ်ကို ကျနော်တို့က ဒီလိုအခြေအနေမျိုးမှာ ၊ ဒီဟာအပြင်ကို လုပ်ဖို့လိုတာပေါ့။ ဥပမာအားဖြင့် ကျနော်တို့ နိုင်ငံပိုင်မီဒီယာတွေကို နိုင်ငံရေးပါတီတိုင်းကနေပြီးတော့မှ မဲဆွယ်စည်းရုံရေးကာလမှာ ပုံမှန် အခုနပြောသလို (၅) မိနစ်၊ (၁၀) မိနစ်လောက် တပတ်မှာ ကျနော်တို့ ဘယ်နှစ်မိနစ် သုံးခွင့်ရှိတယ်ဆိုတာကို ပါဝင်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတိုင်းကို ခွဲတန်းကျ အချိန်ပေးတာမျိုး - အဲဒါမျိုးတွေ လုပ်မယ်ဆိုရင်တော့ နိုင်ငံရေးပါတီတိုင်းက - သူတို့ဟာ ရွေးကောက်ပွဲမှာ တန်းတူညီမျှ ယဉ်ပြိုင်ခွင့် ရတယ်လို့ သူတို့ထင်မှတ်တယ်။ ယူဆကြတယ်ဆိုရင် အရှုံး-အနိုင် ရလဒ်ကို သူတို့ အသိအမှတ် ပြုမှာပဲ။ ဒါက ဆက်စပ်နေတယ်ဆိုတော့ ရွေးကောက်ပွဲကာလမှာ တန်းတူညီမျှစွာ ယှဉ်ပြိုင်ခွင့် မရဘူးဆိုရင်လဲ ရွေးကောက်ပွဲ ပြီးသွားတဲ့အခါမှာ ရွေးကောက်ပွဲရလဒ်အပေါ်မှာ သူတို့ မညီမမျှ ဖြစ်တယ်လို့ ၊ ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်မှုတွေ ပိုများမယ်။ ဒီဟာကို လျှော့ချစေချင်တယ် ရွေးကောက်ပွဲ ရလဒ်တွေကို လျှော့ချချင်တယ်ဆိုရင် ရွေးကောက်ပွဲ အကြိုကာလမှာ တန်းတူညီညီမျှမျှ ပါဝင်ခွင့် ရှိတယ်ဆိုတဲ့ အခြေအနေမျိုးကို နိုင်ငံရေးပါတီတိုင်းကို အာမခံချက်ပေးဖို့၊ ရှုမြင်လာအောင် ကျနော်တို့ လုပ်ဆောင်ချက်တွေ လုပ်ရမယ်။
မေး ။ ။ ပြောရမယ်ဆိုရင်တော့ ကိုဗစ်-၁၉ ကပ်ရောဂါ အကျပ်အတည်းကြောင့်မို့ တကမ္ဘာလုံးမှာလဲ New Normal ဆိုပြီးတော့ ပုံစံသစ်နဲ့ ဘယ်လိုနေထိုင်သွားကြမလဲဆိုပြီး စဉ်းစားနေချိန်မှာပါ။ ဒီလိုမျိုးပဲ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လဲ ရှိပြီသာ ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ။ ဒါတွေနဲ့ ပတ်သက်လို့ ပြင်ဖို့ဆင်ဖို့ လိုသလား။ အထူးအစီအမံတွေကို ဆောင်ရွက်ဖို့ လိုပါသလား။ အခုအနေအထားက။
ဖြေ ။ ။ လက်ရှိအနေအထားက လက်ရှိ ရှိနေတဲ့ ဥပဒေမူဘောင်၊ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဥပဒေမူဘောင်တွေ၊ လုပ်ထုံးလုပ်နည်းတွေ အားလုံးက ပုံမှန်အခြေအနေမှာ စီမံခန့်ခွဲဖို့အတွက်ပဲ ကျနော်တို့က စဉ်းစားထားတာ။ အခုလို ကိုဗစ်-၁၉ ကာလမှာမို့ အဲဒီအတွက်ကို အထူးအစီအစဉ်တွေ၊ ပြင်ဆင်ရမှာတွေ အများကြီးရှိတယ်။ ရွေးကောက်ပွဲနေ့မှာလဲ ကြိုတင်မဲတွေပေးဖို့အတွက် တောင်ကိုရီးယားမှာ တိုက်တွန်းသလို ကျနော်တို့လည်း တိုက်တွန်းလို့ရတယ်။ ကြိုတင်မဲတွေ ပေးခြင်းအားဖြင့် ရွေးကောက်ပွဲနေ့မှာ လူစုလူဝေးကို လျှော့ချနိုင်မယ်။ ဒါပေမဲ့ ကျနော်တို့ လက်ရှိရှိနေတဲ့ ကြိုတင်မဲပေးတဲ့ ဥပဒေမူဘောင်အရဆိုရင် နားမကျန်းဖြစ်နေတဲ့လူတွေ၊ ဖျားနာနေတဲ့လူတွေ၊ ကြိုတင်မဲ ပေးလို့ရတယ်။ မသွားလာနိုင်တဲ့လူတွေ၊ သက်ကြီးရွယ်အိုတွေ။ ဒါပေမဲ့ အခုလိုမျိုး quarantine center မှာ ရှိနေတဲ့ လူတွေ။ အသွားအလာ ကန့်သတ်ခံထားရသူတွေအတွက် မဲပေးဖို့အတွက် မရှိသေးဘူး။ သဘောကတော့ အဲဒီလိုဟာမျိုးလေးတွေ ကျနော်တို့မှာ မရှိဘူး။ နောက်တခါ မဲဆန္ဒရှင် အသိပညာပေး လုပ်ငန်းမှာလဲ ပြည်သူလူထုအနေနဲ့ မဲရုံတွေ လာတဲ့အခါမှာ ကျန်းမာရေးနဲ့ ပတ်သက်လို့ ဘယ်လိုတွေ လုပ်ရမလဲဆိုတာမျိုးကို - ကျနော်တို့ဆီမှာဆို မှင်တိုတာတွေ ရှိတယ်။ တုံးထုတာတွေ ရှိတယ်။ တုံးထုတာတွေက လူတယောက်ကနေ တယောက် တုံးထုမယ်ဆိုရင် ကူးစက်နိုင်တာတွေ ရှိတယ်။ သဘောကတော့ လက်ရှိရှိနေတဲ့ ဥပဒေမူဘောင်ဟာ ကပ်ရောဂါကာလမှာ ပြောစရာရှိတာက မြန်မာနိုင်ငံမှာ အခုလောလောဆယ် ကူးစက်တဲ့ရောဂါရှိသူ နှစ်ရာကျော်ကျော်ပဲ ရှိသေးတယ်။ ကူးစက်ရောဂါ ထိန်းချုပ်နိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေလဲ ရှိတယ်။ ဒါပေမဲ့လဲ သေချာတာကတော့ ကျနော်တို့မှာ ကူးစက်ရောဂါက ရှိနေတယ်။ ဒီအတွက်တော့ အဆင်သင့်မဖြစ်သေးဘူးလို့ လက်ရှိဥပဒေမူဘောင်ကို ကြည့်မယ်ဆိုရင်တော့ အဆင်သင့်မဖြစ်သေးဘူးလို့ ယူဆလို့ရပါတယ်။
မေး ။ ။ အခုရှိနေတဲ့ အခင်းအကျင်းအရဆိုရင် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတရပ် ဖြစ်ဖို့အတွက် အဆင်သင့်ဖြစ်ပြီလား။ ဖြစ်နိုင်ပါ့မလား။
ဖြေ ။ ။ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲလို့ ပြောတဲ့အခါမှာ ကျနော်တို့ စံနှုန်းတွေကတော့ အခုနပြောတဲ့ ပွင့်လင်းမြင်သာမှု၊ နိုင်ငံသားအားလုံး ပါဝင်နိုင်ခွင့်ရှိဖို့၊ ဥပဒေမူဘောင်အရ တာဝန်ခံမှု၊ တာဝန်ယူမှုတပိုင်းပေါ့။အရေးကြီးဆုံးတချက်ကတော့ ရွေးကောက်ပွဲကျင်းပဖို့အတွက်ကို နိုင်ငံရေးပါတီတွေ အားလုံးကြားထဲမှာ သဘောတူညီချက် ရပြီလား။ ဒါက အရေးကြီးဆုံး ကျနော်တို့ ကိစ္စပါပဲ။ တချို့ကလဲ ရွေးကောက်ပွဲ ဘယ်လိုကျင်းပမလဲဆိုတာတွေ တောင်းဆိုတာတွေ ရှိတယ်။ တချို့ကလဲ မကျင်းပသင့်ဘူး။ ရွှေ့ဆိုင်းသင့်တယ် သဘောထားတွေ အမျိုးမျိုး ရှိတယ်။ နိုင်ငံရေးပါတီတွေကြားမှာ ကျနော့်အမြင်ပြောရရင်တော့ ပထမဦးဆုံး ကျနော်တို့ ရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်းတွေဟာ သန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲဆီကို သွားသလားလို့၊ ရသလားဆိုတာတွေက နည်းပညာပိုင်းဆိုင်ရာ သုံးသပ်ရမယ့်အချက်ပေ့ါ။ ဒါပေမဲ့ ဒီထက်ပိုပြီးတော့ အရေးကြီးတာက ရွေးကောက်ပွဲ ကျင်းပသင့်သလား။ မကျင့်သင့်ဘူးလား။ ရွှေ့ဆိုင်းသင့်သလားဆိုတာတွေကို နိုင်ငံရေးပါတီတွေကြားမှာ နိုင်ငံရေးအရ သဘောတူညီချက် ရရှိပြီလားဆိုတဲ့ဟာက ပိုပြီးတော့ အရေးကြီးတယ်လို့ ယူဆတယ်။ ကျနော် ထင်ပါတယ် အခုလက်ရှိ ချက်ချင်းလုပ်ရမယ့် ကိစ္စကြတော့ ရွေးကောက်ပွဲကို ကော်မရှင်ကနေ နိုဝင်ဘာလမှာ ကျေညာမယ်လို့ကြားတယ်။ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးတော့မှ ပါဝင်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေကြားထဲမှာ ပါဝင်ယှဉ်ပြိုင်မှုနဲ့ ကိုယ်စားလှယ်လောင်းတွေ အားလုံးကြားထဲမှာ သဘောတူညီချက် ရရှိပြီလား။ ဒါတွေက ကျနော်တို့ ရွေးကောက်ပွဲပေါ်မှာ ရွေးကောက်ပွဲရဲ့ တရားဝင်မှု၊ ရွေးကောက်ပွဲရဲ့ တရားမျှတမှုတွေပေါ် ပိုပြီးတော့ ကျနော်တို့ သက်ရောက်မှု ရှိတယ်လို့ ပိုပြီးတော့မြင်ပါတယ်။